ဤ ခေါင်းစဉ်အောက်က စာသားများကို ဖတ်ရှုနေသော စာဖတ်ပရိတ်သတ်များကို အပိုင်း (၃) ကိုဖော်ပြရာတွင် အချိန်ကြာသွားသည့်အတွက် အနူးအညွတ်တောင်းပန်လိုက်ပါရစေ…..
ယူနီဗာဆယ် ၀ဘ်ဆိုဒ် ၀ိုင်းတော်သားများသည် သတင်းကိုမှန်ကန်မှုရှိစေရန် ပေးလာသောပေးစာများနှင့်စုံစမ်းသိရှိရသောသတင်းများ ကိုသေချာစွာ ချိန်ဆ၍ ပြည်သူလူထုကို မှန်ကန်သောသတင်းအဖြစ်သိရှိအောင် တင်ပြခြင်းဖြစ်ပါသည်…
ယခု ဦးမိုးသီး ခေါ် ဦးစံသွင် အကြောင်းကို ယူနီဗာဆယ်ဆိုဒ်မှ ပြည်သူလူထုသိအောင်တင်ပြနေခြင်း၏ အဓိကရည်ရွယ်ချက်မှာ
• အစိုးရနှင့်ပြည်သူအကြားတွင် ၂ ဖက်စလုံးကိုခုတုံးလုပ်၍ ကိုယ့်အိတ်ကပ်ဖောင်းနေအောင်လုပ်နေသူများ သိစေရန်၊
• ဦးမိုးသီးကြောင့် ဘ၀ပျက်ပြီး ငိုကြွေးခဲ့ရသော အပြစ်မဲ့သူများဘက်မှ ရပ်တည်ပြီး အမှန်တရားကိုဖော်ထုတ်ပေးရန်၊
• အာဏာပိုင်အစိုးရလူကြီးများက မသိလိုက်ဘဲနဲ့ အောက်ခြေကပေးသော သတင်းမှားကိုအခြေခံပြီး ဤလိုလူမျိုးများကို ရာထူးအာဏာများဆက်လက်မပေးနိုင်စေရန်၊
ရည်ရွယ်ပြီး သတင်းများကိုဖော်ပြပေးနေခြင်းဖြစ်လေသည်…
ဦးမိုးသီးသည် အဖကို ဓားနှင့်ခုတ်ပြီး ဒူးထောက်ကာပါးရိုက်သော သည်လိုလူမျိုးသည် သူ့လက်အောက်က အာဏာစက်မလွတ်သောပြည်သူများအဖို့ကား ပြောဖွယ်ရာမရှိတော့ပြီ…ထို့ကြောင့် ယောင်္ကျား၊ မိန်းမ ကလေးပါမကျန် ရွာလုံးကျွတ်လတ်မှတ်ထိုး၍ ရပ်ကွက်ဥက္ကဠ ရာထူးမှဆင်းရန်တောင်းဆိုခဲ့ပါသည်…
ထို့စဉ်က ဦးမိုးသီးကို ရာထူးမှဖြုတ်ခဲ့သော ဗိုလ်မှုးအောင်ငြိမ်းကိုယ်တိုင်ကလည်း
“ မိုးသီးလိုကောင်မျိုးကို ဆိုက်ကားနင်းတာတောင် ဂိတ်မှုးမခန့်နဲ့ကွ၊ အကြီးအကဲနေရာ ဘယ်နေရာမှ မတင်နဲ့ကွ၊ ပြည်ပျက်လိမ့်မယ် ” လို့တောင် ပြောခဲ့တာပါ…
ဗိုလ်မှုးအောင်ငြိမ်းမရှိတဲ့နောက်ပိုင်းမှာ ဦးမိုးသီးဟာ နောက်လာတဲ့ လူကြီးတွေကို မကောင်းတဲ့အရာမျိုးစုံနဲ့ သိမ်းသွင်းပြီးသူလိုချင်တဲ့ နေရာမျိုးကို ရအောင်ယူခဲ့ပါတယ်…
ဖာလိုချင်ရင် ဖာ၊ အရက်လိုချင်ရင် အရက်၊ အားလုံးလုပ်ပေးပြီးတာနဲ့ သူလိုချင်တဲ့ဟာ တောင်းတာနဲ့ အထက်လူကြီးခဗျာ မပေးရင်လည်းအခက်၊ ပေးရင်လည်းအပျက်….
