Saturday, December 19, 2009

ကရင်နှစ်သစ်ကူးနေ့တွင်ဗုံးပေါက်ကွဲ ရှစ်ဦးသေ နှစ်ဆယ်ကျော် ဒဏ်ရာရ



ကရင်တိုက်ခိုက်ရေးသမားများ ဓာတ်ပုံ-အေပီ

ကရင် ပြည်နယ်ဖာပွန် မြို့ တွင် ကရင်နှစ်သစ်ကူး နေ့ အခမ်းအနားကျင်းပနေစဉ် ဗုံးပေါက်ကွဲသော
ကြောင့် ကရင်လူမျိုး ရှစ်ဦးသေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရရှိကြောင်းသိရသည်။
အငြင်းပွားဖွယ်ရာ ပေါက်ကွဲခဲ့သည့် ထိုဗုံးသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်းကို မြန်မာစစ်အစိုးရ မှ ထုတ်ဖေါ်ပြောကြားခြင်းမရှိ သေးချေ။ပြီးခဲ့သည့် ဇွန်လက စစ်အစိုးရတပ်ဖွဲ့ များသည် ကရင်လွတ်မြောက်ရေး တပ်မတော် အခြေစိုက်ရာ ထိုဒေစအနီးရှိစခန်း
များအား အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။



ဗုံးပေါက်ကွဲရာဒေသ




ကရင်လွတ်မြောက်ရေးတပ်မတော် ၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မြ
မွေးဖွားရာ ဒေသတွင် ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ Freedom News Group မှ ဖာပွန်
ပညာရေးဌာန မှ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းရာ သူက “နအဖ လက်ချက်လို့ 
စွပ်စွဲ လို့ မရ နိုင်ဘူး ၊တရုတ် ၀န်ကြီးချုပ် လာနေတဲ့ အချိန် ဒီလို အခြေအနေမျိုးရှိနေ တာကို သူတို့ ကိုယ်တိုင်လုပ်မှာ မဟုတ်ဘူး ၊ဒီကိစ္စက ကရင်ခွဲထွက် အဖွဲ့တွေ လက်ချက်
ဖြစ်လိမ့်မယ် ။ ကမမောင်း နဲ့ လှိုင်းဘွဲ့် ဘက်မှာ ဆိုရင် ကရင် နှစ်သစ်ကူးပွဲလုပ်
တာကိုတောင် ဒီကေဘီအေက ကရင်အချင်းချင်းဆက်ကြေးတောင်းတယ် ၊ဆက်ကြေး
တောင်းမရရင် ရန်ရှာတာတွေရှိတယ် “ဟု ပြောသည်။

ဗုံးပေါက်ကွဲ ပြီးနောက် ဖာပွန် ခလရ ၁၃ မှ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေခြင်း ကို ရပ်နား
ခိုင်းပြီး နောက်တစ်နေ့ မနက် ၇ နာရီထိ မည် သူမှ အပြင်မထွက်ရန် ညွှန်ကြားထားသည်
ဟု သတင်းရရှိသည်။
မြန်မာ နိုင်ငံ အရှေ့တောင်ဘက်ခြမ်းတွင် ဗုံးကွဲမှုသည် ယခု တတိယ အကြိမ် ဖြစ်ပြီး
ဇွန်လ က မော်လမြိုင်၊ စက်တင်ဘာလ က မြ၀တီ ဒီကေဘီအေ တပ်ဖွဲ့ရုံး တို့ တွင်
ဗုံးများကွဲ ခဲ့ဖူးသည်။

ယခုကဲ့သို့ လူမျိုးတစ်မျိုး၏ နှစ်သစ်ကူးနေ့ အခါသမယတွင် ဗုံးကွဲတိုက်ခိုက်ခြင်းသည် ယုတ်မာကောက်ကျစ်ပြီး အကြမ်းဖက်သည့် အပြုအမူ သဘောသဘာဝ ဖြစ်ကြောင်း နယ်စပ်ဒေသတွင်ကရင် ဒုက္ခသည် များကို အကူအညီပေးနေသည့် အမေရိကန် အစိုးရ မဟုတ်သော အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်တစ်ဦး ကပြောသည်။
ကရင်နှစ်သစ်ကူးမှာချိန်ကိုက်မိုင်းပေါက်ကွဲတာဟာဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာကိုပြောပြစရာမလိုလောက်အောင်ပင်ထင်ရှားပါသည်၊သူလူစည်းကားတဲ့ညအချိန်ကရင်နှစ်သစ်ကူးမှာအကြမ်းဖက်သမားအာဏာသိမ်းဗမာစစ်အစိုးရ၏လက်ချက်ကြောင့်ကရင်ရွာသားများသေဆုံးခဲ့ရသည်၊ကရင်နှစ်သစ်ကိုပွဲတော်လည်း
ပျော်ပါးမြူတူးခြင်းမှကြေကွဲဝမ်းနည်းခြင်းပွဲတော်ဖြစ်သွားပါသည်၊တိုင်း၇င်းသားတို.၏ပွဲတော်မှာဗုံတို.မိုင်းတိုပေါက်ကွဲတာဟာဗမာစစ်အစိုးရအဆက်ဆက်၏ကျင့်သုံးလာခဲ့တဲ့ဗျူဟာတစ်ရပ် လို.ပြောရင်မမှားနိုင်ပါဘူး၊အကြောင်းကတော့တိုင်းရင်းသားပြည်သူလူထုအနေနဲ.၎င်းတို.၏ပွဲတော်ဆင်နွှဲကျင်းပတဲ့နေရာမှာကြောက်ရွံ.ထိတ်လန်.ပြီးလူမစည်းကားအောင်၊ပွဲတော်ပျက်ပျားအောင်နှင့်နောင်နှစ်များကျင်းပတဲ့အခါလက်တွန်.ဆုတ်အောင် တို.ဖြစ်ပါသည်၊

ကရင်နှစ်သစ်ကူတစ်ခုတည်းမှာသာဗုံးတို.၊မိုင်းတို.ပေါက်ကွဲနေတာမဟုတ်ပါဘူး၊မွန်အမျိုးသားနေ့၊သျှမ်းနှစ်သစ်ကူးနေ့၊ကချင် မနောပွဲတော်တို.မှာလည်းနှစ်တိုင်းလိုလိုတစ်နေရာမဟုတ်တစ်နေရာအမြဲပေါက်ကွဲနေပါတယ်၊

အောက်မှာဖတ်ကြည့်ပါ၊

Bomb exploded on the Mon National Day

A bomb exploded behind the stage where the Mon National Day celebration in Three Pagodas Pass was being held on the Thai-Burma border.
A resident attending the celebrations said two people were injured and sent to hospital. But the injuries were not serious. One was hurt on the waist and the other on the neck.
The NMSP detained a man who witnessed the explosion. The explosion occurred in a shop called ‘Swe –Ar'. The bomb was quite powerful, but no one knows what kind of bomb it was. Investigations will begin tomorrow.
The NMSP was trying to restart performances by Mon artistes at night when this report was being filed. But the performers also ran away from the celebration venue. It will be difficult to get them to come back.
Residents felt the culprits only wanted to disrupt the celebrations.
The officer said there has been no explosion like this before. This is the first time there has been a blast in Three Pagodas Pass during celebrations.
He added that “It is very sad for the Mon people and Mon National Day that the explosion disrupted peaceful celebrations”.
"Bomb blast at Mon National Day celebration venue", IMNA , February 2, 2007







No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။