အခုလက်ရှိဖြစ်နေတဲ့ ကရင်
နဲ့ မြန်မာစစ်တပ်
ပြသနာဟာ ဘယ်သူက
ဘယ်လိုစလို့ပေါ်လာတာလဲဆိုတာ အရင်းအမြစ်ကိုသိဖို့လိုပါတယ်… ကရင်လူမျိုးကိုချစ်တဲ့သူတိုင်း
အခုတင်ပြမယ့်အချက်အလက်လေးတွေကို သတိထားစေချင်ပါတယ်…ဘာကြောင့်
ကရင်လက်နက်ကိုင် တပ်ဖွဲ့
တွေရဲ့ ဂုဏ်သိက္ခာ
ကိုယ်ကျင့်တရားတွေ ပျက်ပြားသွားရသလဲဆိုတာ တတ်နိုင်သလောက်ရှင်းပြပါ့မယ်…
ကရင်လက်နက်ကိုင်စစ်သားတော်တော်များများဟာ လက်နက်နဲ့
ငြိမ်းချမ်းရေးလဲလှယ်ပီးတဲ့အချိန် သေနတ်လက်ထဲမှာ မရှိတော့တဲ့အချိန်မှာ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အခြေအနေတစ်ခုကို ရောက်သွားခဲ့ပါတယ်…
အရင်ကတည်းက ဖွဲ့စည်းထားတဲ့ အဖွဲ့ကရှိနေတော့
အဖွဲ့ရဲ့ ရပ်တည်မူအခြေအနေ အဖွဲ့ဝင်
လက်အောက်ငယ်သားတွေရဲ့ စားဝတ်နေရေး
ဒါတွေကိုဖြေရှင်းဖို့ အရေးတကြီးလိုလာတဲ့အခြေအနေတစ်ခုမှာ လက်နက်ကိုင်အဖွဲ့တွေဟာ ကြံရာမရတဲ့
အဆုံး ၀ါးတားဂိတ်တွေဖွင့်ပီး ကုန်တွေသယ်လာတဲ့ ကားတွေကို
လမ်းဖြတ်ခ တပ်ဖွဲ့ရံပုံငွေဆိုပီး တောင်းပါတော့တယ်…
ပီးတော့တဆင့်တက် မှောင်ခိုကုန်တွေကို လမ်းမကြီးသယ်ရင်
အကောက်ခွန်ကဖမ်းမှာမို့ တောလမ်းဖောက်ပီး လက်နက်ကိုင်အဖွဲ့ကို
ဝါးတားဂိတ်ကြေးပေးကာ သွားရတဲ့
တစ်ခေတ်ကောင်းစားခဲ့ပါသေးတယ်…
အမှန်အတိုင်းပြောရရင်
တကယ့်ကရင်စစ်သားတွေ ကရင်ခေါင်းဆောင်တွေ တကယ်ရိုးသားတဲ့သူတွေပါ…
ဒါပေမယ့် ငွေကြေးလိုအပ်မူ နဲ့ ချမ်းသာချင်မူအပေါ်မှာ ရန်ကုန်က
လူလည်တွေနဲ့ စီးပွားရေးသမားတွေတော်တော်များများ ကရင်စစ်တပ်ထဲကို ၀င်ပီး ကရင်စစ်တပ်အဖွဲ့အစည်းတွေရဲ့ ကောင်းခဲ့တဲ့
ဂုဏ်သိက္ခာ နဲ့
ရခဲ့တဲ့ အရှိန်အ၀ါတွေကိုသုံးပီး စီးပွားရေးပေါင်းမြောက်မြားစွာကိုလုပ်ခဲ့ပါတယ်… အဲဒီအချိန်မှာ ကရင်စစ်သားဟောင်းတွေကလည်း
