ခံစားနေရသူ၏ ရင်ဖွင့်သံ
(၁.၁၁.၂၀၁၃)
မေးစရာကြုံလို့မေးရခြင်း
နှင့် ပြည်သူတို့မတရားခံစားနေရခြင်းအား သက်ဆိုင်ရာအာဏာပိုင်များသိစေရန် အင်တာနက်စာမျက်နာမှ
တင်ပြခြင်း
အောက်ပါဖော်ပြမည့် ပြည်သူများအပေါ်အာဏာပြမတရားအနိုင်ကျင့်နေသောလုပ်ရပ်များသည်
မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး စောအယ်ဝါး (ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးဟောင်း)
၏ ကိုယ်ကျိုး ဆန္ဒလား ? မြ၀တီ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းကြီး၏
သဘောထားလား ? ဆိုတာကို သိချင်ပါတယ် ခင်ဗျာ…
အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးအနောက်ဘက် မွေးမြူရေးဇုံ နှင့် ဇုံပြင်ပဆိုသော ရပ်ကွက်ရှိပါသည်။ အိမ်ထောင်စု (၇၀) ကျော်သာရှိပြီး သာယာအေးချမ်းသောရပ်ကွက်လေးဖြစ်ပါသည်။ ၄င်းရပ်ကွက်အတွင်းသို့ ၂၀၁၃ မေလ တွင် ရပ်ကွက်အတွင်းရှိ မိန်းခလေးတစ်ဦးနှင့် အိမ်ထောင်ကျပြီး လာရောက်နေထိုင်သော ငွေထွန်းဆိုသူ တစ်ဦးရောက်လာခဲ့ပါသည်။ ၄င်းငွေထွန်း ဆိုသူကို အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး စောအယ်ဝါးကို မည်သို့မည်ပုံ လာဘ်ထိုးသည်မသိ၊ အများပြည်သူဆန္ဒတစ်စုံတစ်ရာမသိ၊ မရှိဘဲ ကျပန်း လူ (၁၀) ဦးကို ငွေထွန်းအားထောက်ခံသည်ဟု လတ်မှတ်ထိုးခိုင်းပြီး ဆယ်အိမ်မှူးခန့်လိုက်ပါသည်။
တစ်ရပ်ကွက်လုံးတွင် တစ်ဦးသာရှိသည့်အတွက်
အလိုလိုရပ်ကွက်အုပ်ချူပ်ရေးမှူးဖြစ်သွား ပါသည်။ မည်သို့ပင်ဆိုစေ ရပ်ကွက် အကျိုးသယ်ပိုးသည့်
လူဖြစ်ပါက ကောင်းပါသည်ဟု ကောင်းသည့်ဘက်မှ ရူမြင်ကာ မည်သူမှ စောဒကမတက်၊ ဘာမှမပြောခဲ့ကြပါ…
သို့သော် ………
ဆယ်အိမ်မှူးမှ အုပ်ချူပ်ရေးမှူးဖြစ်သွားသောအခါတွင်
….
