တိုင်ဝမ်နိုင်ငံရှိ အမေရိကန်လုပ် F - 16 တိုက်လေယာဉ်အုပ်စုမှာ သက်တမ်းကြာနေပြီ ဖြစ်သောကြာင့် အဆင့်မြှင့်တင်ပေးမည့် အစီအစဉ်ကို အမေရိကန်က အတည်ပြုခဲ့သည်။
တရုတ်သည် တိုင်ဝမ်အား ၎င်း၏ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် မှတ်ယူထားရာ ဝါရှင်တန်အား အဆိုပါ ဒေါ်လာ ၅ ဘီလီယံ (ပေါင် စတာလင် ၃ ဘီလီယံ) သဘောတူညီမှုအား ရှေ့မဆက်ရန် သတိပေးခဲ့သည်။
အဆင့်မြှင့်ရင် ပြင်ဆင်နေသောထိုင်ဝမ်တိုက်လေယာဉ်တစ်စင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ တိုင်းပြည်သည် အဆိုပါကိစ္စအတွက် များစွာ စိတ်ဆိုးရကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်နိုင် ကြောင်း ဖော်ပြခဲ့သည်။ တိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ အသာစီးယူမှုသည် တဖြည်းဖြည်းတိုးလာခြင်းကြောင့် ယခုလိုကူညီရခြင်းဖြစ်သည်။
တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Zhijiun က တိုင်းပြည်၏ ပြည်တွင်းရေးကို စိုးရိမ်ဖွယ်ဝင်ရောက်စွက်ဖက်မှုဖြစ်ကြောင်း ဖော်ပြခဲ့ပြီး တိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးအင်အားစုများကိုလည်း စိတ်ပျက်ဖွယ် မှားယွင်းအချက်ပြမှုပင် ဖြစ်ကြောင်းဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဆိုဒ်ကြေညာချက်တွင် Mr. Zhang က ပြောကြားရာ၌ “ယခု အမေရိကန်၏ မှားယွင်းမှုသည် အမေရိကန် - တရုတ် ဆက်ဆံရေးကို မလွှဲမရှောင်သာ ထိခိုက်မှာ ဖြစ်ကြောင်း၊ စစ်ရေး၊ လုံခြုံရေးနှင့် အခြားနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရေးများတွင်လည်း ထိခိုက်မည် ဖြစ်ကြောင်း ညွှန်ပြလိုသည် ” ဟု ဖော်ပြထားသည်။
တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်
သို့သော် အမေရိကန်အနေဖြင့် တိုင်ပေ မျှော်လင့်သလို F - 16 တိုက်လေယာဉ်မျိုးဆက်သစ်များ ယခု ရောင်းချပေးမည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် တာဝန်ရှိသူများက ပြောကြားရာတွင် တိုင်ဝမ်၏ ရှိပြီးဖြစ်သော F – 16 A/B တိုက်လေယာဉ်များကို ပြုပြင်ပေးပြီး အဆင့်မြင့် C/D မော်ဒယ်၏စွမ်းဆောင်ရည်အ တိုင်းဖြစ်အောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်းဆိုသည်။
“အဆင့်မြှင့်တင်ရေး ပြုလုပ်ပြီးစီးပြီဆိုရင် အဲဒီ တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်ဟာ အများကြီး တိုးတက်သွားမှာပါ” ဟု တိုင်ဝမ် ကာကွယ်ရေး ဝန်ကြီး Kao Hua - chu က တိုင်ပေတွင် ညပိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးက ပြောကြားရာတွင် တရုတ်၏ စစ်ရေးအရ တိုးချဲ့မှုသည် တိုင်ဝမ်ကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကာကွယ်ရေးစွမ်းဆောင်ရည် တိုးတက်ဖို့ အသက်သမျှ အရေးပါ ပါတယ်။ ဒါမှသာ ဒေသတွင်းလုံခြုံရေး တည်မြဲမှာဖြစ်ပြီး ရေလက်ကြား တလျှောက် တည်ငြိမ်မှုတိုးတက်ရေးအတွက်လည်း ဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် တိုင်ဝမ်ကပြောကြားရာတွင် ၎င်းတို့သည် C/D မော်ဒယ် တိုက်လေယာဉ်အစီး (60) ဝယ်ယူရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း၊ သို့မှသာ တရုတ်၏ နောက်ဆုံးစစ်လေယာဉ်အဆင့်နှင့် တူညီမည်ဖြစ်ကြောင်း ဆိုသည်။
သို့သော် အမေရိကန်မှ ဆုံးဖြတ်ချက်မချသေးကြောင်း၊ မိမိတို့သည် တာဝန်ရှိသူများအား သဘောတူရန် တိုက်တွန်းလျက်ရှိသည်ဟု တိုင်ပေက ဆိုသည်။ လက်ရှိတွင်ဝါရှင်တန်သည် ဆုံးဖြတ်ချက်အတွက် ကွန်ဂရက်တွင် အတည်ပြုချက်ရယူရန် လုပ်ဆောင်လျက် ရှိသည်။
တရုတ်က အမေရိကန်တို့ ရောင်းချခဲ့ပါက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည်ဟု သတိပေးခဲ့ခြင်းကြောင့် နှောင့်နှေးနေခြင်း ဖြစ်မည်ဟု အချို့ ဝေဖန်သုံးသပ်သူများက ဆိုသည်။
BBC News မှ သတင်းကို ဘာသာပြန်သည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။