Sunday, December 6, 2009

တပ်မတော်၏အခြေအနေကိုသုံးသပ်ခြင်းနှင့် ပြောင်းလဲရတော့မည့်မဟာဗျူဟာများ

မြန်မာနိုင်ငံမှာ ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးဟာအကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး အာဏာရှင်အစိုးရ (၂) ဆက်ကိုဖြုတ်ချနိုင်ခဲ့တဲ့အပြင် ဒေါက်တာမောင်မောင် အစိုးရကိုလည်းပြုတ်ကျလုနီးပါး အထိ ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူထုအုံကြွမှု ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ လူထု အုံကြွလာရတဲ့ လှုပ်ရှားမှုတွေကိုသင်ခန်းစာယူ သုံးသပ်ပြီး စစ်အာဏာရှင် ဗိုလ်သန်းရွှေက ၁၉၉၆ ခုနှစ်ကက(ကြည်း) စစ်ဆင်ရေး လေးလပတ် အစည်းအဝေးမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်စစ်ဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီး သိုက်ထွန်း တင်ပြထားတဲ့ ဆရာဒါကာစီမံချက်၊ ကျောင်းဒါကာ စီမံချက် တို့ကို အခြေခံပြီး နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာ (National Defense Strategy) ကို ချမှတ်ခဲ့ပါတယ်။

၁၉၉၈ခုနှစ်က ဂျိုးဖြူတိုင်း ဗဟို(၁)မှာ မီးသတ်(၂၀၀) ကြက်ခြေနီ(၂၀၀)စစ်သင်တန်းများ လေ့ကျင့်ပေးခဲ့ရာမှ NDS ကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ NDS ကိုလိုရင်းချုပ်ပြီး တင်ပြရမယ်ဆိုရင်လူထုကို လူထုနည်းနဲ့ ထိန်းကွပ်ဖို့ အဓိက ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုကို လူထု အယောင်ဆောင် ကြံ့ဖွံ့၊ စွမ်းအားရှင် စတဲ့သူတို့လူစုက လက်မခံတဲ့ အသွင်မျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ လူ(၅)ဦးထက်ပိုစုရုံးလာရင် လူထုစုရုံးခွင့် မပေးဘဲ စွမ်းအားရှင်(၁၀) ဦးထက်မက
သာလွန်အင်အားနဲ့ ချေမှုန်းသွားရေး ဖြစ်ပါတယ်။ အစိုးရ အုပ်ချုပ်ရေးယန္တယားကို အနီးကပ် ထိန်းချုပ်ဖို့ Heart Land Theory အရ ကြပ်ပြေးကိုဝန်ကြီးဌာန အားလုံး စုစည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထု အုံကြွမှုတွေသာ မက ရွှေဝါရောင်တော်လှန်ရေးအထိ နအဖဟာ လူထုမပါဝင်စေရေး ၀န်ထမ်းများ မရောထွေး စေရေး အတွက်
ထိန်းချုပ်ထားနိုင်ပြီး သူတို့ရဲ့လက်ကိုင်တုတ် အင်အားနဲ့ဖြိုခွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။



