
လေလံပွဲမှကားများရပ်ထားပုံ
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် နိုင်ငံတော်မှ သိမ်းဆည်းထားသည့် လိုင်စင်မဲ့ယာဉ်များကို လေလံပစ်ခဲ့ရာ လေလံအောင်ယာဉ်များအနေဖြင့် ထိုင်းနယ်စပ်မြို့များတွင် လိုင်စင်မဲ့ယာဉ်များနှင့် ကိုယ်ထည်ပြောင်းလဲတပ်ဆင်ခြင်းမှာ ခေတ်စားခဲ့လေသည်။
ယင်းသို့ ကိုယ်ထည်ပြောင်း (အခွံချိန်း) ယာဉ်များနှင့်အတူ နယ်စပ်မှ လိုင်စင်မဲ့ယာဉ်များလည်း ပြန်လည်ဝင်ရောက်လာပြီး ရန်ကုန်အပါအ၀င် မြို့ကြီးများတွင် တရားဝင်ယာဉ်များနှင့်ရောနှော စီးနင်းမှုများ ရှိလာခဲ့ပြီဖြစ်သည်။
ယင်းကဲ့သို့ လိုင်စင်မဲ့ယာဉ်များကို ရန်ကုန် မန္တလေးအပါအ၀င်မြို့ကြိးများသို့ တာဝန်ယူပို့ဆောင်ပေးနေသည့် အဖွဲ့အစည်းများမှာ ကရင်ပြည်နယ်အခြေစိုက် ဒီကေဘီအေအဖွဲ့အစည်းဟု သိရပြီး ၎င်းအဖွဲ့နှင့်အတူ ဒေသအာဏာပိုင်များလည်း ပါဝင်နိုင်ကြောင်း အကဲဖြတ်များက သုံးသပ်ခဲ့ကြသည်။ နယ်မြို့များတွင် လူသုံးများသည့် ဟိုင်းလတ်ယာဉ်ငယ်တစ်စီးသည် အနည်းဆုံး ကျပ်သိန်းသုံးဆယ်ခန့် ကျသင့်ကြောင်းလည်း ရန်ကုန် သတင်းထောက်မှတဆင့်သိရသည်။
ယူနီဗာဆယ်
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။