
၂၀၀၉ ခုနှစ်အတွင်း မြန်မာဒီဇိုင်နာများ၏ ဖန်တီးမှုများဖြင့် ဖက်ရှင် ရှိုးပွဲကျင်းပမှုများ ပိုမိုကျယ်ပြန့်လာခဲ့ခြင်းသည် အမျိုးသမီးများအကြား ၀တ်စားဆင်ယင်မှု အပြောင်းအလဲ ဖြစ်ပေါ်စေခဲ့သည့်အတွက် ၂၀၀၉ ခုနှစ်၏ ထင်ရှားကျော်ကြားမှု ဖြစ်စဉ်တစ်ခုအဖြစ် ရွေးချယ်ရပါသည်။
၁၉၉၂ ခုနှစ်ဝန်းကျင်မှ စတင်ခဲ့သော မြန်မာဖက်ရှင် ပြပွဲများသည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် ပိုမို အားကောင်းလာခဲ့ပြီး မြန်မာပရိသတ်နှင့်လည်း ပိုမိုရင်းနှီးကျွမ်း ၀င်လာခဲ့သည်။ မြန်မာဖက်ရှင် ပြပွဲများ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျ ပြပွဲတွင် ပါဝင်သည့်
ဒီဇိုင်နာများ၏ ဒီ ဇိုင်းလက်ရာများ၊ မော်ဒယ်နှင့် သရုပ်ဆောင်များသည်လည်း ပရိသတ်များအပေါ် အတိုင်းအတာ တစ်ခုထိ လွှမ်းမိုးမှု ရှိလာခဲ့သည်။ ဖက်ရှင်ပြပွဲများ၌ ၀တ်ဆင်ပြသမှုများသည် ဆန်းသစ်မှုနှင့် နိုင်ငံတကာ ၀င်ဆံ့နိုင်မှုကိုသာ အဓိကဦးတည် ဆောင်ရွက်လာကြောင်း လေ့လာသူများက ဆိုပါသည်။ ပြောင်းလဲလာသော ခေတ်ရေစီးတွင် အမျိုးသမီး များသည် ဖက်ရှင်အပေါ်စိတ်ဝင်စားမှု ပိုမိုလာခဲ့ရာ ပြည်တွင်းဖက်ရှင် ဒီဇိုင်နာများ၏ ဖန်တီးပြသမှုများ လွှမ်း မိုးမှုသည် လူတန်းစာအလွှာအသီးသီးရှိ အမျိုးသမီးထုများ၏ နေ့စဉ်ဝတ်စားဆင်ယင်မှုများ၌ တွေ့မြင်ရသည် အထိ အားကောင်းလာခဲ့သည်။
၂၀၀၉ ခုနှစ် အတွင်းကျင်းပခဲ့သည့် ဖက်ရှင်ပြပွဲအများစုမှာ အစဉ်အလာတစ်ခု အဖြစ် ကျင်းပသည့်ပွဲ အများစုဖြစ်ပြီး ဖက်ရှင်ပြပွဲများ၏ ထူးခြားချက်မှာ ပွဲစီစဉ်သူ၏ တောင်းဆိုမှု အပေါ်ဒီဇိုင်နာများ၏ ပူးပေါင်းဖန်တီးမှုများနှင့် ကျင်းပသည့် ပွဲအများစုပါ ၀င်ခဲ့သည်။
''၂၀၀၉ ခုနှစ်ရဲ့ ထင်ရှားတဲ့ဖြစ် စဉ်တွေထဲမှာ ဖက်ရှင်ပြပွဲတွေ ပါဝင်ပါတယ်။ ပြည်တွင်းဖက်ရှင်ပြပွဲတွေ မှာလည်း ထူးထူးခြားခြား ကြိုးစားမှု အဖြင့် တင်ပြခဲ့ကြတယ်။ ဒါပေမယ့် ပြည်တွင်းဖက်ရှင်ပြပွဲ အများစုရဲ့ ဒီဇိုင်းတွေက ပေါင်လယ်ပိုင်းနဲ့ အဖော် အပြတ်တွေများခဲ့သလို မြို့နေအမျိုးသမီးထုရဲ့ဝတ်စားဆင်ယင်မှုကလည်း အတိုအပြတ်တွေကို ပိုပြီးဝတ်ဆင်လာ ကြတယ်''ဟု ၀ါရင့်ဂျာနယ်လစ် တစ်ဦးက ပြောကြားခဲ့သည်။
ယင်းသို့ ဖြစ်ရခြင်း၏ အကျိုးဆက်များတွင် ပွဲစီစဉ်သူ၊ ဒီဇိုင်နာ၏ ဖန်တီးမှုများအပြင် ယင်းဖက် ရှင်ဒီဇိုင်းများအား ၀တ်ဆင်ပြသသူများ၏ တင်ပြမှုအပေါ်တွင်လည်း ပိုမိုသက်ဆိုင်မှု ရှိကြောင်းသိရသည်။ နာမည်ရ အနုပညာရှင်များ ၏ ၀တ်စားဆင်ယင်ပြသမှုသည် လူ ထုအကြားသို့ ပိုမိုပြန့်နှံမှု ဖြစ်စေခဲ့ကြောင်း လေ့လာသူများက ပြောကြားခဲ့ပါသည်။
''ကျွန်တော်တို့ နိုင်ငံက မြန်မာ အမျိုးသမီးတွေ ၀တ်စားဆင်ယင်မှု ရဲတင်းလာတာတွေက ကြည့်ရဆိုး ပါတယ်။ ထိုင်းနိုင်ငံမှာတောင် ဒီမှာ တွေ့နေရသလို ဆိုးဆိုးဝါးဝါး မတွေ့ခဲ့ရပါဘူး။ ဖက်ရှင်ရှိုးတွေကို စိစစ် သင့်ပါတယ်''ဟု ထိုင်းနိုင်ငံသို့ မကြာခဏသွားရောက်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။
ရန်ကုန်သား
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။