
ဲ
မြန်မာ မစ် ၂၉ တိုက်လေယာဉ် ဝေဟင်၌ ပျံသန်းစဉ် ထောက်လှမ်းရေးဂြိုဟ်တု မှတဆင့် ရိုက်ကူးထားပုံ
ရုရှနိုင်ငံက MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် သဘောတူလက်မှတ် ရေးထိုး လိုက်ကြောင်း ဘီဘီစီ သတင်းဌာန ရုရှား သတင်းဌာန အီတာတာစ် သတင်းထုတ်လွင့်သွားသည်။ ယနေ့ထုတ် Kommersant သတင်းစာ၊ အေအက်ဖ်ပီသတင်း၊ ဂျိမ်းစ်ထောက်လှမ်းရေး မဂ္ဂဇင်း တို့တွင်လည်း ကိုးကား၍ ဖော်ပြထားကြသည်။
အဆိုပါ သဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း၌ လက်မှတ်ရေထိုးခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ယူရို သန်း (၄၀၀) နီးပါး အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်ရှိသည်ဟု Rosoboronexport ရုရှလက်နက်အရောင်းကုမ္ပဏီကို ကိုးကားပြီး သတင်းစာတွင် ဖော်ပြထားသည်။
ရုရှားက နိုင်ငံမှ ၀ယ်ယူမည့် တိုက်လေယာဉ်များ မှာ MiG -29 အမျိုးအစားတိုက်လေယာဉ်များ ဖြစ်ပြီး ထိုလေယာဉ်များကို ရုရှားတိုက်လေယာဉ်များထုတ်လုပ်သည့် မီကိုယန် တိုက်လေယာဉ် ကော်ပိုရေးရှင်းမှ၁၉၇၇ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး၁၉၈၃ ခုနှစ် မှ စ၍ ဗဟိုအာရှ နိုင်ငံများ၊အယ်လဂျီးယား နိုင်ငံများ နှင့် ယီမင် နိုင်ငံ များမှ ၏ လေတပ်များတွင် စတင်အသုံးပြုခဲ့သည်။

၂၀၀၁ ခုနှစ်ကလည်း MiG-29 အမျိုးအစား လေယာဉ် (၁၂) စီးကို ရုရှက မြန်မာနိုင်ငံသို့ ပို့ပေးခဲ့ကြောင်း၊ ယခုတကြိမ် မြန်မာနိုင်ငံနှင့် သဘောတူညီမှုသည် ၂၀၀၇ ခုနှစ်တွင် အယ်ဂျီးရီးယားနိုင်ငံသို့ အလားတူ လေယာဉ်များ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်း တန်ဖိုးအများဆုံးဖြစ်ကြောင်း Kommersant သတင်းစာတွင် ပါရှိသည်။
ရုရှားနိုင်ငံ က ၂၀၀၁ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ MiG 29 အမျိုးအစား တိုက်လေယာဉ် ၁၂ စီးပေးပို့ ခဲ့သေးသည်။ ထို မီကိုယန် လေယာဉ် ကုမ္ပဏီ ၏ မိခင် ကုမ္ပဏီ ဖြစ်သည့် United Aircraft Corporation က AN-148 အမျိုးအစား ခရီးသည် တင်လေယာဉ်များ ပို့ ပေးမည်
ဟု ဒီဇင်ဘာလဆန်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နှင့်အိန္ဒိယတို့အပြင် ရုရှနိုင်ငံကပါ လက်နက်များ လက်ခံရရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ၏ စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။
နအဖ စစ်ခေါင်းဆောင်များက နားဂစ် ဆိုင်ကလုန်မုန်တိုင်း ဒုက္ခသည်များ အတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားသော အထောက်အပံ့ အကူအညီများ ပေးရန် နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့ပြီး၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများ အပါအ၀င် နိုင်ငံတကာ အစိုးရတွေ က လည်း အလှူငွေ ဒေါ်လာ သန်း ရာချီ ပေးအပ်လှူဒန်းခဲ့ပြီး ဖြစ်တယ်။
ဒီသတင်းကြောင့် အလှူရှင်နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကမ္ဘာ့စီးပွားရေးကပ်ဆိုး၊ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များဝယ်ယူခဲ့မှု အပေါ် လူသားချင်းစာနာထောက်ထားပြီးအထောက်အပံ့အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားကြောင်း သတင်းများတွင်ဖော်ပြထားသည်။နိုင်ငံတကာ မှ လူသားချင်းစာနာထောက်ထားသည့် အထောက်အပံ့အကူအညီ များ ထပ်မံရရှိဖို့ ရာ ရပ်ဆိုင်းသွားနိုင် တယ်လို့ ခန့်မှန်းရပါသည်။

ရုရှားနိုင်ငံမှ ၀ယ်ယူမည့် ဂျက်တိုက်လေယာဉ် အစီး နှစ်ဆယ် သည် မြန်မာ နိုင်ငံသို့ 
ရှေ့နှစ်ဆန်းတွင်ရောက်ရှိလာမည်ဖြစ်သည်။ ယခင်က ၀ယ်ယူခဲ့သော ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ်များ မြန်မာနိုင်ငံ၌ လေ့ကျင့်ပျံသန်းယင်း မကြာခဏဆိုလို ပျက်ကျလေ့ရှိသည်။
တိုင်းပြည်၏ ၀င်ငွေ ကို ပညာရေး၊ ကျမ်းမာရေး၊ စွမ်းအင်ဖွံ့ဖြိုးမှုဆိုင်ရာ များ၌ ရင်းနှီးမြုပ်နှံခြင်း မပြုပဲ စစ်လက်နက်များကိုသာ ဒေါ်လာ ဘီလီယံချီ ၀ယ်ယူနေမှုကြောင့်သာဖြစ်သည်ဟု ကျွမ်းကျင်သူပညာရှင်များက ထောက်ပြခဲ့ကြပြီးဖြစ်သည်။
နိုင်ငံတကာ အစိုးရများ နှင့် အလှူရှင်များ က တိုင်းပြည်ရဲ့ ၀င်ငွေ ကို ဆင်းရဲသား ပြည်သူများအတွက် မသုံးပဲ၊ စစ်လက်နက်များဝယ်ယူမှု အပေါ် သုံးစွဲခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန်ရှုံ့ချကြပါလိမ့်မည်။
ပြည်တွင်း ပြည်ပ မှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးအနေဖြင့်နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို နည်းလမ်းပေါင်းစုံ ဖြင့် ၀ိုင်းဝန်းရှုံ့ချကြပါလို့ ။
Burma Needs Foods, Not MiG-29
Mr.Zero
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။