လူကြီးသူမ များပြောသောစကားတစ်ခွန်းရှိပါသည်… ဤလို လုများသည် ဆန်ကုန်မြေလေး ပါတဲ့…တွေးကြည့်ပါသည်…ကျွန်တော်အတွေးကတော့ နိုင်ငံအတွက်လည်း အကျိုးမရှိ၊ တစ်ပါးသောသူအတွက်လည်း အချီးနှီး၊ ဆွေမျိုးများအတွက်လည်း ရန်သူသဖွယ်၊ မိဘအရင်းကတောင် စွန့်လွတ်ထားသောသူကို ထိရောက်အောင်ပြောသော စကားလေးတစ်ခွန်းပဲထင်တယ်…
ဤစကားနှင့်ထိုက်တန်အောင် ဆုရထားသော ဦးမိုးသီး ၏အဖြစ်အပျက်လေးကို အပိုင်း(၁) တွင်လည်း မစုံတစ်စုံဖော်ပြထားပါသည်။ ပိုစုံအောင်ဖော်ပြဖို့ကို အနိုင်ကျင့်ခံရပြီး၊ ကိုယ့်ပါးစပ်ထဲက ထမင်းကို မပေးချင်ဘဲနဲ့ပေးနေရသော တာဝန်သိပြည်သူများထံမှ ရသော အသေးစိတ်သတင်းများကို ရသလောက်ဖော်ပြပေးသွားပါမည်…ယခု တင်ပြမည့် ဦးမိုးသီးရဲ့ အတိတ်က အရိပ်များကတော့
ခ.ယ.က ဥက္ကဌ ဗိုလ်မှုးအောင်ဆွေညွန့် ဦးစီးတဲ့ အစည်းအဝေးပြီးသွားချိန်မှာတော့ ဦးမိုးသီး ကိုချမှတ်ထားသော စည်းကမ်းများနှင့်တစ်ခုမှ မညီဘဲ မိမိတစ်ဦးတည်းဆန္ဒဖြင့် မထသ ဥက္ကဌ ခန့်အပ်လိုက်ခြင်းကို စာရှုသူများ အပိုင်း(၁) တွင် လည်းရေးခဲ့ပြီးပါပြီ…ဒီလို မထသ ဥက္ကဌ ဖြစ်ပြီး သကာလ အင်အား ၃၀ ခန့်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ တပ်မ ဌာနချူပ်နယ်မြေတွင် ကားဂိတ်တစ်ခုဖွင်ပြီး ငွေကောက်ခံနေကြောင်း ကိုလည်းသိပြီးပါပြီ…တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက ဂိတ်ကကားစာရင်းကို သေချာလေးတွက်ကြည့်လိုက်တော့မှ အဆင်း နှင့် အတက်နေ့ထဲက တစ်ရက်ကို ရွေးထုတ်ပြီး တစ်ရက်ကိုသေချာကြည့်မယ်ဆိုရင် အမြဲတမ်းပြေးတဲ့ လိုင်းကားတင် (မှတ်ချက်။ ။ ကားအမျိုးအစားအားလုံးပါဝင်သည်) အစီး ၄၅၀ နှင့်အထက်ရှိနေပါသည်…အဲဒီထဲတွင် အလည်လာသောကား၊ ဆိုက်ကယ်၊ ဘုရားဖူးကားနှင့် အကြောင်းအမျိုးမျိုးကြောင့်လာသောကားများမပါရှိ သေးပါ…အဲဒါတင်မကဘဲ ည ၄း၃၀ လောက်မှ ည ၁၁ နာရီလောက်အထိ သွားသောကားများ ဆယ်ဘီးကားများအပါအ၀င် အစီး ၅၀ ခန့်လောက်ရှိပါသည်…တင်ထားသောကုန်များအလိုက် ကောက်သောငွေမှာ ၄ သောင်းမှ ၆ သောင်းအထိရှိပါသည်...အဲဒီစာရင်းကို စိတ်နဲ့ မရဲတရဲတွက်လိုက်သော အခါ တစ်နေ့ကို ဦးမိုးသီးခဗျာမှာ မြန်မာငွေ (ဒေါ်လာမဟုတ်ဘူးနော်) သိန်း ၅၀ လောက်ကို အိတ်ကပ်ထဲ ကို မထည့်ချင်ထည့်ချင်နဲ့ ထည့်နေရပါတယ်….
