Sunday, December 27, 2009

တိုင်ကြားစာများကို ရိုက်ကူးမပေးဖို့ ကွန်ပြူတာဆိုင်များကို တားဆီးမိန့်ထုတ်

ရန်ကုန်တိုင်း တွံတေးမြို့နယ် အတွင်းမှာရှိတဲ့ ကွန်ပြူတာဆိုင်နဲ့ မိတ္တူကူးစက် ဆိုင်တွေမှာအထက်အာဏာပိုင် အဆင့်ဆင့်ကိုပေးပို့ဖို့ အတွက် တိုင်ကြားစာတွေ ကိုကွန်ပြူတာနဲ့စာရိုက်ခြင်း၊ မိတ္တူကူး ခြင်း မပြုဖို့ တားဆီထားတဲ့ အမိန့်စာ ထုတ်ပြန်ထား တယ်လို့သိရပါတယ်….


ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးတခုတွင် ကွန်ပြူတာအသုံးပြုနေကြသော လူငယ်များဖြစ်ပါသည်။

ဒီအမိန့်စာတွေကိုတော့ တွံတေးမြို့နယ်မြို့နယ်ကြီးကြပ်ရေးကော်မတီကနေ ဒီရက်ပိုင်း အတွင်းမှာ ထုတ်ပြန်ခဲ့တယ်လို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင် ကိုဇော်မင်းထွန်းက ပြောပါသည်…….


“ မိတ္တူကူးတာတို့ ကွန်ပြူတာစာစီတဲ့ဆိုင်တွေပေါ့နော်၊ တွံတေးမြို့နယ်မှာရှိ တဲ့ဆိုင်တွေကိုမြို့နယ်အဖွဲ့ကနေ လိုက်ပြီးတော့ တရားမ၀င်စာရွက်၊ စာတမ်းများတိုင်စာများ ပစ်စာများကို ရိုက်ကူးခြင်း၊ ပေးပို့ခြင်း၊ မိတ္တူကူးပေးခြင်းများကို လုံးဝခွင့်မပြုဘူးဆိုပြီးတော့ လိုက်ပြီးစာတွေကပ်ထားတယ်… တကယ်လို့ တွေ့ရှိပါက ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ ဆိုတဲ့ အဲဒီစာတွေကို မိတ္တူဆိုင်တွေ၊ ကွန်ပြူတာ ဆိုင်တွေကို လိုက်ပြီးတော့ ကပ်ထားတယ်…ကပ်ထားတဲ့ အတွက် တွံတေးမြို့နယ်မှာ ရှိတဲ့ပြည်သူလူထု တွေကနေပြီးတော့ မမှန်မကန်တာဆောင်ရွက်နေတဲ့ ဒီဝန်ထမ်းတွေ၊ အာဏာပိုင်အဖွဲ့ အစည်းတွေညစ်ပတ်တာတွေ၊ မတရားခံရလို့ တိုင်ကြားချင်ရင်တောင်မှ မိတ္တူဆိုင်တွေ၊ ကွန်ပြူတာဆိုင်တွေက အဲလိုစာတွေကို လုံးဝမရိုက်ပေးတော့ဘူး..ဆောင်ရွက်ပေးတာ
လည်းမရှိတော့ဘူး၊ ဆိုင်တွေကြတော့လည်း လုံးဝငြင်းပယ်တယ် သူတို့လည်း မလုပ်ရဲဘူး လို့ပြေတယ်။”


အခုလိုတားဆီးဖို့ အမိန့်စာကိုလာကပ်ချိန်မှာလည်း ဆိုင်ရှင်တွေက ကတိခံဝန် ချက်ကို လက်မှတ်ထိုးပေးလိုက်ရတယ်လို့သိရပါတယ်…အထက်ဝန်ကြီး အဆင့်တွေကို တိုင်စာပေးပို့ရာမှာလည်း ကွန်ပြူတာနဲ့ ရိုက်ထားတဲ့စာလုံးတွေမဟုတ်ရင် တိုင်ကြားစာကို လက်မခံတဲ့အတွက် ပြည်သူတွေတိုင်စာပေးဖို့ကို အဆင်မပြေဖြစ်နေရပါတယ်…