ဒီလိုအဖွဲ့ထောင်တာဟာ ပိုက်ဆံရမှန်းသိပီး သူတစ်လူ ငါတစ်မင်း
အဖွဲ့တွေအများကြီးထောင်လိုက်တာ ကရင်ပြည်နယ်လေး တစ်ခုထဲကို
ကရင်လက်နက်ကိုင် တရားဝင်အဖွဲ့ပေါင်း ၁၇ ဖွဲ့ထိကို
ရှိလာခဲ့ပါတယ်…အရင်က
တကယ့်လက်နက်ကိုင်အဖွဲ့ကြီးဖြစ်ခဲ့တဲ့ KNU ကနေ
DKBA ဆိုပီးကွဲထွက်တယ်… ဒီ
ကနေမှ စစ်အစိုးရကို
မလုပ်မနေရဖြစ်လို့ နယ်ခြားစောင့်စစ်တပ်ဆိုပီး ဒီကရင်တပ်ဖွဲ့တွေပဲ
BGF ဆိုပီး ပေါ်လာတယ်…ပီးတော့လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားပါတယ်နယ်ခြားစောင့်တပ်အဖြစ် အထက်ကပြောတဲ့အခါပြောင်း ပ့ါမယ်လို့
ခေါင်းစဉ်တပ်ပီး ကရင်အဖွဲ့သစ်တွေ ထပ်ပီးပေါ်လာခဲ့ပါတယ်…
KPDF, KNU/KNLA PC, KNDP, KNFRP, KNPP, KNLA တွေအပြင်
ငြိမ်းချမ်းရေးကိုလိုလားသော နေစိုးမြ၊
ကလို့ထူးဘော အဖွဲ့၊
အခုလက်ရှိနာမည်ကြီးနေတဲ့ ဗိုက်တိုက်ဂါးအဖွဲ့ စသဖြင့် ကျွန်တော်နာမည် သေချာမသိတဲ့အဖွဲ့ပေါင်းအများကြီးရှိပါသေးတယ်…ဒီအဖွဲ့တွေကလည်း ကိုယ့်အဖွဲ့မှာဖြင့်ကိုယ်ဆရာပေါ့ဗျာ ရာထူးကိုလည်း အမျိုးမျိုးယူကြပီး အခု ဗိုလ်တိုက်ဂါးပင်လျင် ဗိုလ်ကြီးလား
ဗိုလ်မှူးကြီး လား
အထူးဗျူဟာမှူးလား စသဖြင့်
ပါးစပ်ထဲရှိတဲ့ ရာထူးနာမည်တွေယူကြပီးသကာလ အဖွဲ့ဝင်အင်အားတောင့်အောင်ဆိုပီး တပ်ဖွဲ့ဝင်သစ် တွေစုဆောင်း၊
မောင်းကျိုးမောင်းပျက်သေနတ်တွေဝယ်ပီး ဟန်ကို့ဖို့ရာ ဆင်ထားကြပါတယ်… အဖွဲ့ရဲ့လူကြီးကတော့ အကောင်းစား
ပစ္စတိုတစ်လက်ကတော့ ၀ယ်ကိုင်ထားတာပေါ့ဗျာ…
အဲဒါပီးရင်တော့ စီးပွားရေးသမားတွေ ပိုက်ဆံရှာတတ်တဲ့
လူလည်တွေကို စီးပွားရေးအရာရှိ၊ အနိမ့်ဆုံး
အဆင့်က ဗိုလ်ကြီး၊
ဗိုလ်မှူးတွေခန့်ပီး ပိုက်ဆံရှာပါတော့တယ်….