ကုန်ဈေးနှုန်း ကြီးမြင့်နေလို့ လူထုရှေ့က မားမားမတ်မတ် ထွက်လာတဲ့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေနဲ့ ကိုထင်ကျော်၊ မစုစုနွေးတို့လိုဦးဆောင်သူတွေကို လက်ဦးမှု ရယူ ဖမ်းထိမ်း ထားလိုက်လို့ လူထုအားစည်းရုံးနိုင်တဲ့အင်အား လျော့နည်းသွားစေခဲ့ပါတယ်။ လူထုအသွင်ဆောင် နအဖရဲ့လက်ကိုင်တုတ် ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ စရဖ SB တို့ဟာ တသွေးတသံ
အမိန့်အောက်မှာ ဟန်ချက်ညီညီ လှုပ်ရှား ထိန်းချုပ်ခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကြီးမှာတောင် ကြံ့ဖွံ့တွေကို ကတုံး တုံးစေပြီး
ဘုန်းကြီးအစစ်များထဲသို့ ထည့်သွင်းရန် ကြံစည်ခဲ့ပါတယ်။ နောက်ဆုံးရွှေဝါရောင် တော်လှန်ရေးမှာ ရဟန်းသံဃာထုကြီးဟာ အင်အားအရှိန်အ၀ါကြီးမားလာတာကြောင့် နအဖအနေနဲ့ သူတို့ရဲ့ NDS ကို မထိန်းနိုင်တော့လို့
လက်နက်အားကိုး အကြမ်းဖက် ဖြိုခွင်း ခဲ့ပါတော့တယ်။ ဒါတွေကို ကြည့်ရင်ရဟန်းသံဃာ လူထုတွေအနေနဲ့ တာဝန်ကျေခဲ့ပြီ ဆိုတာ ပြောနိုင်ပါတယ်။ ဒါ့အပြင်လူထုဟာ စားဝတ်နေရေး ကြပ်တည်းမှုကို ရုန်းကန် ဖြေရှင်းနေ ရတာကြောင့်
နိုင်ငံရေးမှာ စိတ်ဝင် စားမှု လျော့နည်းလာတဲ့အပြင် နှိပ်ကွပ်မှုကြောင့်ကြောက်ရွံ့မှု အရှိန် ရှိနေလို့ ငြိမ်းချမ်းစွာ ဆန္ဒပြမဲ့ အရှိန်အဟုန်အလားအလာ နည်းနေပြီလို့ သုံးသပ်ရပါတယ်။ မြန်မာနိုင်ငံဟာ BackgroundHistory အရလည်းကောင်း၊ လူမျိုးတွေရဲ့ Culture အရ လည်းကောင်း၊စစ်တိုက်ပြီးမှ ရှင်သန် ရပ်တည်လာခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။
ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတာမို့ နိုင်ငံရဲ့ လူမျိုးစုတွေ ရောထွေးယှက်နွယ်နေ တာလို့ Political Strategy နိုင်ငံရေးမဟာဗျူဟာအပြင် MilitaryStrategy စစ်ရေး မဟာဗျူဟာ ကိုပါ ပေါင်းစပ်အသုံးပြုမှအောင်မြင်နိုင်ပါမယ်။ နမူနာဖြစ်စဉ် ပြောရရင် ဆရာစံ တော်လှန်ရေးဟာကိုလိုနီခေတ် အင်္ဂလိပ် အင်အားကြီးမား နေချိန်မှာတောင် တော်လှန်
ပုန်ကန်ထကြွ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာစံတော်လှန်ရေးကို သင်ခန်းစာယူပြီး ခေတ်မှီ လက်နက်အင်အား ချို့တဲ့မှု၊ Policyမူဝါဒနဲ့ ခိုင်မာတဲ့ မဟာဗျူဟာ ရည်မှန်းချက် မရှိမှု တို့ကို
