ကိုသီလ
ကျွန်တော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဗုဒ္ဓရှင်တော်မြတ်ရဲ့ အသိဥာဏ်နဲ့ အကျင့်တွေဟာ ကြည်ညိဖွယ်ရာနဲ့လေးစားစရာကောင်းလွန်းလို့ ယုံကြည်သက်ဝင်တဲ့ ဘာသာဝင်တစ်ယောက်ပါ။ အခုလက်ရှိဖြစ်ပျက်နေတဲ့ ဘုရား၇ဲ့သာသနာတော်ဟာဖြင့် အရမ်းကိုဆိုးရွားလွန်းနေပါတယ်။ ကျွန်တော်ဟာ စာပေကျမ်းဂန်ကိုတတ်လွန်းသူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် အမြင်ကတော်တော်လေးကို မတော်တာမို့ ကလောင်နဲ့ဝင်ခလောက်တာပါ။ဒါကြောင့်လူပညာရှိများနှင့်ရဟန်းပညာရှိများကို ထိခိုက်မယ့်စာသားများပါရှိခဲ့ရင် ကြိုတင်ပြီးတော့
အနူးအညွတ်တောင်းပန်ပါတယ်။
ယခုလက်ရှိမှာ ထေရ၀ါဒထွန်းကားတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြင့် သာသနာကို စည်ပင်သာယာအောင်တာဝန်ယူထားတဲ့ သာသနာရေးဝန်ကြီးဌာနနှင့်နာမည်ကြီးတဲ့ဘုန်းကြီးကျောင်းတွေမှာကျောင်းထိုင်အဖြင့် သတင်းသုံးတဲ့ ထေရ်ကြီး ၀ါကြီးဘုန်းကြီးတွေရဲ့လုပ်ရပ်တွေကတော့ဖြင့် အနှစ်သာရရှိလှတဲ့ ထေရ၀ါဒသာသနာတော် ကြီးရဲ့ အနာဂတ်ဟာ အရမ်းကိုစိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။သာသနာရေးဝန်ကြီးဌာနဟာ ရွေဝါရောင်တော်လှန်ရေးဖြစ်ပြီးကတည်းက နအဖရဲ့ အာဏာထိုင်ခုံကာကွယ်တဲ့အနေနဲ့ ဘုရားရှင်ရဲ့ သာသနာတော်ပေါ်ကို မတော်မတရားအမိန့်တွေထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာ ကြေညာပြီးထုတ်ပြန်တာရှိသလို၊ ဘာမှမကြေငြာဘဲတင်းကျပ်တဲ့ သဘောနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေလည်းရှိပါတယ်။အဲဒီထဲကမှ ကျောင်းတိုင်းမှာ စာချကိုယ်တော် တစ်ပါးပဲထားရမယ်။ စာသင်သားလည်း မူရင်းစာသင်သားပဲရှိရမယ်။အပြင်က စာသင်သား လက်မခံရဘူး။သံဃာအတိုး၊ အလျှော့အကုန်လုံးကို စာရင်းပို့ရမယ်။ ပြီးတော့အများကြီးရှိ
ပါသေးတယ်။
ကျောင်းတိုင်းမှာ စာချကိုယ်တော်တစ်ပါးပဲထားရမယ် ဆိုတာတော့သာသနာ တော်အတွက် သိပ်ပြီးမထိခိုက်ပေမယ့်၊ စာသင်သားကိစ္စကတော့ဖြင့် အရမ်းကိုဆိုးလှပါ တယ်။ နယ်မြို့နယ်လေးတွေက ဘုန်းကြီးစာချကျောင်းတွေဟာဖြင့် အဆင့်မြင့်လှတဲ့ ကျမ်းဂန်တွေကိုမသင်နိုင်ပါဘူး။ စာချကိုယ်တော်ဟာအရမ်းကိုတော်လို့သင်နိုင်တယ်ထားပါ ဦး။ တခြားဘာသာစကားတွေနဲ့ ပိဋိကဒ်သုံးပုံကိုသင်တဲ့နေရာမှာရယ်၊အဆင့်မြင့်လှတဲ့အတွေးအခေါ်တွေကိုတော့ဖြင့်မသင်ပေးနိင်ဘူး။လိုအပ်ချက်တွေရယ်၊ အားနည်းချက်တွေ ဟာအများကြီးပါ။ နယ်မြို့လေးတွေမှာ အခြေခံတွေကိုသင်လာခဲ့တဲ့ ကိုယ်တော်လေးတွေ ဟာ မန္တလေးတို့ ရန်ကုန်တို့မှာရှိတဲ့ သောင်းနဲ့ချီပြီးဆန့်တဲ့ တကယ်ကို လက်တွေ့ကျကျ
သင်တဲ့ စာချကျောင်းတွေမှာ သင်ယူလိုက်တော့မှ စာပေကျမ်းဂန်ဘက်မှာ အဘက်ဘက်ကပြည့်စုံတဲ့ရဟန်းဖြစ်မှာပါ။
