Sunday, December 6, 2009

မိုက်ရိုင်းတဲ့ ၀န်ကြီးဌာနတစ်ခုဖြစ်တဲ့ လ၀က ရုံးရဲ့အနိင်ကျင့်ပုံတွေကို ရင်ဖွင့်တဲ့ ပေးစာ

ရှမ်းပြည်မြောက်ပိုင်းမြို့ဘက်ကို ခရီးသွားရင်းနဲ့ တစ်ခရီးတည်းသွား မိတ်ဆွေတစ်ဦးနဲ့ ခင်မင်ရင်းနှီးပြီး သူ့ရဲ့တွေ့ကြုံနေရတဲ့ အခက်အခဲတစ်ခုကို ရင်ဖွင့်သွားခဲ့ပါတယ်.....
သူတို့နေထိုင်တဲ့ရှမ်းမြောက်မြို့တစ်မြို့မှာ... မှတ်ပုံတင်လုပ်တဲ့နေရာမှာ လ၀ကအမှုထမ်းတွေရဲ့ လုပ်ကိုင်နေကြပုံကို စိတ်မကောင်းစွာနဲ့ပြောသွားခဲ့ပါတယ်...

သူ့မိတ်ဆွေတစ်ယောက်.. သူက နိုင်ငံသားဖြစ်လို့ နိုင်ကဒ်ရထားသူပါ.. ဒါပေမယ့် သူ့ဇနီးက နိုင်ငံသားမဟုတ်လို့ ဧည့်ပေါ့နော်... သူ့သားသမီးတွေ မှတ်ပုံတင်လျှောက်ထားတဲ့အချိန်မှာ အရမ်းအခက်အခဲတွေ့နေရတယ်ဆိုပါတယ်... စလုပ်ဖို့မှတ်ပုံတင်ရုံး(မြို့နယ်. လ၀က)ကိုသွားတော့ တစ်ဦးကို မြန်မာငွေတစ်သိန်းခွဲစီပေးရမယ်ဆိုလို့ တစ်ဦးကို ကျပ်တစ်သိန်းခွဲနှုန်းနဲ့ သားနဲ့သမီးနှစ်ဦးအတွက် ငွေကျပ်(၃)သိန်းကို ချက်ချင်းထုတ်ပေးခဲ့ပါတယ်တဲ့၊ (၆)လကနေ တစ်နှစ်နီးပါးကြာလာလို့ဘာမှ မထူးခြားသေးလို့ လ၀ကရုံးကို သွားမေးတော့ လုပ်ထားပါတယ်.. ဒီလို နိုင်နဲ့ ဧည့် ရဲ့ ကလေးတွေကိစွက ကြာတယ်ဆိုတဲ့အကြောင်း ရုံးချုပ်အထိ တင်ရကြောင်း နားရှုပ်သွားအောင် ရှင်းလင်းပြောပြလိုက်ပါသတဲ့...။ ဟုတ်မှာဘဲဆိုပြီး နေလိုက်ပြန်ရော့.. တစ်နှစ်ကျော်လာလို့ နောက်တစ်ကြိမ် သွားမေးပြန်တော့ လက်မှတ်ထိုးမယ့်လူကြီးက မရှိလို့.. အဲဒီကို လက်မှတ်သွားထိုးရမှာမို့ လမ်းစရိတ်လိုကြောင်းပြောလို့တစ်ဖန် လမ်းစရိတ်အဖြစ် သောင်းဂဏန်းအထိ ပေးလိုက်ရပြန်တယ်ဆိုပါတယ်..။ တောင်းသမျှပေးပြီး ရမလာတော့ ဘယ်သူမဆို စိတ်ထဲမှာ ခံစားကြည့်ပေါ့နော်..။ သွားမေးပြန်ရင်လည်း ဟိုလွှဲ ဒီလွဲနဲ့ .. တာဝန်ရှိတဲ့ အတော်အသင့်ရာထူးကြီးတဲ့(လ၀က)သွားမေးမြန်းစုံစမ်းပြန်တော့ ထူးခြားမလာပါဘူးတဲ့ဗျာ...။ သူ့ခမျာ ဘယ်လို ဆက်လုပ်ရမှန်း မသိတော့ဘူးတဲ့.. အထက်ဌာနကို တိုင်ပြန်တော့ကော ထူးခြားမလာရင် အခက်တွေ့မယ်ဆိုပြီး.. ကြောက်နေရပြန်ပါသတဲ့ဗျာ...။
သိရသလောက်တော့ အဲဒီရှမ်းမြောက်မြို့တွေမှာ လ၀က အမှုထမ်းတွေ တော်တော်ကြီးပွါးနေတယ်ဆိုတာသိရတယ်ဗျာ... ၊ ဖြစ်တော့ဖြစ်နိုင်တယ်. ဟိုတစ်နှစ်က ခရီးသွားရင်း လ၀က အမှုထမ်း(အောက်ခြေအဆင့်)တစ်ဦးနဲ့ တွေ့တော့... တော်တော်ထောနေပုံဘဲ လက်ထဲမှာ ဟန်းဖုန်းနဲ့.. လမ်းခရီးမှာ ကားနားပြန်တော့ .. ဘီယာဗူးနဲ့... လက်ထဲမှာ စီးကရက်နဲ့... အတော်ဟန်ကျ ပန်ကျပဲဗျာ...။ တစ်ဘက်က မျက်ရည်ကျ တစ်ဘက်မှာ ဟန်ကျ ပန်ကျ ပေါ့နော်.။။။။။။။။။

အောင်မင်း

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။