Wednesday, March 9, 2011

ဗမာ နှင့် ကရင်စစ်ပွဲများအကြားတွင် ကော့ကရိတ် ဒိုင်နယ်များရှိ ရွာသားများ ဆက်ကြေးများအဆမတန်ပေးနေရ

ကော့ကရိတ် မြိုနယ်စပ်တွင်ရှိနေသော် ဒိုင်နယ်များဟုခေါ်သော်ရွာငယ်လေးများ မြောက်မြားစွာသည် အစိုးရတပ်၊ ဒီကေဘီအေ၊ (တော) ဟုခေါ်သော သူပုန်များကို တစ်လ လျှင် ၃ ခါလောက် ဆက်ကြေးများပေးနေကြရသည် ဟု ယူနီဗာဆယ် မှ သတင်းရရှိသည်။
             
စစ်တပ်မှ ပေါ်တာ အလိုက်မခံချင်ရင်လျှင်၎င်း၊ ဒီကေဘီအေ၏အတင်း အကျပ်ဆွဲသွင်းသည့် စစ်သားမလုပ်ချင်လျှင်၎င်း၊ သူပုန်တပ်များ၏ သေနတ်အောက်မှာ အသတ်မပျောက်ချင်လျှင်၎င်း ရွာသားများ ဆက်ကြေးများပေးနေရသည်။
              






 ကရင်ရွာများမီးရို့ခံရစဉ်

လယ်ရှိသော်သူသည် လယ်ကြေ၊ ယာကြေး၊ နွားကြေး ဟုနာမည်တပ်ပြီး တစ်ခါလျှင် 
၅ သောင်းထက်မနည်းသော် ဆက်ကြေးကို ပေးဆောင်နေရပါသည်။ ယခုလိုပေးဆောင်မူသည် တစ်လထဲတွင် ၃ ခါထက်မနည်းပေးဆောင်နေရပါသည်ဟု ရွာရှိ လယ်နှင့် အိမ်ကို ပစ်ပြီး မယ်ဆောက်သို့ပြေးလာသည့် ကရင်အမျိုးသမီးမှ ယူနီဗာဆယ်ကို ပြောပြသည်။
             
  “ ကျွန်မတို့ ဟိုမှာ အိမ်တွေကော၊ ယာတွေကော အားလုံးထားခဲ့ရတယ်.. စစ်တပ်က လာကောက်တယ်..ဒီကေဘီအေကလည်း လာကောက်တယ်.. တောကလည်း ဆက်ကြေးဆိုပြီးကောက်တယ်… ဘယ်သူက ဘယ်ကမှန်းမသိပေမယ့် အားလုံးလက်နက်တွေကိုင်ပြီး အတင်းအကျပ်ကိုတောင်းနေတယ်။ မပေးဘူးဆိုရင်တော့ သားရှိရင် အတင်းခေါ်ပြီး သူတို့တပ်ထဲသွင်းလိုက်တာပဲ…. သားမရှိရင် ရှိတာယူသွားတာပဲ.. ကျွန်မတို့ မိသားစုလည်း မနေနိုင်တော့လို့ မယ်ဆောက်ကို ပြေးလာရ တာပဲ…. ” ဟု ပြောပါသည်။
               
“ ကော့ကရိတ်တွင်တာဝန်ကျသည့် မြန်မာစစ်တပ်က ရွာရဲ့ အခြေအနေကိုကြည့်ပြီး ဘယ်လောက်ဆိုပြီးတန်ဖိုးဖြတ်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ပြီးကောက်ပါတယ်.. သူတို့ကောက်နေသည့်အချိန်တွင် ဘယ်သူပုန်၊ ဘယ်ဒီကေဘီအေမှ ၀င်မလာပါ။ စစ်တပ်ထွက်သွားပြီသည်နှင့် နောက်ထပ် အဖွဲ့များဝင်လာပြီး ရသလောက် ယူပါတော့သည်”  ဟု ကရင် လယ်သမားတစ်ဦးက ယူနီဗာဆယ်ကိုပြောပါသည်။
            
 






 ဗမာစစ်တပ်၏ တောင်ပေါ်စခန်းတစ်နေရာ

ဒီလိုကောက်ခံနေရာတွင် ကော့ကရိတ် ကားဝင်း၏ ၂ မိုင်အကွာတွင် ရှိသော ခင်နှင်းမူ ရွာလေးတွင် အဆိုးဆုံးဟုသိရသည်။ တံတားထိပ်တွင်ရှိသော ရဲကတုတ်ကျင်းမှလည်း ပိုက်ဆံမရရင် ကားများကို ရပ်ပြီး သိမ်းဆည်းနေသလို၊ ယောင်္ကျားလေးမှန်ရင် အကုန်လုံးကိုဖမ်းဆီးကာ ပိုက်ဆံပေးနိုင်သူ့လူပဲ ထွက်သွား ခွင့်ရှိနေပါသည်။ ကျန်တဲ့သူများသည် စစ်တပ်၏ ပေါ်တာထဲသို့ ပို့လိုက်ကြောင်း သတင်းရရှိပါသည်။ရွာသားများကတော့ ၃ မျိုး ၃ စား ၃ နေရာကို ကျွေးမွေးနေရကြောင်း ပြောနေကြသည်။ ကရင် အမျိုးသမီးများကတော့ သားတောင်မမွေးရဲဘူးဖြစ်နေတယ်လို့ ကြားသိရပါတယ်။
         
ခင်နှင်းမူရွာသည် လမ်းခွဲများဆုံရာ နေရာတစ်ခုဖြစ်ပြီး ကော့ကရိတ် နှင့် အောက်ဗိုလ်တဲ ကြားရှိ နေရာတစ်ခုဖြစ်ပြီး တောလမ်းများသည် ကျွမ်းကျင်သူတစ်ဦးအဖို့ လှိုင်ဝ တံတားထိပ်အထိ သွားနိုင်သလို အင်ဒုအထိ သွားနိုင်သလို လမ်းဆုံတစ်ခုဖြစ်သည်။

ကိုလေပွေ (ယူနီဗာဆယ်)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။