Monday, December 7, 2009

နအဖဗိုလ်ချူပ်တွေရဲ့  ယောက်င်္ကျားမပီသတဲ့စိတ် ဘဘ (သူရ) ဦးတင်ဦးကို ဆက်လက်ထိန်းသိမ်းထားခြင်း

အသက် (၈၂) နှစ်ရှိပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဘဘ (သူရ) ဦးတင်ဦးကို ဆက်လက်နေအိမ်အကျယ်ချူပ်ချထားတာဟာ နအဖရဲ့  သူရဲဘောကြောင်သော လုပ်ရပ်ပါ။ နအဖမှ မည်သို့ သော အကြောင်းပြချက်မှ မရှိဘဲ၊ ဘဘ (သူရ) ဦးတင်ဦးကို ပြန်လည်မလွှတ်ဘဲ ဆက်လက်ချူပ်ထားခြင်းဟာ နအဖကိုယ်တိုင် သူတို့ ရဲ့  ဥပဒေကို ချိုးဖောက်နေတာဖြစ်သလို မတရားမှုဖြစ်ကြောင်း သက်သေပြနေပါတယ်။

နအဖဟာ အမေ့ခံ ရူးချင်ယောင်ဆောင်ပြီး ဘဘ (သူရ) ဦးတင်ဦးကို မည်သို့ သော ခိုင်လုံသော အကြောင်းပြချက်မှ မရှိဘဲ ဆက်လက်လက်ချူပ်နှောင်ထားပေမယ့် မြန်မာပြည်သူတွေရဲ့  ရင်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ (ဗိုလ်ချူပ်ကြီး - အငြိမ်းစား) ဘဘ (သူရ) ဦးတင်ဦးဟာ အမြဲရှိနေမှာ ဖြစ်ပါတယ်။

တပ်မတော်ရဲ့  ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ သမာသမတ်နဲ့  ကိုယ်ကျင့်သိက္ခာရှိပြီး တပ်မတော်သားတွေကို မခွဲခြားဘဲ ချစ်မြတ်နိုးခဲ့တဲ့ (ဗိုလ်ချူပ်ကြီး - အငြိမ်းစား) ဘဘ (သူရ) ဦးတင်ဦးကို ပြည်သူ့ တပ်မတော်သားပီသသူတွေကလည်း လေးစားနေမှာ ဖြစ်ပါတယ်။

တပ်မတော်ရဲ့  ဖခင် ဗိုလ်ချူပ်အောင်ဆန်းလို၊ တပ်မတော်ရဲ့  ထိပ်တန်းခေါင်းဆောင် (ဗိုလ်ချူပ်ကြီး - အငြိမ်းစား) ဘဘ (သူရ) ဦးတင်ဦးလို ပုဂ္ဂိုလ်မြတ်တွေနဲ့  အာဏာရူးနအဖ ဗိုလ်ချူပ်တွေကို ယှဉ်ကြည့်ရင် ဆီနဲ့  ရေ၊ မိုးနဲ့ မြေ၊ နံ့ သာဆီနဲ့  အီး လို ကွားခြားကြတယ်ဆိုတာ တပ်မတော်သားများ အပါအ၀င် ရဟန်းရှင်လူ ပြည်သူအပေါင်းက သိနေကြပါပြီ။

ကိုမိုး


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။