သုံးသပ်ဆင်ခြင် သင်ခန်းစာယူ့ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးအတွက်ပြင်ဆင်နိုင်ခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို ဟသာင်္တမြို့ဝန်ကဆုငွေနဲ့ ဖမ်းဝရမ်း ထုတ်တာကို ရင်ဆိုင်နေမယ် ဆိုရင် အကျိုးမရှိမှန်းသိရလို့ လက်နက်ရှိတဲ့ အင်္ဂလိပ်ကို ရင်ဆိုင်နိုင်ဖို့ စစ်ရေး နည်းလမ်းအားရွေးချယ်ခဲ့ပြီး နိုင်ငံတကာ အကူအညီ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်
ခဲ့ပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်ကလွတ်လပ်ရေး ပေးရတဲ့ အကြောင်းရင်း တစ်ချက်က ရရင်ရ ၊မရရင်ချ ဆိုတဲ့စစ်ရေးအမြင်နဲ့ ပြတ်သားမှု ရှိရှိ ပြောခဲ့ လုပ်ခဲ့တာရယ်၊ အဲဒီလိုပြောနိုင်လောက်အောင် အတွေ့အကြုံ ရင့်ကျက်နေတဲ့ မြန်မာ့ တပ်မတော်နဲ့အင်အားကောင်းလှတဲ့ ပြည်သူ့ရဲဘော် တပ်ဖွဲ့ကြီး ဖွဲ့စည်းပြီးရှိနေတာရယ်ကြောင့် ကိုလိုနီ နယ်ချဲ့တွေဟာ လွတ်လပ်ရေးကို အသာတကြည်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ယခု နအဖဟာ အင်္ဂလိပ်နယ်ချဲ့ထက် ပိုဆိုးနေပါတယ်။ဥပဒေ ပုဒ်မများကို ထင်ရင်ထင်သလို အသုံး ပြုပြီး အကြမ်းဖက် ကျူးလွန်မှုတွေဆက်တိုက် ပြုလုပ်နေတာကြောင့် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အာဏာရှင် စာရင်းမှာပါဝင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် နအဖကို စစ်ရေးနည်းလမ်းလည်း
သုံးသင့်ကြောင်း ပြန်လည် ဆွေးနွေးလိုက်ရပါတယ်။ ပြည်သူလူထု အနေနဲ့ အနှစ်(၂၀) နီးပါး အေးချမ်းစွာ အကြမ်းမဖက်ဘဲ တောင်းဆိုလာခဲ့ပြီးပါပြီ။သွေးချွေး၊ အသက်တွေ၊ ဘ၀တွေလည်း ပေးဆပ်ခဲ့ ပြီးပါပြီ။ မြင့်မြတ်တဲ့
သူတော်စင် ဘုရားသား သံဃာတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုမှုတွေလုပ်ခဲ့ပြီးပါပြီ။ အာဏာရှင်တွေရဲ့ ကမ်းကုန်အောင် ရက်ရက်စက်စက်ပစ်သတ်နှိမ်နင်းတာလည်း ခံရပြီးပါပြီ။ အကြမ်းဖက်တာဟာ လူထုကိုတိုက်ခိုက်ပြီး သတ်ဖြတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီမိုကရေစီ အခွင့်အရေးနဲ့တရားမျှတတဲ့ လူထုရဲ့ တောင်းဆိုမှုတွေကို အာဏာရှင်တွေက အကြမ်းဖက်လာလို့
ပြန်လည် တိုက်ခိုက်တာဟာလည်း တရားသောစစ် ဖြစ်ပါတယ်။

ဥပဒေဘက်က ကြည့်ရင် ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့် ရှိရမယ်လို့ဆိုထားပါတယ်။ အာဏာရှင်ကို တော်လှန်တဲ့ စစ်ဟာလည်း မလွဲမသွေ လုပ်ရမဲ့တရားမျှတတဲ့ စစ်ဖြစ်ပါတယ်။ ဆားဘီယားနိုင်ငံ၊ ကိုဆိုဗိုပြည်နယ်မပြည်သူလူထုက ဒီမိုကရေစီရရှိရေး လက်နက်ကိုင် တော်လှန်ရေးဖြင့်တိုက်ခိုက်ဆင်နွှဲလာပြီး နိုင်ငံတကာကတောင် အားပေးကူညီခဲ့တဲ့ သာဓက
