Sunday, December 6, 2009

မြန်မာပြည်စီးပွားရေးမပိတ်ဆို့ရေးအယူခံ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်

ဒီဇင်ဘာလ ၂ ရက်နေ့ က လန်ဒန်မှာ ဗမာပြည်ကိုစီးပွားရေးပိတ်ဆို့တာရုပ်သိမ်းဖို့အချိန်ကျပြီ ဆိုတဲ့ခေါင်းစဉ်နဲ့ It is time to lift sanctions against Burma စကားစစ်ထိုးဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စကားစစ်ထိုးပွဲတွင် ....
နအဖ အတွက် လော်ဘီလုပ်ပေးနေသော သန်းမြင့်ဦး (ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေး)


Dr Frank Smithuis နှင့်
Derek Tonkin တို့ ၃ ယောက်က စီးပွားရေးရုပ်သိမ်းဖို့ အဆိုဖက်က ဆွေးနွေးခဲ့ပြီး၊
မြန်မာ့ဒီမိုကရေစီအရေးအတွက်လှုပ်ရှားဆောင်ရွက်နေသော
Burma Campaign UK က Mark Farmaner
Christian Solidarity Worldwide က Benedict Rogers
Human Rights Watch's Asia Division က Brad Adams တို့ ၃ ဦးက
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတာမလုပ်သင့်သေးကြောင်း အချေဖက်က ဆွေးနွေးသွားပါတယ်။
စကားစစ်ထိုးပွဲလုပ်နေသည်ကို အင်တာနက်ပေါ်မှ တိုက်ရိုက်ကြည့်ရှူနိုင်ပြီး တိုက်ရိုက်မဲပေးနိုင်ခဲ့ပါတယ်။
ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲ ၃မျိုး ၃စား ရှိပြီး၊
စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းဖို့ကို ထောက်ခံတဲ့ဖက်က 33.9 %
ကန့်ကွက်တဲ့ဖက်က 65.3 %
မပြောတတ်ပါဆိုတဲ့ ကြားနေမဲက 0.8 % ရရှိသွားခဲ့ပြီး၊ စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းဖို့ အဆိုတင်သွင်းခဲ့တဲ့ သန်းမြင့်-ဦး တို့ဖက်က အပြတ်အသတ် ရှုံးနိမ့်သွားကြောင်း သိရှိရပါတယ်။

မဲပေးခဲ့တဲ့ Result ကိုကြည့်ချင်ရင် အောက်ပါလင့်ခ်
http://events.intelligencesquared.com/vote-result.php?debate=EVT0193
မှာ ၀င်ရောက်ကြည့်ရှူနိုင်ပါသည်။

သားဆွေ

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။