MIG-29 တိုက်လေယာဉ်ကို ကိုယ်ထည်တွင်တပ်ဆင်နိုင်သည့် ဒုံးကျည်များနှင့် အတူတွေ့ရစဉ်
မြန်မာ နိုင်ငံသည် ယခု မတ်လ အတွင်း ရုရှား နိုင်ငံမှ RSK MiG-29 အမျိုး အစား ဂျက်တိုက် လေယာဉ် အစင်း ၂၀ လက်ခံ ရယူမည် ဖြစ်ကြောင်း Flight Global သတင်း ဌာန ရေးသားချက် အရ သိရသည်။ အမေရိကန် ဒေါ်လာ ၅၅၃ သန်း တန်ဖိုးဖြင့် အရောင်း အဝယ် ဖြစ်ထားသော အဆိုပါ ဂျက်တိုက် လေယာဉ် အစင်း ၂၀ ရောက်ရှိ လာပါက မြန်မာ နိုင်ငံ တွင် MiG အမျိုး အစား လေယာဉ် စင်းရေ နှစ်ဆ ပိုဖြစ် လာမည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် အော်ဒါ မှာယူ ခဲ့သည့် အဆိုပါ လေယာဉ်များကို မြန်မာ နိုင်ငံသို့ သုံးသုတ် ခွဲကာ တင်ပို့မည် ဖြစ်ကြောင်း၊
ပထမ အသုတ်တွင် MiG-29B အမျိုးအစား ၁၀ စင်း၊
ဒုတိယ အသုတ်တွင် ပိုင်းလော့ တစ်ဦးသာ မောင်းနှင် နိုင်သည့် MiG-29SE အမျိုး အစား ခြောက်စင်း၊ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် အော်ဒါ မှာယူ ခဲ့သည့် အဆိုပါ လေယာဉ်များကို မြန်မာ နိုင်ငံသို့ သုံးသုတ် ခွဲကာ တင်ပို့မည် ဖြစ်ကြောင်း၊
ပထမ အသုတ်တွင် MiG-29B အမျိုးအစား ၁၀ စင်း၊
တတိယ အသုတ်တွင် MiG-29UB အမျိုး အစား လေးစင်း ပါဝင်မည် ဖြစ်ကြောင်း
Flight Global ကဆိုသည်။ ယခု အရောင်း အဝယ် ဖြစ်မှုကြောင့် MiG-29 ထုတ်လုပ်သော RSK Lukhovitsy စက်ရုံ၌ MiG-29B/SE အမျိုး အစားများ လက်ကျန် ရှိတော့မည် မဟုတ်ပေ။
ပိုင်းလော့ ၂ ဦးမောင်းလို့ရသော် MIG-29B တိုက်လေယာဉ်
ပိုင်းလော့ ၁ ဦးတည်းမောင်းလို့ရသော် MIG-29SE တိုက်လေယာဉ်
နောက်ဆုံးအသုတ်ဖြင့်ရောက်လာမည်ဖြစ်သော် MIG-29UB တိုက်လေယာဉ်
မြန်မာ နိုင်ငံမှ ဝယ်ယူသော အဆိုပါ ဂျက်တိုက် လေယာဉ်များကို သာမန် ပြည်ပ တင်ပို့မှု အစီ အစဉ်ဖြင့် လွှဲပြောင်း ပေးပို့မည် ဖြစ်ပြီး Analogue Instruments နှင့် Phazotron N-019 အမျိုး အစား ရေဒါများလည်း ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ယခင်က ဘီလာရုစ် နိုင်ငံမှ အသုံးပြု ပြီးသား MiG-29 ဂျက်တိုက် လေယာဉ်များကို ဝယ်ယူ ခဲ့သော်လည်း နောက်ပိုင်း ကာလ များတွင် ယင်းလေယာဉ်များ ထုတ်လုပ်သည့် မူလ ကုမ္ပဏီနှင့် ရုရှား စစ်လက်နက် တင်ပို့ ရောင်းချရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Rosoboronexport ကို ဆက်သွယ် ခဲ့သည်။
MIG-29 တိုက်လေယာဉ်တွင်တပ်ဆင်ထားသော် Phazotron N-019 ရေဒါ အမျိုးအစား
မော်စကို အစိုးရကလည်း လက်နက်များနှင့် အပို ပစ္စည်းများ ရောင်းဝယ် ရာတွင် လည်းကောင်း၊ လေ့ကျင့်ရေး သင်တန်းများ ပေးရာတွင် လည်းကောင်း မြန်မာ နိုင်ငံကို အကူ အညီ ပေးခဲ့သည်။ ထို့ပြင် မြန်မာ နိုင်ငံရှိ လေတပ် အခြေစိုက် စခန်း တစ်ခုတွင်လည်း Stimulator တစ်ခု တပ်ဆင် ပေးခဲ့သည်။
ယခုလို RSK MiG မှ ဂျက်တိုက် လေယာဉ်များ ထပ်မံ ဝယ်ယူ လိုက်ခြင်းသည် မြန်မာ နိုင်ငံရှိ လေတပ် အင်အားကို ပိုမို ကောင်းမွန် သွားစေပြီး စစ်မက် ဖြစ်ပွားရန် ပြင်ဆင် ပေးလိုက် သကဲ့သို့ ဖြစ်ကြောင်း သတင်း ရင်းမြစ် များက ဆိုသည်။ လက်ရှိ အနေ အထားတွင် မြန်မာ့ တပ်မတော် (လေ) ၌ MiG-29 အမျိုးအစား ဂျက်တိုက် လေယာဉ် ၁၂ စင်း ပိုင်ဆိုင် ထားကြောင်း Flight Global ၏ MiliCAS သတင်း အချက် အလက်များ အရ သိရသည်။
ဤအတော အတွင်းမှာပင် RSK MiG က အိန္ဒိယ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ထောက်ပံ့ ပို့ဆောင်ရေး စနစ်သစ် တစ်ခုကို ထူထောင်မည် ဖြစ်ကြောင်း၊ အဆိုပါ စနစ်သစ်က အိန္ဒိယရှိ MiG-29 ဂျက်တိုက် လေယာဉ်များ အပါအဝင် မြန်မာနှင့် မလေးရှား နိုင်ငံ လေတပ်များမှ ဂျက်တိုက် လေယာဉ်များ အတွက် Customer Support များ ပြုလုပ် ပေးနိုင် မည် ဖြစ်ကြောင်း ပြောကြား လိုက်သည်။

ယူနီဗာဆယ်

အားပေးလျက်ပါ
ReplyDelete