ရှိပါတယ်။ မီဒီယာ ဖြစ်နေတော့ နအဖရိပ်မိသိရှိပြီး ကြိုတင် မပြင်ဆင်နိုင်အောင် အကြမ်းဖျင်း နည်းဗျူဟာ ပြောရမှာ ဖြစ်ပါတယ်။ နအဖရဲ့ NDS ဟာလူထုကို လူထုနဲ့ ထိန်းကွပ်နည်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း
တပ်ကို ဒီမိုကရေစီ လိုလားတဲ့ တပ်နဲ့ တန်ပြန်ရင် နအဖရဲ့ National DefenseStrategy ကို ထိုးခွဲပြီးသား ဖြစ်မယ်။ ဒီလိုတန်ပြန်ရာမှာ ကျွန်တော်တို့ကနိုင်ငံတော် ထိုးစစ်မဟာဗျူဟာ National Offensive Strategy ချမှတ်ပြီးသူတို့ရဲ့ Defense ခံစစ်ကို ကျွန်တော်တို့ရဲ့ Offensive တိုက်စစ်ဖြင့်ချေဖျက်ရမှာဖြစ်တယ်။ ဆရာဂါမဏိရဲ့ နည်းလမ်း နှစ်သွယ်အနက် ဒုတိယ
နည်းလမ်းဖြစ်တဲ့ အာဏာရှင်ရဲ့ လက်အောက်ခံ တပ်တွေကို ဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေဘက်ကို ကူးပြောင်းလာစေပြီး အာဏာရှင်ဘက် သေနတ် ပြောင်း၊ပြောင်းပြန် လှည့်စေတဲ့ နည်းဟာကောင်းမွန်ပါတယ်။ ပထမနည်းလမ်း ကတော့
နိုင်ငံ တကာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အနေအထားပေါ် မူတည်လို့ အချိန်ကာလအတော်အတန် ယူရမှာမို့ လွယ်ကူတဲ့ အနေအထား မရှိသော်လည်း ပြည်တွင်းမှာတော်လှန်ရေး တစ်ရပ်ကို ဖေါ်ဆောင်ရင်တော့ နိုင်ငံတကာက အင်အားသုံး
ကူညီနိုင်လိမ့်မယ်လို့ သုံးသပ်ရပါတယ်။ ဒါကြောင့် ဒုတိယ နည်းလမ်းအရနည်းဗျူဟာ အပိုင်းကို ယေဘူယျ တင်ပြရမယ်ဆိုရင်
(၁) စစ်တပ်မှ မျိုးချစ် တပ်မှူးများကို စည်းရုံးပြီး ပြည်သူ့ဘက်ရပ်တည်ရေးနဲ့ သေနတ်ပြောင်း၊ ပြောင်းပြန် လှည့်နိုင်ရေး နည်းဗျူဟာကို
ချမှတ်အကောင်အထည် ဖော်ရပါမယ်။

(၂)လက်နက်ကိုင် တော်လှန်ရေးလုပ်ရမည်ဟု ယုံကြည်သည့် အဖွဲ့အစည်းများကအစိုးရ အဆောက်အအုံ၊ ဆက်သွယ်ရေး ယန္တယားတို့ အား ပစ်မှတ်ထားတိုက်ခိုက်ရပါမယ်။ ဒီလိုမတိုက်မှီ အကြမ်းဖက် ၀ါဒအဖြစ် နအဖရဲ့တိုက်ကွက်အတွင်း မရောက်ရ လေအောင် လူထုအား အမြန် ရှောင်ရှားပေးရန် ကြိုတင်အကြောင်းကြားချက်ကို နံရံကပ်စာစောင်၊ ဖုံးဖြင့်လည်းကောင်း၊ မီဒီယာဖြင့်
လည်းကောင်း အချိန်အတိုင်းအတာ တခုပေးပြီး သတိပေးရပါမယ်။ အဲဒီအခါ လူထုရှောင်ရှားဖို့ အချိန်ရသွားပြီး နအဖကို ကာကွယ်ရေး၊ ရှာဖွေရေး၊ လုံခြုံရေးတွေနဲ့ သောကဗျာပါဒ ပွားများစေမှာ ဖြစ်ပါတယ်။ တခါတလေ ပစ်မှတ်အတုများ
