Wednesday, March 9, 2011

ထိုင်းနိုင်ငံမြောက်ပိုင်း မွတ်စလင်စုပေါင်းတရားနာယူပွဲကြီး (ဂြိုလ်) ကို မယ်ဆောက်မှာ ပထမဆုံးကျင်းပခြင်း

 
ဗလီဘေးနားတွင် တိုးချဲ့နေရာယူထားသော် တရားနာပွဲကို အဝေးက မြင်ရပုံ

အဆိုပါ စုပေါင်းတရားနာယူပွဲကြီး (ဂြိုလ်)ကို ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော် မယ်ဆောက်မြို့တွင် မတ်လ ၈ ရက်နေ့မှစ၍ ကျင်းပပြီး ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ပါသည်။ ထိုတရားနာယူပွဲကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကြီးတွင် နှစ်စဉ်ကျင်းပနေရာမှ အနီရောင်ဝတ်များ၏ မငြိမ်မသက်ဖြစ်မူတွေကြောင့် မယ်ဆောက်မြို့တွင် ကျင်းပရခြင်းဖြစ်သည်။
                
နယ်စပ်မြို့မှာ ကျင်းပရခြင်းကြောင့် မွတ်စလင် ပညာရှင်များက မွတ်စလင် ညီနောင် တစ်သောင်းကျော်အထိ ရောက်လာနိုင်သည်ဟုခန့်မှန်းထားပါသည်။ ထိုဦးရေအတွက် ဗလီ ၀န်းကျင်နေရာကို ပြီးခဲ့သည့် ၃ လလောက်မှ (ကုရ်ဘာနီအစ်) မှစတင်ကာ အစီအစဉ်များပြုလုပ်ခဲ့ပါသည်။ ၀တ်ပြုသည့်နေရာများကို ကျယ်ဝန်းလှသည့် ဗလီရှေ့မျက်နှာစာတွင် မိုးရေကာဖျင်များနဲ့ အမိုးများပြုလုပ်ကာ ထားရှိပြီး ရေချိုးကန်များ၊ ကိုယ်လက်သန့်စင်ရာနေရာများ၊ ထမင်းစားဆောင်နေရာများ၊ အိမ်သာနေရာများကို သူ့အကန့်နဲ့သူ စီစဉ်ထားရှိပါတယ်။ 

              







 ထိုင်းယာဉ်ထိန်းရဲများ လမ်းရှင်းနေစဉ်


ဗလီရဲ့ ရေလုံလောက်မူအစီအစဉ်အတွက် ရေတွင်းများထားရှိပြီး ရေလှောင်ကန် ၂ လုံးကို အသစ်ထပ်မံ တည်ဆောက်ထားပါသည်။ ထို့အပြင် ထိုင်း စည်ပင်သာယာမှလည်း လိုအပ်သည့် ရေကိုကားများဖြင့် ပို့ဆောင်ပေးနေပါသည်။

အစားအသောက်များသန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် မယ်ဆောက်ဆေးရုံကြီးက အကူအညီများပေးကာ လုပ်ဆောင်လျှက်ရှိပါသည်။ ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခွင့်ကို တော့ သာသနာ့စည်းကမ်းအရ လုံးဝတားမြစ်ထားပါသည်။
           






 ကင်မရာ မသုံးရ တားမြစ်ထားစဉ်


 မြန်မာနိုင်ငံတ၀ှမ်းမှ မွတ်စလင် နာမည်ကြီး သာသနာ့ပညာရှင်အများအပြား တက်ရောက်ပြီး ထိုင်းနိုင်ငံမှ သာသနာပညာရှင်များလည်း တဖွဲဖွဲရောက်လာလျှက်ရှိပါ သည်။ ထိုရက်ပိုင်းအတွင်း ထိုင်းရဲများကို လည်း မွတ်စလင်ညီနောင်မှန်ပြီး လတ်မှတ် မရှိဖြင့်ရင်လည်း သွားခွင့်ပြုပေးပါရန် ထိုင်းနိုင်ငံမွတ်စလင်အဖွဲ့အစည်းများမှ တောင်းဆိုထားပါသည်။
              
 မြန်မာနိုင်ငံမှ သန်း ၃၀ ခန့်ရှိသော် မွတ်စလင်ညီနောင်များတို့အတွက် ကျော်ကြားသော် အစ္စလာမ်ပညာရှင်များနှင့်တကွ သူတို့၏ ကျင့်စဉ် (အမာလ်) များကို နားထောင်ရမည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးကို ရရှိမည့် ရက်များဖြစ်ပါသည်။

ထို့ကြောင့် နေရာဒေသအစုံမှ တက်လာခဲ့သည့် မွတ်စလင်ဘာသာဝင်များသည် မြန်မာ လ၀က များ၏ ကားပေါ်မှ ဆွဲချမူ၊ ပိုက်ဆံတောင်းမူ၊ မိုက်ရိုင်းသော် အပြောအဆိုများကို ခံနေရပါသည်။ အဆိုးဝါးဆုံးခံနေရသော် မွတ်စလင်များမှာ ရခိုင်မွတ်စလင်များဖြစ်ပြီး(နိုင်) မှတ်ပုံတင်ရှိလျှက် သူတို့ ရခိုင်နယ်မြေမှ ထွက်ခွာလျှင်ဖြင့် လ၀က မှ ထွက်ခွာခွင့် ထောက်ခံစာ လုပ်ခိုင်းပါသည်။ ထို ထောက်ခံစာကို တံတားကျိုးမှ လ၀က အရာရှိများ၊ ကော့ကရိတ် ကားဝင်းမှ လ၀က အရာရှိများကို ပြသော်လည်း တစ်ချို့မှာ အထက်မှာပြောခဲ့သော မတရားအနိုင်ကျင့်မူများကို ခံခဲ့ရပါသည်။


ကိုသီလ (ယူနီဗာဆယ်)

1 comment:

  1. ဘာလဲဟ သန်း( ၃၀) ။
    မြန်မာပြည်သားတ၀က်က မွတ်ဆလင် ဖြစ်ကုန်ပါရောလား ။ မြန်မြန်ပြန်ပြင်ပါ။ စာရေးသူ

    ReplyDelete

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။