အဲဒီမှာ
လွယ်လွယ်နဲ့ပိုက်ဆံရတာဆိုလို့ ဥပဒေနဲ့မလွတ်တဲ့အလုပ်မှန်သမျှဟာ ပိုက်ဆံအမြတ်ကျန်ဖို့ အလွယ်ဆုံးဖြစ်လာပါတော့တယ်… အရင်ကရှိခဲ့တဲ့
ကရင်စစ်တပ်ရဲ့ အရှိန်အ၀ါတွေသုံးပီး ပထမ ခြေလှမ်းအနေနဲ့ အရက်ဆိုင်၊
ဂိမ်းဆိုင်၊ လောင်းကစား
အကြွေစေ့ဆိုင်၊ ဆိုင်ကယ်တက္ကဆီ ဂိတ် တွေဖွင့်ခဲ့ပီး လစဉ်ကြေးသတ်မှတ်ပီး
တောင်းကာ ပိုက်ဆံရှာခဲ့ပါသည်…
ဒုတိယခြေလှမ်းအနေနဲ့ လိုင်စင်မဲ့ကားတွေကို တပ်ဖွဲ့ဝင်နာမည်နဲ့ရောင်းခြင်း၊ မြင်းဆေးထုတ်ပီး ထိုင်းနှင့်
ကရင်ပြည်နယ်အတွင်း ရောင်းချခြင်း၊ ပြည့်တန်ဆာဆိုင်၊
ကာရာအိုကေဆိုင်၊ အနှိပ်ခန်းတွေကို ဘာအစိုးရခွင့်ပြုချက်မှမရှိဘဲ
တပ်ဖွဲ့ရံပုံငွေ နဲ့ဖွင့်ခွင့်ပြုပါဆိုပီး ရဲ၊
စစ်တပ်နဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးတွေကိုစာပို့ကာ တရားဝင်
ဗြောင်ဗြောင်တင်းတင်းဖွင့်လာခဲ့ပါတယ်… ဒီလို
အစိုးရရုံးများကို စာပို့တဲ့နေရာမှာလည်း ဘယ်အဖွဲ့အစည်းကတော့ဖြင့် တပ်သားတွေရဲ့
စားဝတ်နေရေး မလုံလောက်ပါသဖြင့် ထိုလိုဆိုင်မျိုးဖွင့်ပီး
တပ်ဖွဲ့ရံပုံငွေရှာပါသည် လို့ပဲ
အကြောင်းကြားခြင်းဖြစ်ပီး ဖွင့်ခွင့်တောင်းခံခြင်း ဖွင့်ခွင့်ရ၍
ဖွင့်ခြင်းမဟုတ်ပေ… အဲဒီအချိန်မှာ ရဲ နှင့်
စစ်တပ်သည်လည်း ဒီလက်နက်ကိုင်အဖွဲ့တွေ လက်နက်မကိုင်လျင်ပီးရောဆိုပီး ဒီလို
ဥပဒေနဲ့မလွတ်ကင်းတဲ့ဆိုင်တွေ မှိုလိုပေါက်အောင် ဖွင့်လာခြင်းကို
မတားဆီးခဲ့ချေ…တစ်ခါတရံလူကြီး လမ်းကြောင်းလာမှ
အင်အားပြပီး တစ်ရက်
နှစ်ရက် ပိတ်ခိုင်းခြင်းသာရှိခဲ့ခြင်းဖြစ်သည်…
တတိယခြေလှမ်း
အနေနဲ့ BGF တပ်ဖွဲ့ဝင်ဖြစ်သည့် ဗိုလ်ချစ်သူက
ဦးဆောင်၍ ကုမ္မဏီဖွင့်ကာ စီးပွားရေးကို
လုပ်ပြလိုက်သောအခါတွင်မူ လက်နက်ကိုင်ပိုက်ဆံတတ်နိုင်သည့် အဖွဲ့တော်တော်များများ ကုမ္မဏီဖွင့်ကြပါတော့သည်… ထိုစဉ်တွင်ကား
ထိုကုမ္မဏီ နောက်ခံရှိ
လက်နက်ကိုင်အဖွဲ့ကိုကိုယ်စားပြု၍
ကားပါမစ်များတောင်းခံခြင်း (တောင်းခံပုံတောင်းခံနည်းကတော့ ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေစီးနင်းနေသောကားများအား တရားဝင်စီးနင်းလိုပါသဖြင့် နိုင်ငံတော်မှ သနားသောအားဖြင့်
တပ်ဖွဲ့ဝင်ကားများကို လိုင်စင်ပြုလုပ်ခွင့် ပေးပါဟု
တောင်းခြင်းပင်)… ထိုနည်းတူစွာ
MOU အလုပ်သမားများ ပို့ခြင်း (တရားမ၀င်ခိုးလမ်းမှ သူတို့ပို့လျှင် ဘာမှမဖြစ် သူများပို့တာကိုသိပါက လူကုန်ကူးဆိုပီး
