ထိုင်းဘဏ်လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ကြီးထွားလာနေသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအပေါ် အကောင်းမြင်လျက်ရှိကာ နိုင်ငံတွင်း လုပ်ငန်းချဲ့ထွင်ရန် စီစဉ်နေသောထိုင်းကုမ္ပဏီများကို ထောက်ပံ့ရန် အဆင်သင့်ရှိနေပြီဖြစ်သည်။
အာဆီယံဒေသတွင်း မြန်ဆန်စွာကြီးထွားတော့မည့် အလားအလာကို ကြီးကြီးမားမားပြသနေသော ဈေးကွက်များထဲတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ဘဏ်လုပ်ငန်းအပါအဝင် စီးပွားရေးနယ်ပယ်အားလုံးမှ ကုမ္ပဏီများက မြန်မာနိုင်ငံသို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခြေချရန် တာစူနေကြပြီဖြစ်သည်ပာု ကရန်ထိုင်းဘဏ် (KTB) ဥက္ကဋ္ဌ အမီဆတ် တန်တီဗိုရာဝေါင်က မကြာသေးမီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြသော ထိုင်းကုမ္ပဏီများထဲတွင် ထားဝယ်ဒေသ၌
ဧရိယာ ၂၅၆၀၀ ပာက်တာကို ၇၅ နှစ် အကောင်အထည် ဖော်ခွင့် ရရှိထားသော အီတာလျံ-ထိုင်း ကုမ္ပဏီလည်းပါဝင်သည်။
အမီဆတ်က ဆက်လက်၍ ထားဝယ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏဖြင့် တိုင်းတာလျှင် မြန်မာနိုင်ငံတွင် အကြီးဆုံးပာု သတ်မှတ်ထားကြပြီး အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်းများတွင် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းရန် ပြင်ဆင်နေသော ကုမ္ပဏီများထဲတွင် ကရန်ထိုင်းဘဏ် (KTB) လည်းပါဝင်ကာ ရင်းနှီးမြှုပ်နှံသူများကို ငွေကြေးထောက်ပံ့ရန် ဆွေးနွေးလျက်ရှိသည်ပာု ပြောကြားခဲ့သည်။
“ကုမ္ပဏီအားလုံးက ထားဝယ်စီမံကိန်းမှာ ငွေထည့်ချင်နေကြတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ စီမံကိန်းအရွယ်အစား ကြီးမားလွန်းတဲ့အတွက် အားလုံးအတူတကွ ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်” ပာု အမီဆတ်က ဆိုသည်။
နိုင်ငံခြားကုမ္ပဏီများကလည်း မြန်မာနိုင်ငံကို အလားတူစိတ်ဝင်စားနေကြသဖြင့် မြန်မာတို့နှင့် နီးကပ်သော ထိုင်းနိုင်ငံကိုပါ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်သည်။ ကုန်စည်ပို့ဆောင်ရေးတွင် အချက်အချာနေရာဖြစ်နေသော ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းများ ထုတ်လုပ်ပေးပို့ရန်အတွက် မြန်မာနိုင်ငံတွင် စက်ရုံ ထူထောင်လိုသည့် ထိုင်းကုမ္ပဏီများအနေဖြင့် ၂၀၁၅ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကို အကောင်အထည်ဖော်ချိန်တွင် အခွင့်ကောင်း ရရှိကြလိမ့်မည် ဖြစ်သည်။
Siam Commercial Bank (SCB) ဥက္ကဋ္ဌ ကန်နီကာ ချာလစ်တာပေါင်က မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ ကမ်းလှမ်းနေသည်ပာု ပြောကြားသော်လည်း ရေရှည် မြှုပ်နှံရမည့် အခွင့်အလမ်းများကိုသာ ရလိမ့်မည်ပာု ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်ထားသင့်ကြောင်း သတိပေးပြောဆိုသည်။ လက်ရှိတွင် SCB သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေလျက် ရှိသည်။
မြန်မာနိုင်ငံဗပိာုဘဏ်အနေနှင့် လောလောဆယ်အချိန်တွင် နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့်လှစ်ခွင့် ပေးဦးမည် မပာုတ်ပေ။ ဗပိာုဘဏ်က နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့်ခွင့် လိုင်စင်ပေးသည်နှင့် SCB အနေဖြင့် ခုန်ဝင်ရန် အဆင်သင့်ဖြစ်နေလိမ့်မည်ပာု SCB ဥက္ကဋ္ဌ ကန်နီကာက ပြောကြားထားသည်။
SCB ဘဏ်လုပ်ငန်းအနေဖြင့် ၎င်း၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားတို့ထက် မြန်မာနှင့် လာအိုကိုသာ ပိုမိုသဘောကျသည်ပာု ဆိုသည်။
“SCB ဘဏ်သည် ပင်လယ်ရပ်ခြားလုပ်ငန်းများစွာကို ထိုင်းနိုင်ငံမှ နေ၍ ကိုင်တွယ်နိုင်သောကြောင့် ပင်လယ်ရပ်ခြားတွင် ဘဏ်ခွဲမရှိလျှင်လည်း ငွေကြေးဝန်ဆောင်မှုအားလုံးကို ဝန်ဆောင်မှုပေးနိုင်မည်ပာု ယုံကြည်ထားကြောင်း” ကန်နီကာက ဆက်လက် ပြောဆိုသည်။
ကာဆီကွန်ဘဏ်ဥက္ကဋ္ဌ ဘတ်သွမ်လမ်ဆမ်က မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းသော ဈေးကွက် ဖြစ်သော်ငြားလည်း စီးပွားရေးကဏ္ဍအားလုံးအတွက် ဆီလျော်သည့် ရပ်ဝန်း မပာုတ်သေးကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏ ကနဦးအသုတ်မှာ အခြေခံအဆောက်အဦး ကဏ္ဍတွင်သာ ပါဝင်လုပ်ကိုင်နေရသော အချက်ကို ထောက်ပြသတိပေးထားသည်။
(U.V.I)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။