Friday, December 25, 2009

ဗိုလ်ရွှေးတပ်အား နေပြည်တော်သို့ ပြောင်းရွှေ



ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ရေးညွန့်ကြားရေးမှူးရုံး လက်အောက်ခံ တပ်ရင်းတစ်ရင်းဖြစ်သည့် တပ်မတော်ဗိုလ်ရွှေးတပ်ကို နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ယင်းတပ်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တစ်တပ်ဖြစ်ပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ငွေယားတောင်တွင် တည်ရှိသည်။ ယင်းသို့ ပြောင်းရွှေ့ခြင်း မပြုမီက စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊
စစ်အင်ဂျင်နီယာတက္ကသိုလ်များအတွက် အရပ်သား လူငယ်များအား စခန်းသွင်းရွေးချယ်ပေးရာ နေရာလည်းဖြစ်သည်။ ဗိုလ်လောင်းများသည် မိမိနေထိုင်ရာအရပ်ရှိ တိုင်းစစ်ဌာနချုပ်များတွင်စာတွေ့ဖြေရပြီး အောင်မြင်ပါက ယင်းတပ်တွင် စခန်းသွင်းခြင်းခံရကာ ယင်းတပ်၌ပင် ကြံ့ခိုင်ရေးနှင့်  လူတွေ့ဖြေဆိုရခြင်းဖြစ်ပြီး အောင်မြင်ရန်အတွက် သင်တန်းတက်သူများလည်း ရှိခဲ့သည်။

သင်တန်းကို ဗိုလ်ရွေးမှ အရာရှိအရာခံအကြပ်များက ဖွင့်ခြင်းဖြစ်ပြီး ငွေကျပ် ငါးသိန်းခန့် ပေးသွင်းရကြောင်းနှင့် လူတွေ့နှင့် ကြံ့ခိုင်ရေး မအောင်မြင်ပါက ပြန်အမ်းကြောင်း ပြီးခဲ့သည့်နှစ်က စစ်ဆေးတက္ကသိုလ်ဝင်ခွင့်ရသွားသည့် ဗိုလ်လောင်းတစ်ဦး၏ မိသားစုက ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုအခါ နေပြည်တော် ရေဆင်းသို့ ယင်းတပ်ကို ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်လောင်းများ လိုက်၍ စခန်းဝင်ကြရမည်ဖြစ်သည်။ ကုန်ကျစရိတ်ကြီးမြင့်နိုင်ကြောင်း တပ်မတော်မှ ဖွင့်လှစ်သည့်တက္ကသိုလ်များတွင် ကျောင်းတက်လိုသည့် လူငယ်များ၏ မိဘများက ပြောပြခဲ့ကြသည်။

လက်ရှိတွင် ဗိုလ်ရွှေးတပ်၏ တပ်ရင်းမှူးမှာ ဗိုလ်မှူးချုပ်ကျော်နိုင်ဦးဖြစ်သည်။ ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်ရင်းမှူး တာဝန်ထမ်းဆောင်နေခြင်းနှင့်ပတ်သက်၍ တပ်မတော် အသိုင်းအ၀ိုင်းတွင် မေးခွန်းထုတ်ခံရသူလည်း ဖြစ်သည်။

၎င်းင်းသည် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံး ကက-ထူးမှ စစ်ဦးစီးမှူး ပထမတန်း ဂျီဝမ်းအဖြစ်မှ ပြောင်းရွေ့လာသူဖြစ်သည်။


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။