
၂၀၀၉ ခုနှစ် အတွင်း မြန်မာ နိုင်ငံတွင် စီးပွားရေး အရ အမြတ်အစွန်း အများဆုံးရသည့် လုပ်ငန်းများ မှာ အရက်ချက် စက်ရုံထောင်ခြင်း နှင့် အထူးဆေးခန်း ဖွင့်ခြင်း တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ယခင်နှစ်များ ဆီက ခရီးသွား ဧဂျင်စီ ထောင်ခြင်း ၊ပြည်ပပို့ ကုန် နှင့် အိမ်ခြံမြေ ကန်ထရိုက် ဆောက်လုပ်ရေးလုပ်ငန်းများသာ အမြတ်အစွန်း ရရှိခဲ့သော် လည်းယခုနှစ် တွင် ပုဂ္ဂလိက အရက်ချက် စက်ရုံများ နှင့် အထူးကု ဆေးခန်းများက အမြတ်အစွန်းမြောက်များစွာ
ရရှိခဲ့ကြသည်။
ရန်ကုန် မြို့ ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခု တွင် အချိန်ပိုင်း တာဝန်ထမ်းဆောင် နေသည့် သား
ဖွားမီးယပ် အထူးကု တစ်ဦးက “အမ က ဒီဆေးခန်း တစ်ခု တည်းနဲ့ တင် တစ်လ ကို လစာ ၁၂ သိန်းရတယ် ဆေးခန်းရဲ့ တလ ၀င်ငွေက ပျမ်းမျှ သိန်း သုံးထောင် လောက်
တော့ရှိမယ် “ဟု ယူနီဗာဆယ် သို့ ပြောသည်။
ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများ အမြတ်အစွန်းများရခြင်းမှာ အစိုးရ၏ ကျန်းမာရေးစောင့်
ရှောက်မှု စနစ် အားနည်းခြင်း အပါအ၀င် ၀န်ဆောင်မှု နှင့် ဆေးဝါးကုသမှုပိုင်း တွင်ပါ အား
နည်းသွားရခြင်းကြောင့် ဖြစ်သည်။
ယခုနှစ်တွင် AH1N1 ခေါ် အေတုပ်ကွေး ၊ ၀မ်းလျှောဝမ်းပျက် ရောဂါ နှင့် ရာသီ တုပ်ကွေး
ရောဂါ အဖြစ်များရခြင်းကလည်း ရန်ကုန် နှင့် နယ်မြို့ များရှိ လူနာ တို့ ပုဂ္ဂလိက ဆေးရုံ
ဆေး ခန်းများကို အားကိုးလာ ရခြင်း ဖြစ်သည်။
ယခုနှစ် တုပ်ကွေးရာသီ တွင် မိမိအလုပ်လုပ်ကိုင် နေသည့် အထူးကု ဆေးခန်းငယ်လေး
မှာ ပင် နေ့ စဉ် ၀င်ငွေ ဆယ်သိန်းနီးပါးရရှိခဲ့ကြောင်း ရန်ကင်းမြို့ နယ်ရှိ ပုပ္ပါး ဆေးခန်း ရှိ
ဆရာဝန် တစ်ဦးက ပြောသည်။
အထူးကု ဆေးခန်း၊ဆေးရုံများကဲ့သို့ ပင် ၀င်ငွေအများဆုံးရရှိ သော လုပ်ငန်းများ မှာ အရက်ချက် စက်ရုံထောင်ခြင်း ဖြစ်သည် ဟု စုံစမ်းသိရှိရသည်။ အရက်ချက် စက်ရုံများ
မှာ မြန်မာ နိုင်ငံတွင် လွန်ခဲ့သည့် ငါးနှစ်က ထက် ငါးဆ မက များပြားလာသောလည်း
အမြတ် အစွန်းက လျှော့ သွားခြင်း မရှိ ဟု သိရသည်။
အရက်ချက် စက်ရုံ မန်နေဂျာ တစ်ဦးက “ အရက်သောက်တဲ့ လူတွေ ပဲ ပိုတိုလားတာ
လားတော့ မသိဘူး သေချာတာ က အရက် ကို နိုင်ငံခြားက တော့ အိတ်စပို့ သိပ်မဆွဲ
ဘူး ”ဟု ပြောသည်။
၂၀၀၉ ခုနှစ် တွင် အရက်ချက် စက်ရုံထောင်သူများ ၀င်ငွေ ကောင်းသလို အရက် ချက်စက်ရုံများ နှင့် ပတ်သက် ၍ လည်း လူထု စိတ်ဝင်စားသော သတင်းများပေါ်
