Wednesday, December 9, 2009

နအဖ စစ်တပ် တိုင်းရင်သားများအပေါ် ယုတ်မာ၊ အနိုင်ကျင့် မှု့များ

တပ်မဟာ (၂) တောင်ငူ ခရိုင်

၂၆၊ ၁၁၊ ၀၉ ရက်နေ့ တွင် ကလေစိုးခီးအခြေစိုက် နအဖ တပ်တို့ သည် ရွာလူကြီများဖြစ်သော (၁)စောကျော်လော (၂)စောမြစိုး (၃)စောဖေါမူ (၄) စောမွီးဖေါ တို့ ကို ဖမ်းဆီးပြီး ဘောဂလိကြီး တပ်စခန်းသို့  ခေါ် ဆောင်သွားပါသည်။ အထူးသဖြင့် စောကျော်လော နှင့် စောမြစိုး တို့ နှစ်ဦး၏ သားမယား မိသားစုဝင်အားလုံးကို ဘောဂလိကြီး တပ်စခန်းသို့ ခေါ်သွားပြီး ယနေ့ အထိ ထိုသူတို့ ၏ အကြောင်းကို ဘာသတင်းမှ မကြားရတော့ပါ။

၃၀၊ ၁၁၊ ၀၉ ရက်နေ့  ကော်သဲဒါးရွာ အခြေစိုက် နအဖ ဗမာစစ်တပ် တို့ သည် ကော်သဲဒါး ရွာရှိ ရွားသားများဖြစ်သော (၁)စောဒါအုအူ ၏အိမ်အားဖျက်ဆီး( ပျက်ဆီးမှု တန်ဖိုးကျငွေ ၅၀၀၀၀၀ ကျော်)၊ စောထူးဘွယ်နှင့် စောထီးခူ တို့ ၏ဆိုင်အား အကုန်လုံးဖျက်ဆီး၊ ဆုံးရှုံးမှုတန်ဖိုး မခန်းမှန်းနိုင်။
ထန်းတပင်မြို့ နယ်။ ။ ၃၊ ၁၂၊ ၀၉ ရက်နေ့  ပလေးဆာလို အခြေစိုက် နအဖ ဗမာစစ်တပ် စကခ(၅) ခလရ ၃၇၃ မှ ပလေးဆာလို ရွာသားများ အား ၀ါးကြီး အရှည်(၁၅)တောင် အချောင်း(၁၀၀) တပ်စခန်းကာရံ အတွက် အတင်းအကျပ် ခုတ်ခိုင်း။

နအဖ ဗမာစစ်တပ် စကခ(၅)မှူး ခင်မောင်ဆင့် သည် ဘောဂလိကြီး နှင့် ကော်သဲဒါးရွာ ရှိ ရွာသားများ၏ကားကို ဘောဂလိကြီးမှ နော်စိုး နအဖ တပ်စခန်းသို့  ရိက္ခာများပို့ ခိုင်းသည် သာမက မိုင်းများကို ရှင်းခိုင်းပါသည်။ သည့်အတွက်ကြောင့် ၃၊ ၁၂၊ ၀၉ ရက်နေ့ ညနေ ၃ နာရီ ၌ ဘောဂလိကြီး ရွာသူ နော်ချယ်၇ီ၏ ကားသည် ကော်သဲဒါးနှင့် ခူလိုဒါး ကြားတွင် မိုင်းမိပြီး ကားတစီးလုံးပျက်ဆီး၊ ကားစပယ်ယာ သေဆုံး၊ ဒရိုင်ဘာနှင့် ရွာသား တစ်ဦးဒဏ်ရာရ။

၎၊ ၁၂၊ ၀၉ ရက်နေ့ တွင် နအဖ ဗမာစစ်တပ် မှ ဘောဂလိကြီး နှင့် ကော်သဲဒါး ကား (၆)စီးအား နော်စိုး တပ်စခန်းသို့ ရိက္ခာပို့ ရန် အတင်းခိုင်းစေရန်တွင် ၀၉း ၃၀ အချိန်၌ စောနီကော်လ ၏ကားသည် မီဒေါခိုနှင့် နော်စိုးကြားတွင် ဂျောက်တဲထိုးဆင်းသွားပါသည်။

ခံစားရသောပြည်သူများ

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။