ဖန်တီးကာ မျက်စိလည်သွားအောင် ယောင်ပြ ဖန်တီးပေးရပါမယ်။ လူထုကတော့ ပစ်မှတ်အတုကော အစစ်ပါ မခွဲခြားဘဲ ရှောင်ရှား သွားရပါမယ်။ ပြီးရင် တော်လှန်ရေးအရှိန်မြှင့်တဲ့ အနေနဲ့ နအဖရဲ့ လက်ကိုင်တုတ် စွမ်းအားရှင်နဲ့ကြံ့ဖွံ့တွေကို တိုက်ခိုက်ရပါမယ်။ ဒါမှ နအဖ လက်ကိုင်တုတ်တွေတုန်လှုပ်ချောက်ခြားပြီး လူထုကို အန္တရာယ်ပေးရန် ၀န်လေးကြမှာ ဖြစ်ပါတယ်။ဆက်လက်ပြီး ပြည်သူဘက် ရပ်တည်လာသော မျိုးချစ်တပ်မှူးများနဲ့ တပ်မတော်သားများက ပြည်သူ့စစ် မဟာဗျူဟာ စတင်နိုင်ရန် လူထု တက်ကြွ ပါဝင်လာအောင်
လူထုတိုက်ပွဲကို စည်းရုံး လှုံ့ဆော် ဖော်ဆောင်ပေးရပါမယ်။

(၃) ရန်သူကို တိုက်ခိုက်ရာတွင် Guerilla War ပြောက်ကျား စနစ်နဲ့Professional War သမားရိုးကျစစ် ရောနှောကာ တပ်နဲ့ ပြည်သူ
လက်တွဲတိုက်ခိုက် သကဲ့သို့ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း ပူးပေါင်းတိုက်ခိုက်ကာ စစ်မျက်နှာများ ဖွင့်ပေးရပါမယ်။ထိုသို့ စစ်ဆင်နွှဲစဉ်မှာ တပြိုင်တည်း ၉၀ ခုနှစ် ရွေးကောက်ပွဲမှ လွှတ်တော်ကိုယ်စားလှယ်များ၊ CRPP နဲ့ တပ်တို့ ပူးပေါင်းကာ ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြပြီး နိုင်ငံတကာ မှလည်းအသိအမှတ်ပြု ထောက်ခံပေးဖို့၊ လိုအပ်ရင် အင်အားသုံးဝင်ရောက် ကာကွယ်ပေးဖို့နယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းများက တိုက်တွန်း ဆောင်ရွက်ပေးရန်
လိုအပ်ပါတယ်။ တခုရှိတာက အတိုက်အခံ အဖွဲ့အစည်း တချို့ ၊ နိုင်ငံရေးလေ့လာသူတချို့နဲ့ တပ်မတော်သား တချို့တို့က တပ်မတော်ကွဲပြီး ပြည်တွင်းစစ်ဖြစ်ပွားမှာကို စိုးရိမ်ကြောင့်ကြမှု ရှိကြတာကို သိရှိ ရပါတယ်။တော်လှန်ရေး တစ်ရပ်ဟာ သွေးထွက်သံယို အနည်းနိုင်ဆုံး ဖြစ်လေ အကောင်းဆုံးဖြစ်ပါတယ်။ ကျွန်တော် တင်ပြခဲ့တဲ့ အစီအစဉ်အတိုင်း ရဟန်းသံဃာ ဦးဆောင်တဲ့ပြည်သူလူထုက တခဲနက် ထုထည် အင်အားကြီးမားစွာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဟန်ချက်ညီ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်အား အမြန်ပူးပေါင်းပါဝင်လာကြမယ်ဆိုရင် တွေဝေနေတဲ့ ကျန်တပ်မှူးများနဲ့ တပ်မတော်သားများ ထပ်မံ
