အမှတ် (၁) စက်မှုဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စက်ရုံ များအားလုံးကို ပုဂ္ဂလိက အင်အားကြီးကုမ္ပဏီကြီး စီးပွားရေးအဖွဲ့အစည်းများသို့ လွဲပြောင်းပေးရန် အသင့်ရှိနေကြောင်း အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦက ပြောကြားခဲ့သည်။ တစ်ချိန်ကျရင်တော့ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံမှာ အမှတ်(၁) စက်မှုဝန်ကြီးဌာနဆိုတာ ရှိချင်မှ ရှိတော့မှာပါ။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ ၀န်ထမ်းအရင်းအမြစ်တွေ သင်ကြားထားတဲ့ ပညာရပ်တွေ လေ့လာထားတဲ့ ကျွမ်းကျင်မှုတွေ အလဟသမဖြစ်အောင် ကျွန်တော်တို့ရဲ့ စက်ရုံအသီးသီးကို မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ထူးအင်တာနေရှင်နယ်။ မြန်မာစီးပွားရေးဦးပိုင်လိမိတက်၊ မက်စ်မြန်မာကုမ္ပဏီနှင့် ဧရာရွှေဝါကုမ္ပဏီတို့နဲ့ စက်မှု(၁) မဟုတ်တော့တဲ့ နိုင်ငံတော်နဲ့ ဖက်စက်လုပ်သွားနိုင်အောင် စီစဉ်နေပါတယ်။
ဝန်ထမ်းအင်အား၊ စက်အင်အား စာရင်းတွေ အရံအင်အား စာရင်းတွေ ကျွန်တော်တို့ ခုကောက်ယူနေပါပြီ။ ဒါ ဒီလကုန်မကုန်ခင် အပြီးဖြတ်မှာပါ ဟု ပြောကြားခဲ့ကြောင်းရန်ကုန် သတင်းဌာနပေးပို့ချက်အရတင်ပြလိုက်ပါသည်။
ယူနီဗာဆယ်
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။