ကြားကမှ မထူးပါဘူးဆိုပြီး ကိုယ့်နာမည် နဲ့ရာထူးလေးကို မထိခိုက်ရအောင် ဦးမိုးသီးစားစေဗျား………………….တဲ့..
အခု လက်ရှိရထားသော (မထသ) ဥက္ကဠ နေရာသည်လည်း ခ.ယ.က ဥက္ကဠ ဗိုလ်မှုးအောင်ဆွေညွန့်နှင့် ကြားမှာ ရှိခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကြောင့် ဗိုလ်မှူးခဗျာမှာ ပစ်ရမှာလည်း အဆီနဲ့တ၀င်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်ဖြစ်နေသောကြောင့် နောက်ဆုံးဘယ်သူ့မျက်နှာမှမကြည့်နိုင်ဘဲ (မထသ) ဥက္ကဠ နေရာကိုလူမိုက်အလုပ်ခံပြီး ပေးခဲ့ခြင်းဖြစ်လေသည်…
အဲဒီဇာတ်လမ်းလေးကို အကျူဉ်းတင်ပြရသော………..
ဗိုလ်မှုးအောင်ဆွေညွန့်သည် မယားကြီးရှိလျှက်နှင့် ဘားအံသို့တာဝန်ကျသည့် အချိန်လာသည့်အချိန်တွင် မ……..ဆိုသည့်မိန်းကလေး ကို မျက်စိကျပြီး ကိုယ်တွင်းပိုးတွေသည်ထိန်းမနိုင် သိမ်းမရဖြစ်လာလေသည်…ဤ မ……တွင် ကာမပိုင်ရှိသော်လည်း သူ့မိန်းမလိုချင်ရင် သူ့လင် လှံနဲ့ထိုးဆိုသကဲ့သို့ အမျိုးမျိုးသော ထွင်လုံးတွေဆင်ပြီး မောင်……. ကိုအချူပ်ထဲမှာ သင်ခန်းစာကောင်းကောင်းပေးခဲ့ပါသည်…အဲဒီမပြီးပြတ်သေးသော ဇာတ်လမ်းကြီးကို ဦးမိုးသီးက မ…..ကို တိုက်တစ်လုံး၊ မြေတစ်ကွက် နှင့် သူ့ယောင်္ကျားကို တန်ရာတန်ကြေးပေးပြီး မြ၀တီမြို့ပေါ်က မောင်းထုတ်လိုက်ပါတော့တယ်….
အဲဒီလို့ပြေလည်အောင်ဖြေရှင်းပေးခြင်းကို ဗိုလ်မှုးအောင်ဆွေညွန့်ခဗျာ ကျေးဇူးအတင်ကြီးတင်၊ ၀မ်းအသာကြီးသာပြီး (မထသ) ဥက္ကဠ ရာထူးကို စည်းကမ်းတွေနှင့် ပညာရှိတွေကြားမှာပင် သူ့ကို ထွင်လုံးဆင်တတ်တဲ့ဝါသနာ အတိုင်း တိုင်းပြည်အတွက် ခြေတစ်ဖက်လှုခဲ့ခြင်းကြောင့် ဦးမိုးသီး ရထိုက်ပါသည်တဲ့လေ….
အဲဒါတွင် မပြီးသေး ဦးမိုးသီး၏ အသုံးချခံခဲ့ရသော ဗိုလ်မှုးနောက်တစ်ယောက်မှာ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဠ ဗိုလ်မှုး ထွန်းထွန်းဝင်းပင်ဖြစ် ပါတော့သည်…၂၀၀၈ ခုနှစ်တွင် GSM လက်ကိုင်ဖုန်းတစ်လုံးကို ဗိုလ်မှုးထွန်းထွန်းဝင်း ကို ကျပ် ၁၇၀၀၀၀၀ (တစ်ဆယ့်ခုနှစ်သိန်း) ဖြင့် လူအများရှေ့တွင် (မထသ) ဥက္ကဠ ဦးမိုးသီးမှ လက်ဆောင်ပေးခဲ့ပါသည်…..ဤလက်ဆောင်သည် နိုင်ငံတော်ကိုပေးနေရသောအခွန်များ ဖြစ်တဲ့ ကျောက်ကြေး၊ ညအိပ်ခွန် စသည့်ငွေများထဲမှ တရက်ခြား ငါးသောင်းကျော် သည်သူ့အတွက်ဖြတ်တောက်ယူရခြင်း၏ အရင်းအနှီးပင်ဖြစ်ပါသည်…
ဒီလိုတစ်ရက်ခြား ငါးသောင်းကျော်သည် တစ်လတွင်ပင် ၇ သိန်းခွဲဖြစ်နေပါတော့ သည်….၂၀၀၉ တစ်နှစ်ထဲတွင်ပင် ၉၀ သိန်းဝန်းကျင် ( ၉၀၀၀၀၀၀) ဆိုသည့်ပိုက်ဆံသည် နိုင်ငံ ဘဏ္ဏာပိုင်မှ ဦးမိုးသီး၏ မီးခံသေတ္တာပိုင်ဖြစ်သွားပါတော့သည်…..