ပါဝင်လာ ကြပါလိမ့်မယ်။ အဲဒီမှာ အာဏာရှင် အနေနဲ့ အကြမ်းဖက် နှိမ်နင်းဖို့လက်တွန့်သွား ကြပြီး ဖိလစ်ပိုင် နိုင်ငံလို ဒီမိုကရေစီအသွင် ညင်သာစွာကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ အချုပ်ဆိုရရင် စည်းလုံးခြင်းရဲ့အင်အားဆိုတဲ့ ဒီဘလော့ဂ်ရဲ့ အနှစ်သာရ အတိုင်း တပ်၊ ပြည်သူ၊ အတိုက်အခံအဖွဲ့အစည်းများ အားလုံး စည်းလုံး ညီညွတ်မှုရှိရေးဟာ အောင်မြင်မှု ရလဒ်အတွက်
အရေးကြီးဆုံးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ တပ်မတော်က မျိုးချစ်တပ်မှူးအရာရှိ၊ အရာခံ၊ အကြပ်တပ်သားပါ၊ မပါဆိုတာ လက်တွေ့ သက်သေပြရင် ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ဖြစ်တဲ့ စစ်တပ်အများဆုံးရှိရာ မင်္ဂလာဒုံ၊ ဒဂုံ တို့မှာ
NLD ကို တပ်ကထောက်ခံမဲ ပေးခဲ့တာ ရှိပါတယ်။ အခြေအနေ ပေးလာရင် ပေးလာသလိုသူတို့ရဲ့ ဆန္ဒတင်ပြဖို့ ရင်ထဲက အသိတွေ ရှိတယ်ဆိုတာ ရဲဘော်အချင်းချင်းအသိဆုံး ဖြစ်ပါတယ်။ ဒီတော့ကာ တပ်အနေနဲ့ အခြေအနေပေးမှ လုပ်ရသလား ဆိုတာ
ထောက်ပြစရာ ရှိပါတယ်။ စစ်သားတွေ မလုပ်နိုင်ရတဲ့ အကြောင်းရင်းမှာ တပ်ရဲ့တသွေးတသံ အမိန့်နဲ့ အာဏာအပြင် တင်းကျပ်တဲ့ စည်းကမ်းများနဲ့ ချည်နှောင်မှု၊ရက်စက်စွာ နှိပ်ကွပ်တာ တွေကြောင့် ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့
အရာရှိတွေကသာ လုပ်နိုင်တာဖြစ်ပါတယ်။ တပ်သမိုင်း အစဉ်အလာ ရှိခဲ့တဲ့ ဥပမာဗိုလ်ကြီးအုံးကျော်မြင့်လိုမျိုး ဖြစ်စဉ် တင်ပြထားခဲ့ပြီးဖြစ်ရာ အဲဒီလိုလုပ်တဲ့သူကို ရက်စက်စွာ မသေမချင်း သေဒဏ်ပေးခဲ့တယ် ဆိုတာ ဖော်ပြခဲ့ပြီး
ဖြစ်ပါတယ်။ အရပ်သားကိုတော့ သေဒဏ်ပေးတာ ယခုထိမရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
နှစ်ရှည်ထောင်ကျနေတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေထက်ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ PA ဗိုလ်မှူးနိုင်ဌေးကို ထောင်ဒဏ် နှစ်ပေါင်း ၂၆၀ထိ စံချိန်တင် ချမှတ်ခဲ့တာမို့ ကိုနိုင်ဌေးဟာ ရူးသွပ်တဲ့ဘ၀ ရောက်နေပါတယ်။ဒီလို အကြောက်တရားနဲ့ စစ်သားတွေကို နှိပ်ကွပ် ထားတာကြောင့် သူတို့ကိုဆထက်တံပိုး လုပ်ရဲလာအောင် စည်းရုံးဖို့ လိုပါတယ်။ကိုရင်ဒေါင်းရဲ့ ဆောင်းပါးမှာ ပြောခဲ့သလို စည်းရုံးတယ်ဆိုတိုင်းStatement ထုတ်တိုင်း စည်းရုံးမှု မထိ ရောက်ပါဘူး။ မေတ္တာစေတနာ အပြည့်ဖြင့်