ဖမ်းကာ ငွေညှစ်သောသာဓကများရှိပါသည်)၊ ပတ်စ်ပို့
ပြုလုပ်ပေးခြင်း (ပတ်စ်ပို့
အတုကို သူတို့ကိုယ်တိုင် ကျောက်လုံးကြီးက
ပတ်စ်ပို့ရိုက်သောဝန်ထမ်းများကို ခြော့တစ်လှည့်ချောက်တစ်လှည့်ပေါင်းကာအတုများထုတ်နေသည်ကို ကိုယ်တိုင်လုပ်ဖူးသည့် သာဓကများရှိခြင်း)၊ သစ်ထုတ်လုပ်ခွင့်ပါမစ်၊ သစ်နိုင်ငံခြားသို့တင်သွင်းခွင့်ပါမစ်၊ ဂတ်စ်
တင်သွင်းခွင့်ပါမစ် (ဂတ်စ်
အလုံးရေ နှင့်ပါမစ်ကျခြင်းဖြစ်ပီး ကရင်ပြည်နယ်ဝန်ကြီးချူပ် ဦးဇော်မင်းကိုပင် ဒီဂတ်စ်အလုံးရေလိုက်
တစ်လုံးကို ဘယ်လောက်နှူန်း ကန်တော့ခဲ့ရသည့်ဖြစ်စဉ်များအထိရှိခဲ့သည်)၊ မြေလွတ်မြေရိုင်းများ တူးဖော်ခွင့်ပါမစ်၊ ဆီအမျိုးမျိုးတင်သွင်းခွင့်ပါမစ်၊ ရေနံတူးဖော်ခွင့်ပါမစ်၊
ဓာတ်သတ္တူတူးဖော်ခွင့်ပါမစ် စသဖြင့်
ကျွန်တော် မသိသေးသောပါမစ်ပေါင်း များစွာကို
ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ရရှိခဲ့ပါသည်...
စီးပွားရေးသမားလူလည်တွေဘာကြောင့်ကုမ္မဏီတွေပြကာဒီလို လက်နက်ကိုင်အဖွဲ့အစည်းနာမည် တွေသုံးပီး ပါမစ်တွေယူကြသလဲဆိုလျင် ထိုလက်နက်ကိုင်အဖွဲ့အတွက်ပေးသော ပါမစ်သည်
များသောအားဖြင့် အခွန်ကင်းလွတ်ခွင့်ရခြင်း၊ အခွန်ပေးရပါကလည်း ပုဂ္ဂလိက ကုမ္မဏီများနှင့်စာလျင် များစွာသက်သာခြင်း၊ ရရှိသည့်
ပါမစ်ထက် ပိုမိုစွာ
လုပ်ကိုင်ခွင့်ရခြင်းစသဖြင့် အကျိုးများသဖြင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စီးပွားရေးသမားတွေရဲ့
စားကျက်မြေတစ်ခုဖြစ်ခဲ့ရပါတယ်…ဒီလို
နိုင်ငံတော်က ကားပါမစ်တွေ
မျိုးစုံချပေးခဲ့သောငြားသည် အခုချိန်ထိ
KPDF က လိုင်စင်မဲ့ကား အစီးရာနဲ့ချီဟာ
တပ်ဖွဲ့ဝင်ရံပုံငွေ လစဉ်ကြေးပေးသွင်းပီး မြ၀တီ ကော့ကရိတ်
ကိုပြေးဆွဲနေဆဲပါ… ဒီလို
လိုင်စင်မဲ့ကားရာဂဏန်းကိုလည်း ထိုင်း
မြန်မာ တံတား
မှာ ကလို့ထူးဘောအဖွဲ့က လစဉ်ကြေးယူပီး
ပြေးဆွဲနေတာပါ… KNU/KNLA PC ကလည်း
လိုင်စင်မဲ့ကားတွေကို စာတမ်းပြာကြီးကပ်ပီး မြန်မာနိုင်ငံမြို့နယ်အသီးသီးကို ပို့ပီး ရောင်းစားနေဆဲပါ…
အခုချိန်ထိလည်း ကရင်အဖွဲ့ခေါင်းဆောင်တွေ အကုန်လုံး
လိုင်စင်ရှိတဲ့ကားကို မစီးနိုင်ကြသေးပါဘူး…ဒီလို
လိုင်စင်မဲ့ကားတွေ တိုက်မိပီ
ပြဿနာတစ်စုံတစ်ခုဖြစ်ပီးဆိုလျှင်ဖြင့် လက်နက်ကိုင်အဖွဲ့က ကားဖြစ်လို့
နစ်နာသူဘက်က ဘာမှပြန်ပြောခွင့်မရှိဘဲ နစ်နာဆုံးရူံးတာတွေကလည်း အများကြီးပါ….
