Friday, December 25, 2009

နအဖ ရဲ့ဆိုးရွားတဲ့စနစ်အောက်မှာ ပြည်သူတွေအကြီးအကျယ်ငတ်နေပြီ…

ယခုတစ်လော မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်းက ရွာတွေမှာ စားနပ်ရေစာရှားပါးမှုကို အဆိုးရွားဆုံး ကြုံတွေ့ နေရတယ်လို့  သိရှိရပါတယ်။

အထူးသဖြင့် ချင်းကလေးသူငယ် လူမမယ်လေးတွေဟာ အစာရေစာ ငတ်ပြတ်မှု ဆာလောင်မှုကြောင့် ပူဆွေးငိုကြွေးနေကြရတယ်ဆိုတာ သိရှိရလို့ လည်း ၀မ်းနည်းကြေကွဲစရာပါဘဲ။




ဒီလို စားနပ်ရိက္ခာ အထူးသဖြင့် ဆန်စပါးပြတ်လပ်မှု ကြုံတွေ့ ရတဲ့အကြောင်းရင်းကတော့ ၂၀၀၇ ခုနှစ်ကတည်း ကြုံတွေ့ ခဲ့ရတဲ့ လယ်မြေတွေက စပါးသီးနှံတွေကို ကြွက်ဆိုးကြီးတွေ အစုလိုက် အပြုံလိုက် ဖျက်ဆီးခံခဲ့ရလို့  ဖြစ်ပါတယ်။

အောက်ဖေါ်ပြပါပုံတွေကို ကြည့်ရင် စိုက်ပျိုးထားခဲ့တဲ့ သီးနှံတွေကို ကြွက်ဆိုးကြီးတွေ ကိုက်စားဖျက်ဆီးခံခဲ့ရတာနဲ့  အဆိုပါကြွက်ဆိုးများကို အနည်းငယ်လောက်သာ နှိမ်နင်းခဲ့ရပေမယ့် များပြားလွန်းလှတဲ့အတွက် စပါးသီးနှံတွေ ကုန်သလောက်နီးပါး ပျက်စီးခဲ့ရပါတယ်။





ကိုယ်ပိုင်စီးပွားကြီးပွားသထက်ကြီးပွားဖို့  တိုင်းပြည်ရဲ့  ဆန်ရေစပါးတွေကိုတော့ နိုင်ငံခြားကို ရောင်းချပြီး ဒေါ်လာငွေတွေကို သုံးဖြုံးနေတဲ့ သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးတွေ မိသားစုတွေ၊ နအဖနဲ့ ပလဲပနံသင့်တဲ့ စီးပွားရေး အတ္တသမားကြီးတွေကတော့ ဒီလို ဒုက္ခရောက် ငတ်ပြတ်နေကြတဲ့ ကျေးလက်တောတောင် အစွန်အဖြားက ပြည်သူတွေအတွက် ဘာမှ မကူညီဘဲ လစ်လျူရှူထားကြပါတယ်။



ကိုသတင်း


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။