ယုံကြည်မှု ရှိရှိ စည်းရုံးဖို့လိုပါတယ်။ တပ်ထွက် အရာရှိ စစ်သည်တွေနဲ့အရပ်ဖက် ၀န်ကြီးဌာနတွေကို ပြောင်းသွားတဲ့ အရာရှိများဟာ တပ်အကြောင်းအရပ်ဖက်ထက် ပိုမိုသိတာမို့ ၀င်ထွက်လမ်းကြောင်းနဲ့ တပ်ရဲ့အားနည်းချက်တွေကို သိထား သူများ ဖြစ်လို့ စည်းရုံးရာမှာ ပိုမိုလွယ်ကူနိုင်တဲ့ အပြင် တော်လှန်ရေးအတွက် အင်အားတရပ် ဖြစ်ပါတယ်။သူတို့တွေကို ထောက်လှမ်းရေးဆိုပြီး မသကာင်္စိတ်နဲ့ လှေနံဓားထစ် အာဃာတ တရားမထားသင့်ဘဲ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာကို သုံးသပ်ရမှာ ဖြစ်ပါတယ်။
လက်တွေ့မှာ ဘက်ပြောင်းချင်တဲ့ တပ်မတော်သားတွေကို နအဖက အတိုက်အခံတွေအနေနဲ့ မင်းတို့ကို သတ်လိမ့်မယ်ဆိုတဲ့ အပြောမျိုးနဲ့ပြန်စည်းရုံးသွားပြီး စစ်မှုထမ်းဟောင်း အဖွဲ့အောက် သွတ်သွင်းလိုက်တာကိုအတိုက်အခံတွေ သိဖို့ လိုပါတယ်။ ဒါကြောင့် တပ်မတော်သားတွေကို ၀င်ထွက်ရလွယ်ကူတဲ့ ဈေး၊ ကျောင်း၊ ဆေးရုံကားဂိတ်တွေမှာ စည်းရုံးကာ
နိုင်ငံရေးအံတုမှု နည်းဗျူဟာများနဲ့ ဆောင်ရွက်ပြီး တပ်ရဲ့ Heart ကိုပေါက်ကွဲ ထွက်လာအောင် လုပ်ဆောင် နိုင်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေဟာဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူသင့်ပါတယ်။ ရန်သူတွေဖြစ်ခဲ့တဲ့ ဂျပန်၊အင်္ဂလိပ်တွေကို သံတမန် ဆက်ဆံရေးသုံးကာ လွတ်လပ်ရေး အရယူခဲ့ပုံ တွေနဲ့သူ့ကို သတ်တဲ့ ဂဠုန်ဦးစောကိုတောင် ဆေးရုံကို သွားရောက်အားပေး
တွေ့ဆုံခဲ့တဲ့ မေတ္တာစေတနာဟာ ကြီးမားလှပါတယ်။ တပ်မတော်ဟာရန်သူတွေမဟုတ်ဘူး၊ အာဏာရှင်နဲ့ ခွဲခြားမြင်တယ်၊ စစ်သားတွေဟာ ပြည်သူရဲ့သားသမီးတွေဖြစ်တယ်၊ ပြည်သူသာ အမိ ပြည်သူသာ အဖ ဖြစ်တယ်လို့်တပ်မတော်အတွင်း စည်းရုံးရေးကို ထိထိရောက်ရောက် စွမ်းအားရှိရှိ ယုံကြည်မှုသက်သေပြကာ ဆောင်ရွက်မယ်ဆိုရင်ါ်တပ်မှူးများကဦးဆောင်ပါဝင်ဆောင်ရွက်လာနိုင်ပါတယ်။ ယနေ့ခေတ်မှာ Internet နှင့်
ဆက်သွယ်ရေး မီဒီယာလောက တိုးတက်လာပြီမို့ တပ်မှူးများ အနေနဲ့ နအဖရဲ့ယခင်ကလို လုပ်ကြံဝါဒများ ရိုက်သွင်းတိုင်း လက်မခံ ကြတော့တဲ့အတွေးအခေါ်များ ရှိနေပြီ ဖြစ်ပါတယ်။ ယခုတက်လာတဲ့ တပ်မမှူးတွေဟာ ၁၉၈၈
လူထုအုံကြွမှု အရေးအခင်းမှာ တပ်ခွဲမှူး (ဗိုလ်ကြီး) အဆင့်သာ ရှိတဲ့လူငယ်များဖြစ်ပါတယ်။ အဆိုပါ တပ်မမှူး များဟာ ကျောင်းဆင်းကာစ ဒုဗိုလ်ဖြစ်ချိန်မှာ တပ်ချုပ် သန်းရွှေက တပ်မ(၈၈) တပ်မမှူး ဖြစ်နေလို့အဆင့်ကွာဟမှု ကြီးမားပြီး နီးစပ်တဲ့ ပုဂ္ဂိုလ်ရေး သံယောဇဉ် မရှိခဲ့ကြောင်းသိရပါတယ်။ ယခုတက်လာတဲ့ တပ်မမှူးတွေနဲ့ တိုင်းမှူးတွေ ထားရှိတဲ့ သံယောဇဉ်က