ပေါက်ခဲ့သည်။
ရန်ကုန် အခြေစိုက် ၀ီကလီ မီဒီယာ အုပ်စု က ၎င်းတို့ ၏ မီဒီယာ လိုဂို အမှတ်အသား နှင့်ဆင်တူရိုးမှားပြုလုပ် သည် ဟုစွပ်စွဲ ထားသည့် လပ်ကီး အီလဲဗင်း ၀ီစကီ ကို တရားစွဲဆိုခဲ့ သည့် ဖြစ်ရပ် ပေါ်ပေက် ခဲ့သလို ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ယင်းတိုက်ပင်ကျေးရွာအတွင်း တည်ရှိသော Myanmar Winery & Distillery Co.,Ltd အရက်ချက်စက်ရုံ မီးလောင်မှုတွင် လည်း မြန်မာကျပ်
ငွေ သိန်းထောင်ချီ နှင့် အမေရိကန် ဒေါ်လာ သိန်းရာချီ ဆုံးရှုံးခဲ့ သည့် သတင်းများ ပေါ်ပေါက် ခဲ့ဖူးသည်။
မြန်မာနိုင်ငံ ၏ အရက် ဈေးကွက်၌ ဒုတိယ ဝေစု အများဆုံးရရှိခဲ့သည့် PMG အရက် ကုမ္ပ
ဏီ ကိုလည်း ရောင်းချမှု ခွန်ပေးဆောင်ရန် ပျက် ကွက်မှု ဖြင့် ဆိုကာ ထုတ်လုပ်မှု ရပ်ဆိုင်း
စေခဲ့သည်။
မည်သို့ ပင် ဆိုစေ လူဦးရေသန်းပေါင်း ၅၀ ကျော် နေထိုင်သော မြန်မာ နိုင်ငံ၌ အရက် ထုတ် လုပ်မှု မှာ ကျဆင်းရပ်တန့် သွားခြင်း မရှိပဲ တစ်လလျှင် အရက်ဈေးကွက် ၌ အမှတ်
တံဆိပ် သစ် တစ်မျိုး တိုးလာ လျှက်သာရှိသည်။
၂၀၀၉ ခုနှစ် မြန်မာ နိုင်ငံ၏ အမြတ် အစွန်းအများဆုံးစီးပွားရေးလုပ်ငန်းများ တွင် စစ်ဗိုလ်ချုပ် များက ရှစ်ဆယ် ရာခိုင် နှုန်းခန့် ပါဝင် ပတ်သက်နေ သည် ဟု ရန်ကုန်မြို့ ရှိဆီဒိုးနား ဟိုတယ် မှ ၀န်ထမ်း တစ်ဦး ကပြောသည်။
မြန်မာ နိုင်ငံ ၏ တစ်နှစ်တာ အတွင်း အမြတ်အစွန်း အများဆုံးရရှိသော စီးပွားရေးလုပ်ငန်း
များမှာ ယခုနှစ် တွင် အများ၏ စိတ်ဝင်စားမှု ကို ရရှိသည့် သတင်းများလည်း ထွက်ပေါ်ခဲ့
သည်။
နိုင်ငံ၏ အရက် စီးပွားရေး ကွန်ယက် သည် နိုင်ငံတွင်း လည်ပတ်နေသော GDP ၏ ဆယ်ရာခိုင် နှုန်း နီးပါးပင် ရှိမည် ဖြစ်ကြောင်း စီးပွားရေး တက္ကသိုလ် မှ ပါမ္ခော တစ်ဦး
က မကြာသေးခင်းက ခန့် မှန်း ခဲ့သည်။စစ်အစိုးရ က အရက် ကြော်ငြာများ ကို လုံးဝ
ခွင့်မပြုတော့ သော် လည်း အရက်ကြော်ငြာရှင်များက ၎င်း တို့ ၏ ရောင်းအား အတွက်
မစိုးရိမ် ဟု ဆိုသည်။
အရင်းနှီး နှင့် အဆက်အသွယ် ကောင်းမှု ကို လိုက်၍ ကြီးစွာ အမြတ် အစွန်းရသည့် စီးပွား
ရေး လုပ်ငန်း များ ကလေးသူငယ် များအပေါ်လွှမ်း မိုးစိမ့် ၀င် နိုင် မှု နှင့် ပတ်သက်၍ ရေ
ကျော် ရှိ အစိုးရ၀န်ထမ်း တစ်ဦး ဖြစ်သူ က “ အိမ်က သားလေ ကြီးလာရင် ဘာလုပ်မလဲမေးတာ အရက်ချက် စက်ရုံ ထောင်မယ် ပြောတယ်” ဟု ယူနီဗာဆယ် သို့ ပြောသည်။
ကိုသတင်း
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။