ဒီလို
ရခဲ့တဲ့ပါမစ်တွေဟာ တစ်ခု
တစ်ခုကို သိန်းကို
ရာဂဏာန်းကစပီး ထောင်ဂဏာန်းထိ ရခဲ့ပါတယ်… ဒါပေမယ့်
ဒီပိုက်ဆံဟာ လက်နက်ကိုင်အဖွဲ့နဲ့ ကုမ္မဏီ
ခွဲဝေယူကြပီး တကယ်အမြတ်စွန်းများသူကိုပြပါဆိုလျင်ဖြင့် ဒီ
အရပ်သား စီးပွားရေးသမား လူလည်တွေသာလျင်
ရကြတာဖြစ်ပါတယ်… ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က
တန်ရာတန်ကြေးရသောလည်းပဲ ပြန်ပေးလိုက်ရသည်မှာက မမြင်နိုင်သော အဖတ်ဆယ်လို့မရသော
အဖွဲ့ရဲ့ သိက္ခာ
နှင့် အဖွဲ့
ရဲ့ ရပ်တည်ချက်တွေပဲဖြစ်ပါတယ်…လက်နက်ကိုင်အဖွဲ့အစည်း
ခေါင်းဆောင်တွေကတော့ စီးပွားရေးလုပ်ရာမှာ ဂုဏ်သိက္ခာရှိရှိ
နဲ့ မည်သည့်ဟာတွေက တော့ ဥပဒေနဲ့မလွတ်
မည်သည့်ဟာတွေကတော့ ဘောင်အတွင်းကနေ လုပ်လို့ရသည်ကိုသိသော်လည်းပဲ
သူတို့အားကိုးသော စီးပွားရေးသမားတွေ ဗိုလ်ကြီး
အမည်ခံ ဗိုလ်မှူးအမည်ခံ တွေရဲ့ အောက်တန်းကျသော လုပ်ရပ်တွေက
တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာတွေဘယ်လောက် အောက်ဆုံးကို
ထိုးဆင်းသွားလဲဆိုတာ လုပ်သူက
လည်း ဂရုစိုက်ခြင်းမရှိသလို အထက်ကလူကလည်း
ကြီးကြပ်ခြင်းမရှိပါဘူး….
ပိုဆိုးသည်ကား ကရင်တွေ အမြဲဆောင်ထားသည့် ဆောင်ပုဒ်တစ်ခုဖြစ်သော
ကရင့်လက်နက်ကရင်လက်ထဲတွင်ရှိရမည် နှင့်အတူ
ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်လူသည်သာလျှင် အမှန်၊ ကရင်နားတစ်ဖက်တည်း စသည့် စကားတွေဟာ
ကောင်းသောစကားတွေ မဟုတ်ပါ…အောက်က
တပ်သားတွေ က
လုပ်ချင်တာလုပ် ( ဥပမာ
… အရက်သောက်
မူးရူး၊ ဟိုလူ့ကို
ထိုးမယ် ဒီလူ့ကိုထိုးမယ် စကားများရန်ဖြစ်လျှင်
သေနတ်မိုးပေါင်ထောင်ဖောက်၊ ကားကိုစောင့်ရမ်းမောင်းပီး တိုက်ပီးရင်
သေနတ်ပြပီးခြိမ်းခြောက်၊ ပြဿနာတစ်စုံတစ်ခုများဖြစ်လျှင် ဘာမှတွေးမနေတော့ဘဲ ယူနီဖောင်းတွေဝတ်
သေနတ်ကိုင် ၎
၅ ယောက်နဲ့
ကားတွေ တ၀ူးဝူးမောင်း၊ ဟိုအိမ်ကို
ဝိုင်း ဒီအိမ်ပေါ်တက်
ရိုက်နှက် ခြိမ်းခြောက်
စသဖြင့် ဒါတွေဟာ
မြ၀တီမြို့ခံတော်တော်များများ ခံစားနေရတဲ့
ပြဿနာသေးသေးလေးတွေပါ) ဒီလို
လုပ်ချင်တာလုပ်ပီး အရပ်သားနဲ့
