Tuesday, December 15, 2009

အမှတ်(၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူပိုင်စက်ရုံများအား နအဖမှ ရောင်းချနေခြင်းနှင့် အလုပ်သမားများအား မတရားအလုပ်ထုတ်ပစ်ခြင်း။

ရန်ကုန်တိုင်း၊ မရန်းကုန်းမြိုနယ်၊ ပြည်လမ်းပေါ်တွင်ရှိသော (စစ်ရုံးရှေ့) အမှတ် (၁၁) ချည်မျှင်နှင့်အထည်အလိပ်စက်ရုံအား ပြီးခဲ့သော သောကြာနေ့ (၁၂) ရက်နေ့၊ ညနေ (၄) နာရီတွင် အရေးပေါ် အလုပ်သမားများအား အစည်းအဝေးပြုလုပ်ကာ သူတို့ပိုင်ဆိုင်သော အ၀တ်အစား အသုံးအဆောင်များအား ယူခိုင်းပြီး ( စက်ရုံထဲရှိ) စက်ရုံအား ချိတ်ပိတ်လိုက်ပါသည်။

စက်ရုံအား ချိတ်ပိတ်သည့်အကြောင်းမှာ စက်မှု (၁) ၀န်ကြီးဋ္ဌာနမှ ထိုစက်ရုံအား (ဦးပိုင်လိမိတက်) သို့  ထိုစက်ရုံကို ရောင်းချလိုက်သည့်အတွက်ကြောင့် ဖြစ်သည်။ ထိုစက်ရုံတွင် လက်ရှိအမှုထမ်းနေသော အလုပ်သမားများမှာ စုစုပေါင်း (၄၅၀) ကျော်ရှိသည်ဟု သိရသည်။

ထို့ အပြင် စက်ရုံဝန်းအတွင်းရှိ ၀န်ထမ်းအိမ်ရာမှာလည်း (၃၀) ကျော်ရှိသည်ဟုသိရှိရပါသည်။ အိမ်တစ်လုံးတွင် အနည်းဆုံး လူဥိးရေ (၃ - ၄) ယောက်ခန့် နေထိုင်ပါသည်။ ထိုသူတို့အားလည်း နေစရာ အစားပြန်မပေးဘဲ စက်ရုံဝန်းအတွင်းမှ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွေခိုင်းသည်ဟု သိရှိရပါသည်။

လက်ရှိအလုပ်သမား (၄၅၀) ကျော်ကိုလည်း မည့်သည့်နေရာတွင်မှ အလုပ်ပြန်လည်မခန့်ခြင်း၊ ပင်စင်ပေးခြင်း စသည့်အချက်များကို ပြုလုပ်ခြင်းမရှိဘဲ အလုပ်မှ ရပ်စဲလိုက်ပါသည်။

ထိုသို့ပြုလုပ်ခြင်းမှာ အလုပ်သမားဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်းနှင့် နအဖသည် ထိုသို့ အလုပ်သမားများအား လူမဆန်စွာ ပြုမူနေခြင်းကို အများပြည်သူသိရှိစေရန်အတွက် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ယခုအဖြစ်အပျက်သည် အမှန်တကယ်ဖြစ်ရပ်ဖြစ်ပါသည်ဟု ကျိမ်ဆိုဝန့်ပါသည်။

(မတရားအလုပ်ထုတ်ခံရသူတစ်ဦး)။

(ယခုလို ပြည်သူပိုင် စက်ရုံ အလုပ်ရုံတွေကို နအဖအနေနဲ့  သူနဲ့ သင့်မြတ်ရာ ပုဂ္ဂလိကသို့ ရောင်းချခြင်းသည် တရားဥပဒေအရ ပြည်သူပိုင်ပစ္စည်းကို အလွှဲသုံးစားလုပ်ခြင်းဖြစ်သကဲ့သို့ ၊ အလုပ်သမားများအား လျော်ကြေးမပေးဘဲ အလုပ်ထုတ်ပစ်ခြင်းနှင့် အိမ်နေရာအစား ပြန်မပေးခြင်းတို့  သည်လည်း နအဖ၏ မတရားမိုက်ရိုင်းသောလုပ်ရပ်ဖြစ်ကာ နိုင်ငံတကာနှင့် ပြည်တွင်း အလုပ်သမားဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ အဆိုပါ နအဖ မတရားသူများအား အလုပ်သမားထုအင်အားဖြင့် တော်လှန်ဆန့် ကျင်ကြပါရန် တိုက်တွန်းအပ်ပါသည်)။

မတရားခံရသော အလုပ်သမားတစ်ဦး၏ ပေးစာ

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။