ရွေးကောက်ပွဲမတိုင်မီက ပြည်ခိုင်ဖြိုးပါတီမှ အမရပှုရမြို့တွင် မွတ်စလင်ဘာသာခေါင်းဆောင် ဗလီဆရာထံတွင် မဲနိုင်မည်ဆိုပါက ဗလီကျောင်းကို ပြုပြင် ဆောက်လုပ်ပေးမည်ဟုဆိုကာ မဲဆွယ်ခဲ့ရာ မွတ်စလင်များထံမှ မဲ ၄၀၀၀ ကျော် ရရှိခဲ့ပြီး ယင်းပါတီ အနိုင်ရခဲ့သည့်တိုင် ဗလီကျောင်းအား ပြုပြင် ဆောက်လုပ်ပေးခြင်းမရှိကြောင်း ၄င်းပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
အထက်ပန်းဆိုးတန်းလမ်းရှိ ရွာဟောင်းဗလီ
ယင်းဗလီကျောင်းတွင် ဘုရားဝတ်ပြုရန်လာရောက်သော အမျိုးသားတစ်ဦးက “ရွေးကောက်ပွဲတုန်းက ဒီမြို့မှာ NDF ပါတီက သိပ်တော့ မသေချာပါဘူး။ တစညပါတီနှင့်ပြည်ခိုင်ဖြိုးပါတီတို့တော့ပါတယ်၊ ကျွန်တော်တို့ ဗလီကျောင်းက တော်တော်လေး ချွတ်ယွင်းနေတာကြာပြီ။ စည်ပင်က ပြင်ဖို့ခွင့်မပြုတာကြောင့် ကျောင်းဆောင်ထပ်တိုးတာတို့၊ ထပ်ပြီး ဆောက်လုပ်တာ တို့ကို လုပ်လို့မရဘူး။ ဒီမှာ ဗလီကျောင်းကလည်း နည်းတယ်လေ။ ရွေးကောက်ပွဲ အချိန်လည်း ရောက်ရော၊ ဒီမှာက မွတ်စလင်တွေက ရွာလုံးပေါက်ကိုရှိတယ်။ သူတို့က မွတ်စလင်တွေရဲ့ မဲကိုလိုချင်တယ်။ ဒီတော့ ပြည်ခိုင်ဖြိုး ပါတီက တာဝန်ရှိသူတစ်ဦးက ဒီကဘာသာရေးခေါင်းဆောင်သခင်လေးကို လာပြီးညှိတယ်။ ဒီကမွတ်စလင် တွေက မဲပေးရင် ဘာလုပ်ပေးမလဲလို့ မေးတယ်။ သူတို့က ဘာလိုချင်လည်း လို့မေးတော့ ဗလီကျောင်းကို ဆက်လက် ဆောက်လုပ်ခွင့်၊ ပြုပြင်ခွင့်နဲ့ထပ်တိုးခွင့်ကို သူတို့ငွေနဲ့လုပ်ပေးပါလို့တောင်းဆိုလိုက်တယ်၊ သူတို့က အကြောင်းပြန်မယ်လို့ ပြောတယ်။ နောက်ပြီးတော့ အဆင်ပြေတယ် အားလုံးလုပ်ပေးမယ်လို့ ပြောပြီးတော့ မဲထည့်ခိုင်းပါတယ်။ ဒီကမွတ်စလင်တွေ သခင်လေးစကားနားထောင်တော့ သူတို့ကို မဲထည့်လိုက်တယ်။ သူတို့အပြတ်အသတ်ကို နိုင်သွားတယ်လေ၊ နောက်တော့လည်း အခုအချိန်အထိ ဘာမှ လာမလုပ်ပေးဘူး။ ကျွန်တော်တို့က မျှော်လင့်ချက်တစ်ခုနဲ့ ထည့်လိုက်တာပါ ကျွန်တော်တို့မဲပေးချင်တာက တခြားပါ ဒါမဟုတ်ပါဘူးဗျာ၊ဒီလို ကတိပျက်တာတော့မကောင်းပါဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လိမ်သွားတာကတော့ တော်တော်လေးကို မတရားပါဘူးဗျာ မိုက်ရိုင်းလွန်းတယ်”ဟု ပြောကြားသွားသည်။
ယင်းဗလီကျောင်းသည် မွတ်စလင်သချိုင်းနှင့်တတွဲတည်းဖြစ်ပြီး၊ ယင်းသချိုင်းတွင် ရှေးနန်းတွင်းခေတ်က မွတ်စလင် အများစုကို မြုပ်နံထားကာ ဦးပိန်တံတားကို ဆောက်လုပ်ခဲ့သော ဦးပိန်ကို မြုပ်နှံထားသောနေရာလည်းဖြစ်သည်။ ယင်းဗလီကျောင်းနှင့် တွဲလျှက်ရှိသော မွတ်စလင်သချိုင်းတွင်ယခင်နန်းတွင်းရှိ ၀န်မင်းများ၊ နန်းရင်းဝန်များ၊ အမတ်များ မြုပ်နှံထားသောကြောင့် ရှေးဟောင်းသုတေသီ၊ သမိုင်းသုတေသီ အများစုက မကြာခဏလာရောလေ့လာသော နေရာ တစ်ခုလည်း ဖြစ်သည်။
ယူနီဗာဆယ်

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။