ပြဿနာတက်ရင်ဖြင့် အရပ်သားက
ကရင်လူကြီးကိုသိတဲ့လူအဆက်အသွယ်နဲ့သွားတိုင်ရင်တော့… သူတို့လူကြီးရှေ့များရောက်ပီဆိုလျှင်ဖြင့် မခုတ်တတ်သည့်ကြောင်လေးလို စောင့်ခွက်က
ဇီးသီးစေ့လောက်ပဲရှိတော့တဲ့ မျက်နှာပေးနဲ့ အထက်လူကြီးက
ကရင်လို ဆဲဆိုပီး
နောက်တစ်ခါ ဒီလိုမလုပ်နဲ့ ဆိုပီး ပီးသွားသည်ကများလေသည်…တစ်ချို့ဆိုလျှင် ဘာမှကို အရေးမယူတဲ့အပြင် သွားတိုင်သည့်အတွက်
ဆိုင်ကယ်နဲ့ဝင်တိုက် သေနတ်နှင့်
ချောင်းပစ်ခံရသူတို့အထိ ရှိပါတယ်…
ဒီလို
ပြဿနာသေးသေးလေးတွေက ရဲနှင့်
အစိုးရရုံးများနဲ့ ငြိခဲ့လျှင်တော့ လက်နက်ကိုင်အဖွဲ့
၁၀ ယောက်လောက်
အင်အားပြပီး ဗိုလ်မှူးဆိုသူက ဖိတ်တွေဝိတ်တွေသုံးပီး
ရှင်းခဲ့တာကများပါတယ်… အစိုးရ
ဌာနဆိုင်ရာ လူကြီးတွေရဲ့
ပေါ်လစီဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သတ်လာရင် အတတ်နိုင်ဆုံး လိုက်လျောညီထွေစွာ
နဲ အမြန်ဆုံး
ပြဿနာပြေလည်အောင်ဖြေရှင်းပေးရပါတယ်… ပြည်သူတွေ
အသက်စည်းစိမ်ကို ကာကွယ်ပေးတဲ့
ရဲ နဲ့စစ်တပ်ကတောင် လိုက်လျောညီထွေဆက်ဆံနေတော့
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေထဲက လက်အောက်တပ်သားတွေ သွေးနားထင်ရောက်တာ
မဆန်းပါဘူး… ဒီလို
အထက်ပါ ပြဿနာသေးသေးလေးတွေ ဖြစ်နေပေမယ့်လည်း
မြ၀တီမှာနေထိုင်တဲ့ ကရင်
ဗမာ အားလုံး
အေးအေးချမ်းချမ်းနဲ့ပဲ သူ့လူငါထိန်း
ငါလူသူထိန်း ဆိုပီး
နေခဲ့ပါတယ်…
ဒီလိုနေခဲ့တာကို ဗိုလ်တိုက်ဂါးတို့အဖွဲ့က
သွေးနားထင်ရောက်ပီး နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေနိုင်တဲ့ အပြုအမူကိုစတင်လုပ်ခဲ့တာပါ… စိတ်ထင်တိုင်းလုပ်တာက
သူတို့ ဘယ်သူ့ကြောင့်လဲလို့နာမည်တပ်တော့မြ၀တီနေပြည်သူတွေအတွက်တဲ့ဗျ… သူတို့တင်ပြတဲ့အကြောင်းပြချက်က
သူတို့ကားတွေကို ထိုင်းရဲတွေစစ်လို့တဲ့… ကဲ ထိုင်းရဲတွေ
ဘာစစ်လဲကြည့်ရအောင်ဗျာ… ကားသမား
မူးနေ မနေ၊
ခါးပတ်ကြိုးတပ်ထားမထား၊ လ၀က
က ထုတ်ပေးထားတဲ့စာရွက်လူစာရင်းထဲက မရှိတဲ့လူပါနေလား၊ လတ်မှတ်မရှိတဲ့လူ
တင်ထားသလား၊ ဒါတွေကို
စစ်တာပါ… အမှန်တကယ်