အခုတော့ဖြင့် အပြင်က စာသင်သားတွေကိုလက်မခံရဘူးဆိုမှတော့ မြတ်စွာဘုရားရဲ့ အရင်းမြစ်ကြီးဖြစ်တဲ့ ပရိပတ္တိသာသနာတော်ကြီးကို အရင်းကဖြတ်လိုက်သလိုဖြစ်သွားပြီလေ။ဒီအခြေခံအုတ်မြစ်ကြီးယိုင်သွားပြီဆိုတာ နဲ့ ပရိယတ္တိဆိုတဲ့ အကျင့်ကိုအခြေခံတဲ့ သာသနာတော်ဟာလေးယိုင်လာပြီလေ။ ဒီထက်ဆိုးတာက ပရိဒေ၀ဆိုတဲ့ နိဗ္ဗာန်ကိုတက်လှမ်းနိုင်တဲ့သာသနာတော်ဟာဖြင့် လုံးလုံးကိုပျောက်ကွယ်ပြီလေ။ နောက်ထပ်ပိုပြီးဆိုးတာက ဘုန်းကြီးကျောင်းတွေမှာရှိ တဲ့သံဃာစာရင်းကို တိုးတိုင်း၊ လျှော့တိုင်းပေး၇တယ်ဆိုတော့ ဘယ်ကျောင်းထိုင်ဘုန်းကြီးက သူ့ကျောင်းမှာ အာဂန္တုရဟန်းတည်းခိုတာပဲဖြစ်ဖြစ်၊ စာသင်သားလက်ခံတာပဲဖြစ်ဖြစ်၊ တသက်လုံး ရဟန်းခံမယ့်သူပဲဖြစ်ဖြစ် ဘယ်လုပ်ပေး ရဲတော့မလဲ။ စစ်လားဆေးလား၊ ဟိုမေးဒီမေးနဲ့ ပြီးလည်းပြီးရော မင်္သကာရင် လာလာပြီး
ဝင်စစ်သေးတယ်။ အဲဒီတော့ ဘုန်းဘုန်းတွေကလည်း ကူညီချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကြောင့်တကယ်ဒုက္ခရောက်တာက အဝေးလာတဲ့ ဘုန်းဘုန်းတွေ၊လူဘောင်ကို စွန့်ခွာပြီး ရဟန်းဘောင်မဲ့သူတွေကိုပါ တားပြီးသားဖြစ်သွားတာပေါ့။တနယ်တကျေးကလာတဲ့ ဘုန်းဘုန်းတွေဟာ မြတ်စွာဘုရားရဲ့သားတော်တွေအတွက် ရည်စူးပြီးလှုဒါန်းထားတဲ့ ကျောင်းမှာ မနေရရင်ဖြင့်……….လူအိမ်တွေမှာတည်းရမှာလား
ဒါမှမဟုတ် လမ်းဘေးဓာတ်တိုင်အောက်မှာ သွားနေရမှာလားဗျာ…
ဒီလိုအဖြစ်အပျက်တွေ ဟာ သာသနာရေးဝန်ကြီးဌာနမှာတာဝန်ယူထားတဲ့ လူကြီးတွေဟာ နအဖ ရဲ့ ထိုင်ခုံကိုမလှုပ်သွားအောင်၊ အခုလက်ရှိရထားတဲ့ နေရာလေးနဲ့ စည်းစိမ်လေးပျောက်သွား မှာကိုစိုးရိမ်ပြီး အမိန့် အာဏာတွေနဲ့ အမှန်ကိုအမှန်အတိုင်းကြည့်တဲ့ မြတ်စွာဘုရားသာသနာတော်ကို သူတို့ အလိုတော်ကျသာသနာတော်ဖြစ်အောင် လုပ်နေတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲလုပ်လုပ် စစ်မှန်တဲ့သာသနာတော်ဟာဖြင့် မတုန်မလှုပ်ရပ်တည်နေမှာပါ။ သူတို့တွေဟာ ပတ္တမြားဂူကို ရွံ့ညွန်နဲ့ကိုယ်ကိုသုတ်ပြီးမှိန်သွားပြီး သုံးလို့မရအောင် သွားပြီးပွတ်နေတဲ့ ၀က်တွေနဲ့ အလားသဏ္ဍန်တူနေပါတယ်။
ထို့ကြောင့် သာသနာတော်ကြီး အနာဂတ်မမှေးမှိန်အောင်၊ စစ်မှန်တဲ့ သာသနာတော်ကြီး
အဓွန့်ရှည်တည်တန့်အောင် ရဟန်းရှင်လူပညာရှိများ၊ အမှန်တရားကိုမြတ်နိုးသူများ
ဝိုင်းဝန်းပြီး သက်ဆိုးရှည်ပြီး သာသနာဖျက်နေတဲ့ လူတွေအပေါ်ကို မြတ်စွာဘုရားရှင်ဟော
တော်မူထားတဲ့ ဆုံးမစကားတွေကို ကိုယ်တိုင်ကျင့်သုံးပြီး အတ္တ၀ါဒီများအပေါ် အနို်င်ယူကြဖို့ ဤဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါတယ်။
မြတ်စွာဘုရားသာသနာတော်ကို ဖျက်ဆီးတဲ့ထဲမှာပါတဲ့ ရွေတု(သို့မဟုတ်) ရွေရည်စိမ် ဘုန်းကြီးတွေအကြောင်းကို အပိုင်း (၂) မှာ ဆက်ရေးပါ့မယ်.....
Mr.Zero စီစဉ်တည်းဖြတ်သည်။
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။