- -
အာဏာအလွန်အကျွှံသုံးစွဲမှူများနှင့်
တရားလွန်ပြုမူမှူများ ကို၎င်း
- - အစွန်းရောက်ဟောပြောမူများကို
အသံချဲ့စက်အသုံးပြု၍ ညအချိန်မတော် (၁၁) နာရီ (၁၂) နာရီတွင် ဘာသာရေးဆွေးနွေးမည်ဆိုပြီး ဖိတ်ခေါ်ခြင်းများကို
၎င်း
မြ၀တီပညာရေးမှူး၏ သဘောတူညီချက်အရ ကိုယ်ထူကိုယ်ထဖွင့်ထားသော တောင်တန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းခွဲရှိ ကျောင်းသား/ ကျောင်းသူ (၁၂၄) ဦးအနက် ကျောင်းသား (၂၈) ဦးကို ၄င်းအိမ်ဘေးတွင် အမိုးထုတ်၍ ဇုံပြင်ပကျောင်းဟု အမည်ပေးကာ ကျောင်းအတွက်လှူသော အလှူအ၀၀ကို ကိုယ်ကျိုးအတွက် ယူခြင်း၎င်း
မြ၀တီပညာရေးမှူး၏ သဘောတူညီချက်အရ ကိုယ်ထူကိုယ်ထဖွင့်ထားသော တောင်တန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းခွဲရှိ ကျောင်းသား/ ကျောင်းသူ (၁၂၄) ဦးအနက် ကျောင်းသား (၂၈) ဦးကို ၄င်းအိမ်ဘေးတွင် အမိုးထုတ်၍ ဇုံပြင်ပကျောင်းဟု အမည်ပေးကာ ကျောင်းအတွက်လှူသော အလှူအ၀၀ကို ကိုယ်ကျိုးအတွက် ယူခြင်း၎င်း
-
ဘုန်းတော်ကြီးများ
ပြင်ဆင်သောရပ်ကွက်လမ်းကို ရပ်ကွက်အုပ်ချူပ်ရေးမှူးဆိုကာ ရပ်ကွက်အတွင်းအိမ်တိုင်းကို
ပိုက်ဆံထည့်ခိုင်းပြီး ရရှိသော အလှူငွေ (၆၄) သိန်းကို ကျောက်ကား (၁၈)စီး နှင့် သဲကား
(၁၂) စီးသာချထားပြီး ရက်ကွက်လူထုလုပ်အားဖြင့် လမ်းခင်းခြင်းကို ကျောက်ဖိုး၊ သဲဖိုး
နှင့် အလုပ်သမားဖိုးများပေးရသည်ဆိုပြီး ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ခြင်း ၄င်း
-
မြေကွက်ရောင်းချသူများထံမှ
လည်း ရပ်ကွက်အုပ်ချူပ်ရေးမှူးဆိုပြီး ငွေတောင်းခံခြင်း စသဖြင့် အမျိုးမျိုးသော မတရားသည့်နည်းလမ်းပေါင်းစုံကို
ရထားသည့် အာဏာကို ပြပြီးခြိမ်းခြောက်နေသည့် ဒဏ်ကို ရပ်ကွက်အတွင်းနေထိုင်သူများ စိတ်ရော
ကိုယ်ပါ နေ့စဉ်ရက်ဆက်ခံစားနေရပါသည်။
မည်သည့်အာဏာမှမရစဉ်အချိန်ကပင် ဥပဒေကို တစ်စေ့ကလေးမှ မလေးစားပြီး နိုင်ငံပိုင်သစ်တော်အတွင်း သစ်ဝါးခိုးခုတ်ခြင်း နှင့် ဘ၀ကိုရပ်တည်ခဲ့သော ဒီလိုလူစားမျိုး ငွေထွန်းကို အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး စောအယ်ဝါး (ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးဟောင်း) မှ အများဆန္ဒမပါ ကိုယ်အကျိုးကိုကြည့်ပြီး လက်သင့်ရာ ရွေးချယ် ပေးခြင်းသည် ပြည်ခိုင်ဖြိုး၏ သဘောထားလား? ပြည်ခိုင်ဖြိုး လူကြီး အပိုဝင်ငွေအဖြစ် စီးပွားရေးတစ်ခု ထူထောင်လိုက်တာလား ? ဆိုတာလားဆိုတာ တော့ တွေးမတတ်အောင်ဖြစ်နေပါတော့သည်။ ထိုကြောင့် သက်ဆိုင်ရာ အစိုးရလူကြီးများ သိပြီး ဖြေရှင်းပေးနိုင်အောင် အင်တာနက်စာမျက်နှာများမှတဆင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
အထက်ပါ အဖြစ်အပျက်များကို ဆိုင်ကယ်အငှားဂိတ်၊ ဈေးဆိုင် နှင့် ရပ်ကွက်အတွင်းရှိ ငွေထွန်းနှင့် လုပ်ဖော်လုပ်ဖက်များမှ လွဲ၍ မည်သူ့ကိုမဆိုမေးကာ အဖြစ်မှန်သိနိုင်ပါသည် ခင်ဗျာ……
“
မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်က မြို့ရွာ နာ၏ ”
ရပ်ကွက်အတွင်း ခံစားနေရသူများ
(၁.
၁၁. ၂၀၁၃)
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။