ထိုင်းတွေဘက်ကကားလိုင်စင်ရှိမရှိ နဲ့ ယာဉ်မောင်းလိုင်စင်ရှိမရှိဆိုတာကိုပါ စစ်ခွင့်ရှိပေမယ့် ဒီကရင်
လက်နက်ကိုင်တပ်ဖွဲ့တွေ စည်းကမ်းနားမလည်တာကို သိလို့
ဒီအချက်တွေတော့ မစစ်ဘူးဗျ…
ဒါကို မတရားဘူးလို့ထင်ပီး မင်းမဲ့စရိုက်ဆန်ဆန်
ဘာအကြောင်းပြချက်မှမရှိ
မြ၀တီမြို့ထဲမှာ ထိုင်းကားတွေကို တားပီးစစ်တာဗျ… ထိုင်းဘက်က
ရဲတွေ ဒီလို
အလုပ်လုပ်တယ်ဆိုရင် မြန်မာဘက်က
ရဲတွေ ဘာလုပ်နေလဲ…
စစ်လေဗျာ… မဟုတ်မမှန်ရင် ဖမ်း ဒဏ်ငွေရိုက်လေ…
အခု ဟာကတော့
မြ၀တီက ရဲတွေ
က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ သူတို့အလုပ်က
လည်း လူကြီးလာမှသာ
လုံခြုံရေးယူရုံလောက်ဆိုတော့ ငပျင်းတွေဖြစ်ပီး ဒါတွေ လုပ်ရကောင်းမှန်းမသိတော့တာပါ….
ပီးတော့
ကြေငြာချက်ထုတ်တဲ့နေရာမှာလည်း လက်ရှိအာဏာရစစ်တပ်က ထုတ်တဲ့ ကြေငြာချက်ကို မနာခံချင်ချင်
နာခံချင်ချင် ခေါင်းငြိတ်ရမှာပဲလေ…
ဒါကိုတန်ပြန်ပီး ဗိုလ်တိုက်ဂါးထုတ်တယ်ဆိုတော့ ဒါ
ပခုံးချင်းယှဉ်တာလေ…စစ်တပ်အနေအထားကြည့်ရင် ဒါ
စိန်ခေါ်မူတစ်ခုပဲလေ… ဒါပေမယ့်
ဗိုလ်တိုက်ဂါး လည်း
ကြောက်ရှာသား… သူ့လတ်မှတ်
မဟုတ်ဘူး သူမသိလိုက်ပါဘူးဆိုပီး ငြိမ်ပီး
အခု RPG နဲ့
ချောင်းပီးထုတာလေဗျ… အခုဖြစ်နေတဲ့
ပြဿနာအားလုံးက စစ်တပ်
က စတာ
တစ်ခုမှ မပါသေးဘူး...
ဗိုလ်တိုက်ဂါး လက်အောက်ကလူတွေ ဘယ်လိုလူတွေလဲဆိုတာကတော့
ကျွန်တော် အသားထဲက
ကရင်လောက်ကောင်များဆောင်းပါးမှာ ရေးခဲ့ဖူးပါတယ်…
ဗိုလ်တိုက်ဂါး စုဆောင်းထားတဲ့ တပ်သား ၁၀
ယောက်ဆိုရင် ဒီလိုကောင်မျိုး ၆ ယောက်လောက်ပါပါတယ်…
ဗိုလ်တိုက်ဂါးကိုယ်တိုင်လည်း စစ်အစိုးရနဲ့
သူသေကိုယ်သေ တိုက်ပွဲမျိုးတွေမှာလည်း မပါဝင်ဖူးပါဘူး…
ကရင်ပြည်သူလူထုအတွက်လည်း အသက်သွေးချွေး တစိုးတစိမှ
မပေးဘူးပါဘူး… ဒါပေမယ့်
သူယူထားတဲ့ ရာထူးက
အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးတဲ့ဗျ… အဲဒီတိုက်ဂါးဆိုတာ
ကရင်ပြည်သူလူထုအတွက်လုပ်ပေးတာဆိုလို့ မယ်တော်ဆေးခန်းမှာ ကားဝင်မောင်းပေးတာပဲရှိခဲ့တာပါ…ဒါတောင်
တစ်ခါတစ်ခါ ဆီခိုးထုတ်ပီး အပြင်ပြန်ရောင်းသေးတယ်လူမျိုး…အခုလက်ရှိ
