Saturday, January 2, 2010

မြန်မာနိုင်ငံ ပိုက်ဆံ စုတ်ပြတ်သတ်နေပြီ…



လက်ရှိအချိန်တွင်အသုံးများနေဆဲဖြစ်သည့် ငွေစက္ကူအဟောင်းအနွမ်းများသည် ကိုင်တွယ်သုံးစွဲသူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်းးသိရှိရသည်။ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကထိုငွေစက္ကူများအားလက်ပြောင်းသုံးစွဲနေခြင်းသည် ကူးစက်ရောဂါပြန့်ပွားရာတွင်ပိုမိုလွယ်ကူစေနိင်ကြောင်း ယူနီဗာဆယ်ဝဘ်ဆိုဒ်သို့ပြော ကြားခဲ့သည်..

ထိုငွေစက္ကူအဟောင်းများကို တိတ်နဲ့ကပ်ပြီး ပြန်သုံးကြသလို အလွန်ရိနွမ်း နေသည့်တိုင် သုံးစွဲမှုများရှိနေစဲဖြစ်သည်။ ယခုအခါ တာဝန်ရှိသူများက ဈေးနှင့် လိုင်းကားများတွင်အသုံးပြုနေကြသည့်ငွေစက္ကူအဟောင်းများအား ပြန်လည်လဲလှယ်ပေး နေသည့်တိုင် ထိုငွေအဟောင်းများကို လည်ပတ်သုံးစွဲမှုအများအပြားရှိနေစဲဖြစ်သည်။ ငွေစက္ကူအဟောင်းများ ကိုင်တွယ်ပြီးလျှင် ရောဂါပိုးကူးစက်ခံရမှုမခံရအောင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ပို၍ဂရုပြုသင့်ကြောင်း၊ အထူးသဖြင့် သားစိမ်း၊ ငါးစိမ်းသည်များပြန်အမ်းသည့် ငွေစက္ကူများကို ကိုင်တွယ်မိပါကပို၍ဂရုပြုသင့်ကြောင်း၊ ငွေစက္ကူများရေတွက်ရာတွင် လက်ကိုတံတွေးဆွတ်သည့်အလေ့အထကိုရှောင်ကြည်သင့် ကြောင်းအဆိုပါဆရာဝန်က အကြံပြုထားသည်။


(၃၉) လိုင်းကားစပယ်ယာတစ်ယောက်က” ကျွန်တော် စပယ်ယာလုပ်လာတာ ၁၀ နှစ်ကျော်ပြီ…ကျွန်တော်တို့မြန်မာပိုက်ဆံက အဲဒလောက်စုတ်ပြတ်သတ်နေတာ ဒီနှစ်ပိုင်းမှာ အဆိုးဆုံးပဲ…အရင်တုန်းက ကျွန်တော်တို့ကပြဲနေရင်တောင် မယူဘူး..တဖြည်းဖြည်းနဲ့ တခြားနေရာပြဲ…ရတယ်…နံပါတ်လေးကောင်းရင်ယူတယ်…အခု ကျတော့ မဟုတ်တော့ဘူး….ကိုင်ရက်စရာတောင်မရှိဘူး…တော်တော်ကြီးကို စုတ်ပြတ်နေတာ…” လို့ရင်တွင်းခံစားချက်ကို ယူနီဗာဆယ်သို့ပြောခဲ့ပါသည်..


တာမွေအခွန်လွတ်ဈေးက အမဲသားရောင်းသူကလည်း“ ကျွန်တော်တို့ ပေးတဲ့ပိုက်ဆံတွေကို အခုဆို သတိထားကိုင်နေရတယ်..လက်ထဲမှာမကိုင်တော့ဘူး…ပုံး ထဖြစ်ဖြစ်…အိတ်ထဲဖြစ်ဖြစ်ထည့်ထားလိုက်တယ်…ကိုင်လိုက်တာနဲ့ စုတ်သွားမှာစိုးလို့..ကျွန်တော်တို့က အဲဒီအစုတ်က ကိုယ့်ရဲ့မနက်ဖြန်အရင်းအနီးဆိုတော့ ဘယ်လောက်ပဲစုတ်နေပါစေ…ယူရတာပေါ့…” လို့ပြောခဲ့ပါတယ်….


ယခင်အချိန်တုန်းက“ မြန်မာငွေတစ်ကျပ်သည် တစ်ဒေါ်လာနှင့်ညီမျှသည်” ဆိုသည့်အခြေအနေထိရောက်ခဲ့သော မြန်မာပိုက်ဆံသည် ယခု တိုင်းပြည်အတွက်လုပ်နေပါသည်ဆိုသော နအဖစစ်အစိုးရလက်ထက်တွင် မြန်မာငွေတစ်ကျပ်သည် ချီးကုန်းစက္ကူတစ်ရွက်သာသာဖြစ်နေလေပြီ…


မည်သို့ပင်ဖြစ်နေပါစေ စစ်အစိုးရနှင့် အပေါင်းအပါလူတစ်စု၏ လက်ထဲတွင် စုတ်ပြတ်နံစော်နေသော တိုင်းပြည်၏ ပိုက်ဆံကို တော့ဖြင့်ရှာတွေ့မည်မဟုတ်ပါ…
ပြည်ပအားကိုး ပုဆိန်ရိုးလို့ အမြင်ကတ်စရာကောင်းလောက်အောင်အော်ဟစ်နေ သော်လည်း မြန်မာပြည်သူပြည်သားတွေပိုင်ဆိုင်သည့် ဒီမြေ၊ ဒီရေ ကတွင်းထွက်တွေကို အသုံးပြုပြီး နိုင်ငံခြားဒေါ်လာကိုမှ ပိုက်ဆံထင်နေတဲ့ နအဖ စစ်ခေါင်းဆောင်အချို့ကို အချိန်ကာလတစ်ခု ကစကားပြောလာတော့မှာဖြစ်ကြောင်း အဖိနှိပ်ခံပြည်သူတွေက ကြူံးဝါးနေကြောင်း ဤသတင်းလေးနဲ့သတိပေးလိုက်ပါတယ်…..

ကိုသတင်း


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။