ထို့အပြင် ၂၀၀၉ ဒီဇင်ဘာလတွင်လည်း ခယက ဥက္ကဠ အား ဆလွန်းကားတစ်စီး ၀ယ်ယူလက်ဆောင်ပေးလိုက်ပါသည်…အဲဒီ ဆလွန်းကားရဲ့ အရင်းအနှီးသည် ပြည်သူ၏ ချွေးနှဲစာ ( သို့မဟုတ်) နိုင်ငံတော်၏ ဘဏ္ဏာပဲ ပစ်မှတ်ဖြစ်မလား၊ အခုရာထူးကို တည်မြဲဖို့ပဲ ဦးတည်တာလား၊်အကျိုးစီးပွားတစ်ခုခုကို မျှော်ကိုးတာလား၊ ဆိုတာကိုတော့ ဦးမိုးသီး နှင့် ခယက ဥက္ကဠ ပဲသိပါလိမ့်မည်….. ဒါပေမယ့် စေတနာ အရင်းခံပြီး ကူညီစေခြင်တဲ့စေတနာ တစ်ခြမ်းပဲ့လေးတောင် မပါတာကိုတော့ ခယက ဥက္ကဠ ကြီး ဆလွန်းကားကြီးအရှိန်ကြောင့် သိရင်တောင် ယုန်လေးနှာစေးနေပါသတဲ့လေ……
ဒီလို ဦးမိုးသီး ၏လုပ်ရပ်များကို တာဝန်သိပြည်သူများနှင့် ဒီမိုကရေစီ ၀ိုင်းတော်သားများမှ ပေးပို့လာခြင်းကို MR.ZERO တည်းဖြတ်ပြီးပြည်သူများနှင့် နိုင်ငံတော်ကိုတာဝန်ယူနေသော အာဏာပိုင်များ သိစေရန်အလိုငှာ ဖော်ပြပေးလိုက်ပါ တယ်….
ထို့နောက် ဦးမိုးသီး ခေါ် ဦးစံသွင် နှင့်အလွန်ရင်းနှီးပြီး ကိုရဲမြင့် လို့ခေါ်သော ပုဂ္ဂိုလ်တစ်ယောက် ပေါင်းပြီး ပြည်သူပိုင်နှင့် နိုင်ငံတော်ပိုင်မြေတွေကို ဘယ်လိုရိုက်စား လုပ်သွားသလဲဆိုတာ ကိုတင်ပြဖို့စီစဉ်နေပါတယ်….ထို့ကြောင့် ဒီသတင်းမှန်မှန်ကန်ကန် နှင့် အပြည့်စုံဆုံးဖြစ်သွားအောင် ဒီမိုကရေစီဘက်တော်သားများနှင့် မတရားသိမ်းပိုက်ခံရသော မြေပိုင်ရှင်ပြည်သူများဘက်မှလည်း စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ မှန်ကန်သောသတင်းများကိုပေးပို့နိုင်ပါသည်….
စာဖြင့်ဆက်သွယ်နိုင်သည့်လိပ်စာကတော့ - universalinterfaith@gmail.com
ဖုန်းဖြင့်ဆက်သွယ်နိုင်သည့် ထိုင်းနိုင်ငံဖုန်းနံပါတ် - 080-5090-622
ကနေဒါနိုင်ငံ ဖုန်းနံပါတ် - 6045-837-105
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။