ဝန်ကြီးဌာန အသီးသီး တွင် တာဝန်ထမ်းဆောင်လျက်ရှိ သော နိုင်ငံဝန်ထမ်းအင်အား စရင်း ကို ပြီးခဲ့သည့် အောက်တိုဘာလ ဆန်းမှစတင်၍ အလုပ်သမားဝန်ကြီး ဌာန၏အစီအစဉ်ဖြင့် စာရင်းကောက် ယူလျက်ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ကောက်ယူ ရာတွင် ၀န်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းနေသူများအား လက်ရှိ ရာထူးတွင် လုပ်သက်ငါးနှစ်နှင့် အထက်စာရင်း၊ လုပ်သက်ငါးနှစ် အောက်စာရင်း၊ လုပ်အားပေးဝန် ထမ်းများ စာရင်းအဖြစ် ခွဲခြား ကောက်ယူလျက်ရှိပြီး၊ ၀န်ထမ်း စာရင်းနှင့်အတူ ပူးတွဲ၍ ၀န်ထမ်း အသီးသီး၏ ကိုယ်ရေးမှတ်တမ်း ဘများကိုပါပူးတွဲ၍ နေပြည်တော်ရှိ အလုပ်သမား ၀န်ကြီးဌာနသို့ ပေး ပို့ရကြောင်း သိရှိရသည်။
နိုင်ငံတော် အနေဖြင့် နိုင်ငံဝန်ထမ်းများ လုပ်ငန်းခွင်စည်း ကမ်း ထိန်းသိမ်းရေးကောင်းမွန်စေ ရန်တို့အပြင် လုပ်သားထုကျွမ်းကျင် မှုမြှင့်တင်ရေး အစီအစဉ်များကို လည်း ရေးဆွဲအကောင်အထည်ဖော် လျက်ရှိပြီး မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ကြောင်း အလုပ်သမားဝန်ကြီးဌာန မှ သိရသည်...
ကိုသတင်း
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။