ဒီလိုရာထူးမျိုးယူပီး မြ၀တီက
မရှိဆင်းရဲသား ပြည်သူဘယ်နှစ်ယောက်ကို ပေးကမ်းဖူးလဲ…
မြ၀တီမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီး
ဘယ်နှစ်ပါးကို အလှူဒါနလုပ်ဖူးလဲ…
နောက်မေးရရင်အများကြီးပါ…မည်သို့ပင်ဆိုစေ သူရှာခဲ့တဲ့
ပိုက်ဆံ အကုန်လုံးက
သူနှင့် သူလူ့အတွက်ချည်းတွေပါပဲ…
သေနတ်လေး
ကိုင်ထားတဲ့ သွေးဆူနေတဲ့
ကရင်တစ်ချို့လုပ်တာနဲ့
တကယ် ကောင်းမွန်တဲ့ ကရင် အားလုံးကို
ရောပီး မပြောချင်ပါဘူး…
မည်သို့ပင်ဆိုစေကာမူ မပြေးသော်လည်း ကန်ရာရှိ
သလိုမျိုး ပါပဲ
တကယ့်ကရင်လက်နက်ကိုင် အဖွဲ့တွေ
အရင်လို ဂုဏ်သိက္ခာ
နဲ့ ရပ်တည်ခဲ့သလို ပိုက်ဆံရှာတဲ့ဘက်မှာလည်း
သိက္ခာနဲ့ရပ်တည်နိုင်အောင် ကြိုးစား
ပြုပြင်သင့်ပါတယ်… ဒီလို
ငါးခုံးမနဲ့တူတဲ့ ကရင်၊
ကရင်စကားနားမလည်ပြောမတတ် ကရင်စစ်သားလို့နာမည်ခံထားတဲ့ ကရင်၊
ပိုက်ဆံရဖို့ ကိုယ့်အဖွဲ့ကိုယ်ရောင်းစားတဲ့ ကရင်၊
စီးပွားရေးကို သေနတ်ပြမှ
လုပ်တတ်တဲ့
ကရင်နဲ့ ကရင်မဟုတ်သော
ကရင်များ ကိုတော့ ဖြုတ်၊ ထုတ်၊ သတ်ဆိုတဲ့ စနစ်မျိုး လုပ်သင့်ပီလို့ ထင်ပါတယ်…
ဒါကြောင့် မင်းတို့က
တဖက်သတ်မပြောပါနဲ့ မင်းတို့စစ်တပ်ကကော ဘယ်လောက်များ အကျင့်ကောင်းနေလဲ လို့ပြောနေသည့်ကရင်လူမျိုးကို
ချစ်တဲ့ ကရင်စစ်သားနှင့် ကရင်ပြည်သူအပေါင်းတို့ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည် မှာ
လုပ်ဖို့လွယ်သောလည်းပဲ ကရင့်ကောင်းသောကံကြမ္မာ ကရင်ဖန်တီးမည် နှင့် ကရင့်သိက္ခာ
ကရင်ဖန်တီးရမည် ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်လွယ်လိမ့်မည်မထင်…. မည်သို့ပင်ဆိုစေ သားသမီး မကောင်း မိဘခေါင်းဆိုသကဲ့သို့ လက်အောက်ငယ်သား မသိလို့ပဲမှားမှား
ဘယ်လိုပုံစံနှင့်ပဲမှားမှား ကရင်စစ်တပ်ကို ဦးစီးဦးဆောင်ပြုနေသော ကရင်စစ်တပ်ခေါင်းဆောင်ကြီးများတွင်
တာဝန်အပြည့်အ၀ ရှိကြောင်း ဒီဆောင်းပါးလေးဖြင့် ပြုပြင်ဖို့ အသိပေးတင်ပြလိုက်ပါသည်…..
ကိုလေပွေ နှင့် Zarni Aung ပူးပေါင်းရေးသားသည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။