စစ်အစိုးရသည် တိုင်းပြည်ကိုသေနတ်နှင့်အုပ်ချူပ်ပြီး သူတို့လိုချင်သည့်ပုံစံကို သွင်းသည်။ ဘာတွေပဲဖြစ်ဖြစ် သူတို့လိုချင်သည့်ပုံစံသည် မဆလခေတ်နှင့် စာလျှင်တော့တိုးတက်လာသည်တာကတော့ အမှန်ပင်ဖြစ်သည်။ ပြီးတော့ လက်နက်ကိုင် သောင်းကျန်း သူတွေ ငြိမ်းသွားပြီး နေရာအနှံအေးချမ်းသွားသည်က တော့မျက်မြင်ပင်ဖြစ်သည်။ ဒါပေမယ့် လိုအပ်ချက်တွေက တော့နေရာအနှံရှိနေသေးသည်။ သည်လို စစ်အစိုးရသည် လည်း တိုင်းပြည်အတွက် လုပ်ရမည့် ဘတ်ဂျက်ဟူသမျှကလည်း ပြည်သူတွေဆီကနေ ပဲအများဆုံးရရှိသည်။ တိုင်းပြည်တစ်ပြည်၏ ဂျီဒီပီ ကိုတွက်ရမည် ဆိုလျှင် နိင်ငံသားတစ် ယောက်ရဲ့ ၀င်ငွေကိုတိုင်းတာရလေသည်။ စစ်အစိုးရသည်လည်း တစ်ရက်၊ တစ်ရက် ဆောက်လုပ်နေသည့် စီမံကိန်းတွေ လည်းပြည်သူတွေ၏ ဘာဏ္ဍာငွေနှင့် လုပ်နေရခြင်း ပင်ဖြစ်သည်။ ဒါပေမယ့် တိုင်းပြည်အတွက်တစ်ခုမဟုတ်တစ်ခုလုပ်နေသည့် လူဆီ ကိုလည်းမရောက် ပြည်သူတွေဘက်ကလည်း အခွန်တွေကို အစိုးရက ပဲကောက်သလို မျိုးပုံစံမျိုးတွေဖမ်းပြီး လုပ်နေတဲ့ သူတွေလည်းအမြောက်အမြားရှိပါတယ်။
အဲဒီထဲကမှ တိုင်းပြည်ကို ၂ ပဲတစ်ပြားလောက်ပေးပြီး ပြည်သူတွေဆီက ချွေးနဲ့ရှာထားတဲ့ငွေတွေကို နင်းကန်ကောက်ပြီး သူ့မိသားစု ဘုရင်တစ်ဆူလို ခံစားဖို့၊
ချို့တဲ့လုတွေကိုအနိုင်ကျင့်ဖို့၊သားကောင်းသမီးကောင်းတွေကိုဖျက်ဆီးဖို့၊ သူ့အိတ်ကပ်ဖောင်းရင်ပြီးရော ဆိုတဲ့ ကိုယ်ကျိုးကြည့် တကိုယ်ကောင်းသမား လောဘသမားတွေရဲ့အကြောင်းတွေကို ဒီခေါင်းစဉ်လေးနဲ့ ဖော်ပြပေးလိုက်ပါတယ်။
နံပါတ် (၁) ကတော့ ဦးစံသွင် ခေါ် ဦးမိုးသီး
၂၀၀၇ ခုနှစ် စစ်မှုထမ်းဟောင်းဗိုလ်ကြီး မောင်သန်းဟာ လာဘ်စားမှုအမျိုးမျိုးကြောင့် ခ.ယ.က မှ နှုတ်ထွက်ခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ မော်တော်ယာဉ်လိုင်း ဥက္ကဌ ခန့်အပ်ရာတွင်
၁။ ယာဉ်ပိုင်ရှင်ဖြစ်ရမည်။
၂။ ယာဉ်မောင်း / ယာဉ်နောက်လိုက်ဖြစ်ရမည် ဟု စံထားပြီးသတ်မှတ်ခဲ့ပါသည်။
သို့မှသာ မထသ ဥက္ကဌ အဖွဲ့ဝင် ရာထူးအားအများဆန္ဒနှင့်အညီ ခန့်အပ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားသော်လည်း ဦးမိုးသီး၏ အကြံအဖန်ဥာဏ်မှာတော်လွန်းသောကြောင့် ခ.ယ.က ဥက္ကဌ ဗိုလ်မှုးအောင်ဆွေညွန့်မှာ ချထားသည့်စည်းကမ်းကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ နှစ်ဦးညှိနှိုင်းချက်ဖြင့် ခန့်အပ်ခဲ့ပါသည်။ ဘာဖြစ်လို့ဒီလိုခန့်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကတော့ နိုင်ငံတော်အတွက် ခြေထောက်တစ်ဖက်ပေးဆပ်ခဲ့၍ သနားလို့ မထသ ဥက္ကဌ ခန့်အပ်လိုက်ရပါသည်တဲ့။ ဗိုလ်မှုးအောင်ဆွေညွန့်သည် ယာဉ်ပိုင်ရှင်၊ ယာဉ်နောက်လိုက်လည်းမဟုတ် စည်းကမ်းနဲ့လည်းမကိုက်ညီတဲ့သူကိုမှ ရွေးတင်ခဲ့ခြင်းဖြစ်လေသည်။ပြီးတော့ ဒီလိုခြေထောက်တစ်ဖက်ပြတ်သွား သည့်အကြောင်းသည် မြ၀တီမှ ခန္ဒာကိုယ်ရောင်းစားသည့်မိန်းကလေးတွေနဲ့ သွားပျော်ဖို့ သွားရင်း ဘုရားရိုက်လို့ ကားမှောက်သည်ကို နိုင်ငံတော်အတွက် ပေးဆပ်သည်တဲ့။ ရှိစေတော့လေ။
