Wednesday, December 9, 2009

မြန်မာပြည်မှ လတ်တလော ဖြစ်ပျက်နေသော သတင်းများ…

ဒီ သတင်းမျိုး ရေးရတာ က သိပ် တော့ အား မရှိပါဘူး ။အရင် ရက်တွေ က ရေးဘော် ရေးဘက်တွေ တင်တဲ့ဒီ လို မျိုး တခြား သတင်းတွေ လည်း အများကြီး ရှိပါတယ်။သို့ပေမဲ့ တကယ် လက်တွေ့ ဖြစ် မလာ တာ က များပါတယ်။

လာမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် အခု ကြား ရ တာ လေး ရေးပြတာပါ။အခုရက်ပိုင်း တော့ ၊ ဘာသသင်း မှ ထူး လာ မှာ ၊မဟုတ်သေးဘူးတဲ့။လာမဲ့ နောက် နှစ် ၊ သင်္ကြန် အပြီး ၊ အေပြီ လ ကျ မှ ၊ စ ကြေငြာ မှာတဲ့ ၊အဲဒီ အခါ ကျ မှ ဥပဒေ တွေ ဘာ တွေ ထုတ်ပြီး ၊ ရွေးကောက်ပွဲ ကော်မရှင် တွေဖွဲ့ ကြ မှ တဲ့ ဗျ ။ အစိုးရ အဖွဲ့ က လဲ အသစ် လိုလို ၊ ခဏခန့်အစိုးရ လိုလို ၊ကြီးကြပ်ရေး အစိုးရ လိုလို ၊ အိမ်စောင့် အစိုးရ လိုလို ၊နောက် တခါ ပြန် မခန့် ၊ ရာထူး မရ တော့ မဲ့ ၊ လူကြီး တွေ နဲ့ ဘဲဝန်ကြီးဌာန ၂ခု ၃ ခု ကို ဝန်ကြီးလိုလို ၊ စုပေါင်းဝန်ကြီး လိုလို နဲ့ ၊ ဘတ် ဂျက် ရီယားအသစ် ၊ဖွဲ့စည်းပုံ အသစ် တွေ နဲ့ ခန့် ထား ခဲ့ ကြ မှာ တဲ့ ဗျ ။ဟို ရွေးကောက်ပွဲကြီး က တော့ နှစ်ကုန် ခါနီး ၂ဝ၁ဝ ၊ ဒီဇင်ဘာ လ မှ လုပ် ကြ မှာ တဲ့ခင် ဗျ။

အခု တလော ၊ အစိုးရ က မီဒီယာ ကို သိပ် ဂရုစိုက် ပါတယ်။မီဒီယာ က ကြို ပြီး သတင်း ရေးတာ ၊ ဝေ ဖန် တာ လုပ် ရင် ၊ အဲဒီ သတင်း အတိုင်းလိုက် မလုပ်တော့ ပါဘူး ၊ မ တူ တဲ့ တ မျိုး ပြောင်း ပြီး လုပ် ပစ် လိုက်ပါတယ်။ဒါကြောင့် အပေါ် က သတင်း ကို ၊ အရေး မကြီး တဲ့ သတင်း လို ခလေး ပြောနည်း နဲ့ ၊ပေါ တော တော သတင်းဖြစ် အောင် ၊ စကား ကို ပီ သ အောင် မပြော လိုက်တာ ပါ။သီးခံ ဖတ်ရှု ကြပါ ခင်ဗျာ ။

ဗမာပြည် မှာ ဘီဘီစီ ၊ အာအက်အေ ၊ ဗွီအိုအေ ပုံမှန် စွဲစွဲ မြဲမြဲ နားထောင် တဲ့ပရိတ် သတ် က တော့ အစိုးရ ပါဘဲ ၊ ဒီ လို ရှိ သမျှ နားထောင် ပြီး ၊ အစီရင်ခံစာ တွေ ၊နေ့စဉ် တင် ရတဲ့ ဌာန တွေ ကို ၂ဝ လောက် ရှိပါတယ် ၊ ရှိ သမျှ လုံးစေ့ ပါတ်စေ့အကုန်ရေးပြီး တင် လိုက် ရ တဲ့ အစီရင် ခံစာ က တနေ့ ကို ၃ ပိသာ အထက် မှာ ရှိပါတယ်။

