ရန်ကုန်မြို့ရှိ ၀န်ကြီးဌာန အသီးသီး၏ နောက်ချန်ရုံးများကို နေပြည်တော်သို့ အပြီးသတ်ပြောင်း ရွှေ့လျက်ရှိကြောင်း သတင်းရရှိပါ သည်။
ရန်ကုန်မြို့တွင် နောက် ချန်ရုံးများ ဖွင့်လှစ်ထားရှိသည့် ၀န် ကြီးဌာနများတွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊
လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန် ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန တို့ပါဝင်ကြောင်း သိရပြီး ယခုအခါ အဆိုပါဝန်ကြီး ဌာနအသီးသီး၏ လက်အောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းများတွင် မြန်မာ နိုင်ငံအောက်ပိုင်းရုံးများကိုသာ ထား ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း ရုံး ဖွင့်လှစ်ထားခြင်း မရှိသည့် ဦးစီး ဌာနနှင့် လုပ်ငန်းများအနေဖြင့် နောက်ချန်ရုံးများအား အပြီးသတ် ပြောင်းရွှေ့နေကြောင်းသိရသည်။
ပြည်ထဲရေး ၀န်ကြီးဌာ နအနေနဲ့တော့ လုံခြုံရေးလိုအပ်ချက် တွေအရ လက်အောက်ခံ ဦးစီးဌာန တွေကို နောက်ချန်ရုံး ရှေ့တန်းရုံး များဖွင့်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နောက်ချန်ရုံးတွေ ထားဖို့ မလိုအပ်တော့တဲ့အတွက် ရှေ့ တန်းရုံးနဲ့ နောက်ချန်ရုံးများကိုပေါင်း မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအောက် ပိုင်းအတွက် ဖွဲ့စည်းပေးထားတဲ့ ဦးစီးဌာနတွေပဲ ရန်ကုန်မှာ ရှိတော့ မှာပါ}}ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ အရာရှိတစ်ဦးက ပြောကြား သည်။
ကိုသတင်း
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။