ဒီလို ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခဲ့ရသော ဦးမိုးသီး ကဘယ်နေရာတွင်တိုင်းပြည် ကိုပေးဆပ်ခဲ့သည်ကို ပြန်ကြည့်သော ဦးမိုးသီး ခေါ် ဦးစံသွင် သည် ယခင်အမှတ် (၄) တွင် လည်းရပ်ကွက် ဥက္ကဌ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ငါးလနှင့် ရက်နှစ်ဆယ့်နှစ်ရက် အကြာတွင် အမိယုတ်က မွေးတဲ့သူဖြစ်ခဲ့သလိုမျိုးပြည်သူလူထုအကြားတွင်ကြမ်းတမ်းစွာဆဲရေးခြင်း၊
လွန်စွာရိုင်းစိုင်းခြင်း၊ အခြားသော အဓ္ဓမကိစ္စများနှင့်ရွာခံတွေကိုအာဏာအားကိုးနှင့် ခြိမ်းခြောက်ခြင်း၊ လွန်စွာမိုက်ရိုင်းသည့် အလုပ်တစ်ခုဖြစ်သည့် အဖေအရင်းကို ဓါးနှင့် လိုက်ခုတ်ခြင်း စသည့်ကိစ္စတို့ကြောင့် ဥက္ကဌ ရာထူးမှ ဖယ်ရှားခံရသူတစ်ဦးဖြစ်ပါသည်။
အခုတော့ သူ၏ အကြံအဖန်ကောင်းမှုနှင့် အပေးကောင်းမှုတို့ကြောင့် ဗိုလ်မှုးအောင်ဆွေညွန့် မှာ ယုံယုံကြည်ကြည်နဲ့ ပြည်သူလူထုကို ပိုပြီးနှိပ်စက်နိုင်တဲ့ နေရာမျိုးကို ပေးအပ်ခဲ့ပါတယ်။ ဥက္ကဌ ဖြစ်ပြီးသကာလ ဥက္ကဌကြီး ဦးမိုးသီးခဗျာမှာ….
သက္ကန်းညီနောင်တပ်မ ဌာနချူပ်နေရာတွင် ဂိတ်ဖွင့်ကာ ၁၂ ဘီး၊ ၁၀ ဘီး၊၆ ဘီး၊ မှန်လုံကြီး၊ မှန်လုံသေး၊ ဟိုင်းလတ် ကားများကို မထသကြေး၊ ကျောက်ကြေး၊ကညနကြေး၊ အသက်အာမခံကြေးဆိုပြီး နအဖကပေးအပ်တဲ့တာဝန်ထက် ပိုပြီးထမ်းဆောင်ပြီး စတင်ကောက်ခံပါတယ်။ နေ့စဉ် အတက်- အဆင်း ကားအားလုံး အစီး ၃၀၀ မှ - အစီး ၄၅၀ ထိရှိပါတယ်။ ( ဂိတ်များတွင် ကားစာရင်းအတိအကျရှိပါတယ်) ။ ဒီလို အဆင်းတစ်နေ့တည်းတွင်ပင် ဦးမိုးသီးကောက်ခံပုံမှာ ကားလေးတစ်စီး ၂၀၀၀ိ/ ကျပ် မှ ကားကြီး ၂၅၀၀၀ိ/ကျပ် ထိကောက်ခံသည့်ဝင်ငွေမှာ တစ်ဆယ့်ငါးသိန်းခန့်ရှိပါသည်။
အစိုးရကို တရားဝင်ပြသောစာရင်းကို ကြည့်ရာမှာ တသိန်းပင်ပြည့်အောင် မနည်းပင်ပြည်သူတွေဆီကချော့တောင်းနေသည့်ပုံမျိုးပြထားပါသည်။
၎င်းအား လစာ / နေ့စဉ် အသုံး စရိတ် ၅၀၀၀၀ိ/ကျပ် အပြင် ညနေ သုံးနာရီနောက်ပိုင်း ကားကြီး၊ ကားလေး တို့ကို ကောက်ခံငွေအားတစ်ဦးတည်းရပြီး မထသရုံးရောက်ပါက ပြည်သူဆီက မတရားရသော ပိုက်ဆံနှင့် ၀န်ထမ်းအားလုံး သောက်စားစရိတ်ကို တာဝန်ယူကျသလောက်ကိုရှင်းပါသည်။
ထိုသို့ များပြားသော ၀င်ငွေများကို ဘယ်သူကို ဘယ်လိုကျွေး၍ အထက်ကိုတိုင်စာ မရောက်အောင် ဘယ်လိုဥာဏ်နီ ဥာဏ်နက်များဖြင့် ဘယ်လိုလုပ်ထားသည်ကိုတော့ မသိရသေးပါ။ဘယ်လိုပင်ဖြစ်စေ ဤဖြစ်ရပ်သည် အာဏာပေါ်မှာငွေကြေးရှိနေသည်ကို
တော့ဖြင့် သေချာနေပါသည်။
နောက်ထပ် ဖြစ်ရပ်များနှင့် သတင်းများကို ထပ်မံပေးပို့ပါမည်။
ကိုစောနောင်
ပေးပို့လာခြင်းကို Mr.Zero တည်းဖြတ်သည်။
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။