ကစထမှူးတွေနဲ့ ဗိုလ်ချုပ်ရွှေမန်း အထိသာ ရှိတာမို့ သူတို့ ဆရာတွေကိုထိလာရင်တောင် သန်းရွှေကို ပြန်လှန်မဲ့ သဘောထားမျိုး ရှိပါတယ်။ တပ်ချုပ်သန်းရွှေအနေနဲ့ မဖြစ်သာလို့ လူငယ် တပ်မမှူးများကို နေရာပေးရပေမဲ့
စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေပါတယ်။ လက်ရှိရာထူး အပြောင်းအလဲ ကတော့သန်းရွှေနဲ့ တပ်မမှူးတွေရဲ့ အဆင့်ကွာဟမှု ကြီးမားနေတာကြောင့် စစ်တပ်ရဲ့သဘောထား ပြောင်းလဲ သွားနိုင်တဲ့ အခြေအနေ အလားအလာ ရှိပါတယ်။ ပြည်သူ့ဘက်
ရပ်တည်လာနိုင်တဲ့ တပ်မတော်က အဆင့်တန်း အားလုံးကို လေ့လာသုံးသပ်ရာမှာတိုင်းမှူး(၁၃)ဦး ဟာ ပြည်သူ့ဘက် ရပ်တည်နိုင်မှု (၂၀) ရာခိုင်နှုန်းတွေဝေနေမှု (၁၀) ရာခိုင်နှုန်း အာဏာရှင်ဘက် ရပ်တည်မှု (၇၀) ရာခိုင်နှုန်း ၊
တပ်မမှူး၊ စကခမှူး၊ ဒကစမှူး (၄၀) ဦးခန့်ဟာ ပြည်သူ့ဘက် ရပ်တည်မှု (၄၀)ရာခိုင်နှုန်း တွေဝေနေမှု (၁၀) ရာခိုင်နှုန်း အာဏာရှင်ဘက် ရပ်တည်မှု (၅၀)ရာခိုင်နှုန်း၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့် အရာရှိကြီး (၁၀၀၀)ဦးခန့် ဟာ
ပြည်သူ့ဘက်ရပ်တည်မှု (၅၀) ရာခိုင်နှုန်း အာဏာရှင်ဘက်ရပ်တည်မှု (၅၀)ရာခိုင်နှုန်း ကျန်တဲ့ အရာရှိ၊ အကြပ် တပ်သားများအဆင့် အားလုံး နီးပါးဟာပြည်သူဘက် ရပ်တည်မှု (၆၀) ရာခိုင်နှုန်း၊ အာဏာရှင်ဘက် ရပ်တည်မှု (၄၀)
ရာခိုင်နှုန်း ရှိနေကြောင်း သုံးသပ်ရပါတယ်။ တိုင်းမှူးများဟာ စည်းစိမ်ဥစ္စာများနှင့် ပြည့်စုံနေတာမို့ တစ်စုံတစ်ခုသော ပြောင်းလဲမှု တိုက်တွန်းမှု၊ဖိအားပေးမှု တခုခုရှိမှ ပြောင်းလဲနိုင်မဲ့ အလားအလာ ရှိပါတယ်။ တခုသတိပြုစေချင် တာက တပ်မတော်ဟာ ပြည်သူ့ဘက် တကယ်ရပ်တည်လာပြီ ဆိုရင် သူတို့ဟာလက်နက်ခဲယမ်းကို အခြေအနေ ပေးသလောက်သာ ရယူခဲ့ရပါတယ်။ ဒါကြောင့်
အာဏာရှင်ရဲ့ အငြိုးကြီးကြီး ချေမှုန်းမှုကို တောင့်ခံကာ တော်လှန်နိုင်ဖို့အချိန်အနည်းငယ်သာ ရတာမို့ ပြည်သူလူထုက အမြန်ပူးပေါင်းကြဖို့ လိုအပ်ပြီးနိုင်ငံတကာ ကလည်း အင်အားသုံး ၀င်ရောက် အကာအကွယ်ပေးကာ အသိအမှတ်ပြု
ထောက်ခံအားပေးကြပါရန် တိုက်တွန်း လိုက်ရပါတယ်။

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။