“ အခုပိုဆိုးလာတယ်..ဆိုင်ကယ်တွေကို တွံတေးမြို့နယ်မှာလိုင်စင်ချပေးမယ် ဆိုပြီးတော့ ပြောတဲ့အခါမှာ လိုင်စင်သွားလုပ်တယ်၊ လိုင်စင် တွေလုပ်တဲ့အခါမှာ
၂၉ ရက် ၁၀ လကနေ စပြီးတော့ ကန်ဘဲ့ ဘုန်းကြီးကျောင်းမှာ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လုပ်ရမယ်။ မလုပ်လို့ရှိရင် ဒီဆိုင်ကယ်တွေကို သိမ်းမယ်ဆိုတော့ ဆိုင်ကယ်တွေ ကသောင်းချီနေတာ၊ သောင်းချီတဲ့အခါကျတော့ ဆိုင်ကယ်တွေက ဘယ်လိုမှမပြီးနိုင်ဘူး၊ မပြီးတဲ့အတွက် ကိုယ့်ဆိုင်ကယ်လိုင်စင်ရရေး အတွက် ကြိတ်ပြီး လာဘ်ထိုးရတာပေါ့..
သုံးထောင်မျိုး၊ ငါးထောင်မျိုး၊ တသောင်းမျိုး၊ တွံတေးမြို့နယ် မယက အတွင်းရေးမှုးဆိုတဲ့ လူက လက်ခံပြီးတော့ ပိုက်ဆံပေးတဲ့ လူတွေကို အရှေ့ကြိုတင်ပေးတယ်…တင်ပေးတဲ့အခါ မှာလိုင်စင်မြန်မြန်၇တယ်…ပိုက်ဆံမပေးတဲ့ လူတွေကြတော့ မနက်မိုးမလင်းခင်ကတည်းက လာတန်းစီပေမယ့်လည်း မိုးချူပ်ထိစောင့်တာတောင် သူတို့နာမည်မပါဘူးလေ..မရရင် လည်းနောက်နေ့ပေါ့..သူတို့ ရဲ့ပေါက်ကွဲမှုတွေဟာ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဘူးလေ


အဲဒါနဲ့ တိုင်မယ်၊ တောမယ်ဆိုပြီးတော့ ဆိုင်ကယ်သမားတွေက စာစီတာတို့၊ စာရိုက်တာတို့ သွားလုပ်တဲ့ အခါမှာလည်း တိုင်လို့လည်းမရဘူး၊ စာစီ စာရိုက်လို့လည်း မရဘူး လေ”။


အခုလို ဆိုင်ကယ်လိုင်စင် ရရှိဖို့ ငွေပေးဆောင်နေရတာတွေနဲ့ပတ်သတ်ပြီး အထက်အာဏာပိုင်အဆင့်ဆင့်ကို တိုင်ကြားမယ်လို့ တွံတေးမြို့အတွင်းမှာ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း လိုင်စင်လုပ်ဖို့ သက်တမ်း ၁ လ ထပ်တိုးလိုက်တယ်လို့လည်း သိရပါတယ်…


အရင်တုန်းက တွံတေးမြိုနယ် ဒေသခံ ပြည်သူတွေ တိုင်ကြားစာတွေ ပို့ခဲ့လို့ ဒေသခံ အာဏာပိုင်အများအပြား ပြောင်းရွေ့ခဲ့ရမှုတွေ ရှိခဲတာကြောင့် ပြောင်းရွေ့ခံရမှာကို စိုးရိမ်ပြီး တိုင်ကြားစာရေးမပို့နိုင်အောင် ကွန်ပြူတာဆိုင်တွေနဲ့ မိတ္တူကူးဆိုင်တွေမှာ အခုလို တားဆီး ပိတ်ပင် မိန့်တွေ ထုတ်ပြန်ထားတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောကြ ပါတယ်…


စစ်အစိုးရ ပြည်ထဲရေးဝန်ထမ်းတွေမမှန်မကန် ဆောင်ရွက်နေတာရှိရင်ပြည်သူလူ ထုအနေနဲ့စစ်အစိုးရ အာဏာပိုင်အထက် လူကြီး အဆင့်ဆင့်ကို တိုင်ကြားတဲ့အကြောင်း ၂၀၀၈ ခုနှစ် နိုဝင်ဘာလ မှာတော့ နေပြည်တော်ကနေ စစ်အစိုးရထုတ်ကြေးမုံသတင်းစာ မှာထုတ်ပြန်ကြေငြာခဲ့ဖူးပါတယ်….

ကိုလေပွေ



No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။