Sunday, December 6, 2009

ကြေးမုံသတင်းစာ ၀န်ထမ်းတွေ မမျှမတနဲ့  ခွဲခြားဆက်ဆံခြင်း ခံနေရပါကြောင်း။ တိုင်စာ



ကျွန်တော် ကျွန်မတို့ဟာ ကြေးမုံ သတင်းစာတိုက်မှာ တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ကြပါတယ်။

ယခုနှစ်တွင် ကြေးမုံသတင်းစာတိုက် အပါအ၀င်၊ အခြားသော သတင်းစာတိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပါတယ်။


သို့ရာတွင် ကြေးမုံသတင်းစာတိုက်တွင် ပြောင်းရွှေ့မိန့် ရရှိထားကြသော ရုံးအုပ်နှင့် တာန်ရှိသူများသည် မန်နေဂျာ၊ အခြားပိုင်ရာဆိုင်ရာများနှင့် ပူးပေါင်းကာ ရန်ကုန် အထိုင်အနေဖြင့် ကျန်ရစ်ခဲ့ကြပါတယ်။
အခြားသတင်းစာတိုက်များ သည် ရာထူးကြီးငယ်မဟူ အားလုံးပြောင်းရွှေ့ ကြရပေမယ့် ကြေးမုံသတင်းစာတိုက်တွင် အမှန်တကယ် တာဝန်ရှိ (ရာထူးကြီး) သောသူများ မပါဝင်ပဲ လူငယ၊်အောက်ခြေ ၀န်ထမ်းများသာ ပြောင်းရွှေ့ခဲ့ရတာပါ။ ဒီလိုလုပ်နေတာ အလျည်းသင့်သူများကိုသာ ရွှေ့ပြောင်း လုပ်နေတာ ဖြစ်ပါတယ်။

ဒီအပြင် ကြော်ငြာဌာန နှင့်တကွ ဖြန့်ချီရေး စသော၊ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျည်းသင့်သူများသာ တာဝန်ချထားခံနေရပါတယ်။

ယခု နေပြည်တော်သို့ ရောက်ရှိရာတွင်လည်း အဆောင်နှင့် အဆောင်ထမင်းဟင်းများအား ၀င်ရောက် ကြီးကြပ်မှူ မရှိခြင်းကြောင့် အဆောင်ထမင်းဟင်းများမှာ စီစဉ်ချက်ပြုတ်မှူ ညံ့ဖျင်းလှပါတယ်။

သို့ဖြစ်ပါသောကြောင့် မန်နေဂျာနှင့်တကွ တာဝန်ရှိသူ လူကြီးများဧ။် စီမံညံ့ဖျင်းမှု ကြောင့် အောက်ခြေ၀န်ထမ်းများ ထိခိုက်နစ်နာနေကြရပါကြောင်းနဲ့  လိုအပ်သော အရေးယူ ဆောင်ရွက်မှု ပြုလုပ်ပေးနိုင်ရန် တင်ပြလိုက်ရပါတယ်။

(ကြေးမုံသတင်းစာ ၀န်ထမ်းများ)။

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။