မြန်မာနိုင်ငံ၏ ပြည်သူ့ရဲတပ်ဖွဲ့များသည် ရန်ကုန်မြို့၏ မြို့နယ်အများအပြားတွင် သင်္ကြန်လုံခြုံရေးစရိတ်များ ကောက်ခံလျှက်ရှိကြောင်း မြို့နယ်အချို့မှ ရပ်မိရပ်ဖများထံမှ သိရှိရသည်။
ပြည်သူ့ရဲတပ်ဖွဲ့သည် သင်္ကြန်အတွင်း လုံခြုံရေးတာဝန်ကိုအပြည့်အဝ ယူထားရသော်လည်း ယင်းကဲ့သို့ လုံခြုံ ရေးစရိတ်ကို ကောက်ခံခွင့် မရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရသည်။
တားမြစ်နေရာ တွင် တာဝန်ကျ ရဲ စောင့်နေစဉ်
ယခင်နှစ်များတွင်ကောက်ခံမှုများရှိခဲ့သော်လည်း ငွေကြေးပမာဏ မများပေ။ ယခုနှစ်တွင်မူ ဆိုင်ခန်းဖြင့် ဈေးရောင်းသူများထံမှ ၄၀၀၀ကျပ်၊ ပျံကျဈေးသည်များထံမှ ၃၀၀၀ ကျပ်ကောက်ခံ ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်မှ တီဗီဂိမ်းဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ဆိုင်ကိုတော့ ရဲနှစ်ယောက်လာတယ်ဗျာ သင်္ကြန် လုံခြုံရေးအတွက်ဆိုပြီး ၃၀၀၀ တောင်းတယ် ကျွန်တော်လည်းပေးလိုက်ပါတယ်။ ရဲနှစ်ယောက်ကတော့ ရည်ရည်မွန်မွန်ပါပဲ သူုတို့က ကျွန်တော်တို့လည်း မကောက်ချင်ပါဘူး အထက်က ခိုင်းလို့ ကောက်ရတာပါ အားနာပါတယ်လို့လည်း ပြောသွားပါတယ်”ဟု ပြောကြားသည်။
လိုင်မြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ကတော့ ဒီမှာဖွင့်တာကြာပြီလေ မနှစ်ကတော့ အဲလိုပဲ လာကောက်တယ် ၅၀၀ ပဲ ပေးလိုက်တယ်ဗျာ။ ဒီနှစ်က ၃၀၀၀ ဆိုတော့ နည်းနည်းများတယ်ဗျာ ကျွန်တော်တို့လည်း တစ်နေ့လုပ်မှ တစ်နေ့စားရတာ ဆိုတော့ အဲလောက် မပေး နိုင်ဘူး ၂၀၀၀ ပဲယူလို့ပြောလို့ ကျွန်တော်နဲ့တော်တော် အခြေ အတင် စကားများသွားတယ်။ ပြည်သူ့ကို ကူညီမယ့်ရဲက ပြည်သူ့ဆီက ပြန်ပြီး လည်ပင်း ညစ်နေတယ် လုပ်ကြပါဦးဗျ”ဟု ၎င်း၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ပြည်သူ့ရဲတပ်ဖွဲ့သည် လစာ ချို့တဲ့စွာရရှိသောကြောင့် ယင်းကဲ့သို့ ပြသာနာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။