ရှိ သမျှ ဝက်ဆိုဒ်တွေ ၊ သတင်းဌာန တွေ ဒီဗွီဗွီ ၊ ဧရာဝတီ ၊ မိုးသီးဇွန် ၊ နစ်နေမန်း ၊ခေတ်ပြိုင် ရှိ သမျှ အကုန်ဖတ် ဘို့ ၊ သတင်းတပ်ဖွဲ့ တွေ တောင် တာဝန်ပေးထား ပါတယ်။ဖိုရမ်တွေ ဘလောက် တွေ ကို လဲ ဒီ အတိုင်းပါဘဲ ၊ဒီ လို မြန်မာ ကျူးပစ် ဇိုရမ်ကြီး ကို မဆိုထား နဲ့ ၊ ဝါသနာ ပါလို့ ကိုယ့် စိတ်ကြိုက် ကိုယ်ရေးနေကြတဲ့ ပါစင်နယ် ဘလောက် အသေး လေး တွေ ကို ပါ အကုန်ဖတ် ပြီး ကူး ပါတယ်။

ဝန်ထမ်း တွေ နဲ့ ပါတ်သက်လို့ ဘီဘီစီ မှာ သတင်း ပြောတာ ကြေငြာတာတွေ ပါလာ ရင်ပြန်လှန် လျောက်လဲ ချက် မရှိ ၊ သေ ပေ တော့ ဘဲ ၊ ဒီ ကောင် ကို ဖြုတ် ပစ် လိုက်တော့တွေ့ လား ၊ ဟို မှာ ဘီဘီစီ က တောင် ပြော နေပီး ၊ တန်း ပြီး ၊ အရေးယူတော့တာပါ။ဘီဘီစီ က လဲ သူ့ ထံ ရေး လာ တဲ့ စာ တွေ ကို ဖတ်ပြယုံ ဘဲ ဖတ်ပြတာပါ။ဘီဘီစီ က လဲ ဒီ မြန်မာပြည် မှာ နေတာ ၊ ကိုယ်တိုင်တွေ့ တာ မှ မဟုတ်တာ ပါ။

ဒီကနေ့ ၊ သတင်းစာ နောက်ကြော တွေ မှာ စာလုံး အကြီးကြီးတွေ နဲ့ဘီဘီစီ ညာနေသည်။ အာအက်အေ ရန်တိုက်ပေးနေသည်။ ဗွီအိုအေ ဘာ ဖြစ်နေသည်လို့ သာ တခန်း တနား ရေးထားတာပါ ၊ လက် တွေ့ ကျ တော့ ၊ဟို က ဘာ သတင်း ကို ဘဲ ပြော လိုက် ၊ ပြော လိုက် ၊ဒီ က လူတွေ ၊ အစိုးရ မင်း တွေ ၊ က သဲ သဲ လှုပ် ဖြစ် နေ ကြ တာ ပါ ဘဲ ၊ ခင် ဗျာ ။

ကျွန်တော် တို့ ဆီ က တချို့ လူတွေ က လဲ မကောင်း ဘူး ခင် ဗျ။ကိုယ့် ရွာ က ကျောင်း ဆရာ ကို ကြည့် မရ ရင် ဘီဘီစီ ကို စာ ရေး ၊ကိုယ့် မြို့ က မြူ နီ စပါယ် မင်း ကို ဆော် ချင် ရင် လဲ ဘီဘီစီ ကို လှမ်း အော်လိုက် နဲ့၊အတော် လဲ ဟုတ် နေ ကြ ပေါ့ ဗျာ။အင်း ပေါ့ လေ ၊ ကိုယ် ပြည် တွင်း က ရ နိုင် တဲ့ သတင်း က လဲ မယုံ ရ ဆိုတော့ဟော ဒီ မှာ ၊ ဘီဘီစီ မှာ ပါ လာ ပီ။ အာအက်အေ က တောင် ပြော နေပီ ၊
အင်တာနက် ပေါ် မှာ ရေး ထား တယ် ဆိုတာ နဲ့ အရင် ဆုံး က ၊ ဟုတ် နိုးနိုးထင် ရတော့ ပါ။

