Monday, April 4, 2011

တမူးတွင်ကျင်းပခဲ့သည့် ထိုင်း၊မြန်မာ၊အန္ဒိယ ကုန်သွယ်ရေးဆွေးနွေးပွဲ

 တမူးမြို့တွင် မတ်လ ၂၆ ရက်နေ့က ကျင်းပသွားသည့် အိန္ဒိယ၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေး ကွန်ဖရင့်မှာ သမိုင်းဝင်သော ဆွေးနွေးပွဲ တစ်ရပ်ဖြစ်ပြီး သုံးနိုင်ငံအကြား ကောင်းမွန်သော ကုန်သွယ်ရေးဆက်ဆံမှုများ ထူထောင်ရန် လှုပ်ရှားမှု တစ်ရပ်ဟုလည်း ဆိုနိုင်သည်။








 တိုးတက်သော် ၂ နိုင်ငံကြားတွင်ဆုံမှတ်ဖြစ်နေသော် မြန်မာ၏ အနေအထား


ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အကြီးအကဲနှင့် ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Tharadol Thongruang က တမူးမြို့ကွန်ဖရင့်၌ "ယခု ဆွေးနွေးပွဲသည်အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒနှင့် ထိုင်းနိုင်ငံ၏ အနောက်မျှော် မူဝါဒတို့ မြန်မာတွင် စုဆုံမိသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်" ဟု ဆိုသည်။

ထို့ပြင် ထိုင်း၊ မြန်မာ နှင့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဒေသ၊ ထိုင်းနှင့် မြန်မာ နိုင်ငံအကြား ကောင်းမွန်သော ကုန်သွယ်ရေး ထူထောင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ထူထောင်ရာတွင် ယခင်ကာလများ ကတည်းက ကျင့်သုံးခဲ့သည့် နှစ်နိုင်ငံ အကောက်ခွန်စနစ်များ၊ ရိုးရာ ယဉ်ကျေးမှု အလေ့အထများအတိုင်း လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးကောင်း တစ်ရပ် ထူထောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှနေ၍ လုပ်ဆောင်ပေး သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။


တမူး၌ ကျင်းပသည့် အဆိုပါကွန်ဖရင့်ကို မြန်မာနယ်စပ် ကုန်သွယ်ရေး ယူနီယံ၊ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း နှင့် တမူး-မြန်မာအာဏာပိုင်များက ဦးဆောင် အကောင်အထည် ဖော်ကြခြင်း ဖြစ်သည်။ မြန်မာ ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေ၊ မြန်မာနယ်စပ် ကုန်သွယ်ရေးဌာန ဒါရိုက်တာ ဦးဆန်းလှိုင် နှင့် အခြားသော တာဝန်ရှိ ပုဂ္ဂိုလ်များက မြန်မာ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ကြပြီး  မဏိပူရပြည်နယ် သွင်းကုန်၊ ထုတ်ကုန် ဆိုင်ရာ အဖွဲ့မှ အရာရှိကြီးများက အိန္ဒိယနိုင်ငံ ကိုယ်စား တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Dwijamani က "ယခု ကွန်ဖရင့်သည် ယဉ်ကျေးမှု တူညီမှုရှိသော နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေး တစ်ရပ် ထူထောင်နိုင်ရေး အတွက် လွန်စွာ အရေးကြီးသော ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း" ဆိုသည်။ ထို့ပြင် သယ်ယူ ပို့ဆောင်ရေး စနစ်ကောင်းများ ပေါ်ထွန်းအောင် ဆောင်ရွက်ရေး နှင့် ယဉ်ကျေးမှုများ နှီးနှော ဖလှယ်ရေး တို့သည်လည်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေးကောင်းများ ဖြစ်ထွန်းစေနိုင်ကြောင်း ပြောသည်။











Tharadol Thongruang


မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ အိန္ဒိယတို့နှင့် ဖြစ်နိုင်ခြေ ရှိသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ကာ သုံးနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရေးနှင့် ကုန်ပစ္စည်းများ အပြန်အလှန် ပေးပို့ ဖလှယ်နိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု မြန်မာ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။ ထိုင်းနိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး Tharadol Thongruang က ဦးဆောင်သည်။ Tharadol Thongruang သည် ပြီးခဲ့သည့် ၂၀၁၀ တွင် လည်း ထိုင်းနိုင်ငံ၏ ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်၊ နီပေါ နိုင်ငံတို့မှ ၀ယ်သူများနှင့် မိတ်ဆက်ပေးခဲ့သေးသည်။

အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ စတင်ခဲ့ပြီး ကုန်ပစ္စည်း အမျိုးပေါင်း ၄၀ ကို အပြန်အလှန် တင်ပို့လျက် ရှိသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက် မိုးရေး နှင့် ချန်ဒိုင်းတို့တွင် နယ်စပ် စစ်ဆေးရေးဂိတ်များ ထူထောင်နိုင်ရေး အတွက် အိန္ဒိယ အစိုးရက ကနဦး လုပ်ဆောင်လျက် ရှိသည်။
  
ယူနီဗာဆယ်

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။