အဲဒီလို ထည့်နေရသော ဦးမိုးသီး မှာ မထသ ၀န်ထမ်း တခြားဝန်ထမ်း တွေရဲ့ အသောက်အစား၊ မူးရူးနေတဲ့ အခတွေဟာ ဘယ်လောက်များ ကုန်မှာမို့လို့လဲ… အလွန်ဆုံး ကုန်လှ ၃ သိန်းပေါ့…ဒါပေမယ့် မသိရှာတဲ့ ၀န်ထမ်းတွေခဗျာမှာတော့ တကယ့်ကို နတ်သိကြားတွေနဲ့တွေ့နေရသလို ပဲလေ…ဦးမိုးသီးသာလျှင်အတော်ဆုံး၊ သူသာလျှင် အသိတတ်ဆုံး ဖြစ်နေတာပေါ့…ဖြစ်နိုင်လျှင် ဗိုလ်မှုးကြီးသန်းရွေ နဲ့ မဲပြိုင်ရွေးလျှင်တောင်မှ မြ၀တီတစ်မြို့လုံးက ၀န်ကြီးဌာနအသီးသီးက ၀န်ထမ်းတွေ ကဦးမိုးသီး ဘက်ကမဲထည့်မယ်ထင်ပါရဲ့…ကညန၊ အခွန်ဦးစီး၊ လ၀က၊ DKBA နှင့် ရဲ တို့မှာ နိင်ငံဝန်ထမ်းဖြစ်နေလျှက် နှင့်ပင် ဦးမိုးသီးရဲ့ ကျွေးစာ၊ မွေးစာ စားနေရတဲ့ အဆင့်ကို အလိုလိုရောက်သွားပါလေရော…ဒါကြောင့် ပခုံးပေါ်က အပွင့်လေးတစ်ပွင့်ကလည်း မော်မကြည့်ရဲ၊ အပွင့်လေး နှစ်ပွင့်ကလည်း သူ့ရှေ့ရောက်ရင် ခေါင်းလေးငုံပြီး အရိုအသေပေးရ၊ သုံးပွင့်ဆိုရင် ကြည့်လို့ကိုမရလို့ နားရင်းတီးပလိုက်တာပဲတဲ့…
အခွေလေးတစ်ခုလောက်ပါမှ ခြေထောက်လေးချိတ်ပြီး အရိုအသေပေးတာ ဦးမိုးသီးရဲ့ ပြည်သူတွေချွေး ပိုက်ဆံက အဲဒီလောက်ထိ အစွမ်းထက်ပေရဲ့…
အဲဒီလောက် များတဲ့ ဦးမိုးသီးရဲ့ ငွေကြေးတွေဟာ... တစ်စုံတစ်ခုကို အမြင်မတော်ရင်ဖြစ်စေ၊ လူကြီးလာရင်ဖြစ်စေ၊ ဗန်းပြလို့ရအောင် လုပ်တာဖြစ်စေ တစ်ခုခုကို အမြဲတမ်းလုပ်နေတဲ့ နအဖ လက်ထဲ ရောက်သွားရင်တောင်မှ လမ်းခင်း၊ တံတားဆောက်တာဝါသနာပါတဲ့ နအဖ ခင်ဗျာ... မြ၀တီ-ဘားအံ တောင်ပတ်လမ်းကြီးကို ဖြူးနေအောင်ခင်းလိုက်မလားဘဲ…ဒါမှမဟုတ် ကားသမား လက်ထဲမှာဘဲရှိနေခဲ့ရင် တောင် သူတို့မိသားစု တ၀မ်းတခါး စိုပြည်စေမှာပါ….အခုတော့ ဦးမိုးသီးလုပ်ပုံက အသားထဲကလောက်ထွက်နေသလိုပါပဲလားဗျာ…
အဲဒီလောက်ထိလည်း ဦးမိုးသီးအကြောင်းပြောပြီးနေပြီ…သူလို နိုင်ငံဝန်ထမ်းတစ်ယောက် က ဘယ်လောက်များချမ်းသာပါ့မလဲလို့ စာဖတ်သူတွေးရင် တွေးနေပါလိမ့်မယ်…၉၆ - ၉၇ ၀န်းကျင်လောက် က မြန်မာ ကျပ်ငွေရဲ့တန်ဖိုးဟာ အခုလက်ရှိထက် အများကြီးမြင့်ပါတယ်…ရွေဈေးတောင် တကျပ်သားကို၃ သိန်းဝန်းကျင်လောက်ပဲရှိပါတယ်…ဒါ့အပြင် ဦးမိုးသီး ကောင်မလေး ၄ ယောက်နဲ့ ကားမှောက်တဲ့အကြောင်းက မြ၀တီမြို့က အနေကြာတဲ့ ကွမ်းယာသည် တောင်သိပါတယ်…အဲဒါကြောင့် ခြေထောက်တစ်ဖက်ပြတ်သွားတယ်ဆိုတာလည်း သိပါတယ်… ဒါပေမယ့် တော်ရုံတန်ရုံလူ အတွင်းသိထဲ ကမဟုတ်ရင် ဦးမိုးသီး ခြေတောက်ပြတ်တယ်ဆိုတယ်လို့ပြောရင် လုံးဝကိုယုံမှာကိုမဟုတ်ဘူးလေ…သွားတာ၊ နေတာ၊ ထိုင်တာ တွေဟာ အကောင်းနဲ့ ဘာမှမခြားတာကိုး…ဘာလို့လဲဆိုတော့ အဲဒီခြေတုက Made in Myanmar မဟုတ်ပါဘူး…နိုင်ငံခြားကနေ အဲဒီခေတ်ဈေး ၇ သိန်းလောက်နဲ့ ၀ယ်ထားတာပါ…သွားပြီး အထင်မသေးပါနဲ့…
နောက်နေ့တွေကျရင် ဦးမိုးသီးရဲ့ အစိုးရပိုင်မြေကွက်တွေကို တပတ်ရိုက်ပြီးသူပိုင်ငွေအဖြစ် ပြောင်းလဲခဲ့ပုံတွေကို ဆက်လက်ပြီးတင်ပြသွားပါ့မယ်…
သူ့လိုပဲ အသားထဲကလောက်ထွက်သူများသတင်းကိုလည်း တာဝန်သိပြည်သူများက ဆက်လက်စုံစမ်းပြီး ပေးပို့သောသတင်းများကို ဆက်လက်တင်ပြသွားပါမည်…………….
တာဝန်သိပြည်သူများမှ ပေးပို့လာသော သတင်းများကို
Mr.Zero တည်းဖြတ်သည်။
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။