အင်း ရွေးကောက်ပွဲ သတင်း ရေးရင်း နဲ့ ၊ငယ်ငယ်တုံး က စီးခဲ့ ရတဲ့ ဘတ်စ်ကားကြီးတွေသတိရ မိ ပါ တယ် ဗျာ ၊ ဘတ်ကားကြီး တွေ ဆိုတာ ၊ ကျွန်တော် တို့ ပါတ်ဝန်းကျင်မြို့ အချင်းချင်း ၊ သိပ် မဝေးပါဘူး ၊ ၁၅ မိုင် ဝန်းကျင်လောက် ဘဲ ပြေး တာ ပါ။ကား ခေါင်း မှာ ( သတိ ၊ ဆီ လေ ရေ ဝိုင် ) ၊ ဒါ က ဒရိုင်ဘာ နဲ့ စပယ်ယာအတွက် နေ့စဉ် စစ်ဆေးဘို့ သတိပေးထားတာပါ။

ခရီးသည် အတွက် က တော့ ( ထ သွား ပြန် ကြည့် ၊ သတိရှိ )( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျ။ဘတ်ကားကြီး တွေ က အဟောင်းတွေ ဆိုတော့ ၊ ကား က ယိုင် နဲ့ နဲ့အင်ဂျင် က ဖွတ် ချက် ဖွတ် ချက် ၊ တာ ယာ က အဟောင်း ၊ ဂီယာ က ဒုတ်ထောက်ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊လမ်း မှာ ကား က ခန ခန ပျက် လွန်း လို့ မကြာ ခန ရပ် ရ ပါတယ်။

ဒရိုင်ဘာတွေ အယူသီး တာ က ခရီးသည် က ဘယ် အချိန် ရောက် မလဲ မေးတာ ကိုဖြေလိုက်မိရင် ၊ အဲဒီ အချိန် ကို ၊ ဘယ် တော့ မှမရောက် တော့ ပါဘူး၊ ဒီ ထက်နောက် ကျ ပြီး မှ ရောက် တတ် ပါတယ် ၊ ဒရိုင်ဘာ ယူဆ တာက ၊ ရောက် မဲ့ အချိန်ကို နတ် တွေ က သိသွား လို့ ၊ မရောက် နိုင် အောင် ၊ ကား ကို နတ် က ပျက် အောင် လုပ်ပြီး ၊ နတ် လှည့် စား တာ ခံ ရ တယ် လို့ အ ယူ သီး ကြ ပါတယ်။
ခု အချိန် ထိ ၊ အညာ မှာ ဘတ်ကား စီး လို့ ၊ ဘယ် အချိန် ရောက် မှာ လဲမေး မိ ရင်၊ဒ ရိုင် ဘာ က ဒီ လို ရောက်ချိန် ၊ လာမေး တဲ့ ခရီးသည် ကို ၊ ဒေါ ပွ လို့ ၊ မဆုံး ပေါ့ ဗျာ။

ခု လဲ ၊ ရွေး ကောက် ပွဲ ၊ ဘယ် အချိန် လုပ် မှာ လဲ ၊ မ မေး ဝန့် တော့ ပါ ခင် ဗျာ ။
ကား က ယိုင် နဲ့ နဲ့
အင်ဂျင် က ဖွတ် ချက် ၊ ဖွတ် ချက် ၊
တာ ယာ က အဟောင်း ၊
ဂီယာ က ဒုတ်ထောက်
ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊
( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျား ။


Source အေဇော်ကြီး

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။