ယင်းဌာနမှ မြို့နယ်အဆင့် အရာထမ်းတစ်ဦးက “အဖြစ်ကတော့ မနှစ်ကနဲ့မတူဘူးလို့သာ အော်လိုက်ချင်တော့တယ်။ ခါတိုင်းလည်း ဒီအချိန်ဆို အလုပ်ရှုပ်နေကျပဲ ဒါပေမယ့် ခုကပိုဆိုးတယ် ၂၀၀၄-၀၅လောက် အထိ အမှုတွဲတွေ အကုန်ပြန်လှန်ရတယ်။ တိုင်းအစိုးရနဲ့ ဗဟိုအစိုးရ အမွေခွဲမှာ ဆိုတော့လေ ဒီကြားထဲ အရင်လူက ဘော်ချက်သွားတာတွေနဲ့ အချို့အမှုတွဲတွေ ကိုင်ရတာ ရူးတောင်ရူးချင်တယ်။ ဒဂုံတို့ လသာတို့ဆို အလျော်အစား ကြမ်းတော့ တစ်နှစ်တည်း ဦးစီးသုံးယောက်လောက် ပြောင်းတာရှိတယ် အရင်လူလုပ်ခဲ့တာတွေ နောက်လူက ဘယ်အကုန်ခေါင်းခံနိုင်မလဲ အဲဒီ လူကို ရှာရတာက အလုပ်တစ်ခုဖြစ်နေတယ်။ စနေနေ့ပါမကျန်ဘူး။ အစောဆုံးပြန်ရ ညနေခြောက်နာရီပဲ ”ဟု ပြောကြားသည်။
ထိုသို့ အချိန်ပိုဆင်းရသော်လည်း ထောက်ပံ့မှု တစ်စုံတစ်ရာမရကြောင်း ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ဆောင်ရွက် နေရကြောင်း ဝန်ထမ်းများက ဆိုသည်။
အငယ်တန်းဝန်ထမ်းတစ်ဦးက “ရတာက ငါးသောင်းခြောက်သောင်း ဘယ်လိုမှ မလောက်ဘူး အပြင်မှာ ကျူရှင်ပြရသေးတယ်။ အချိန်ပိုဆိုတော့ ခွကျတာပေါ့ စားတာသောက်တာကအစ ခက်တယ် တစ်ချို့ဖန်(fund) တောင့်တဲ့ မြို့နယ် တွေကတော့ ထမင်းကျွေးတာ လက်ဖက်ရည် တိုက်တာ ရှိပါတယ် နေပြည်တော်အဖွဲ့တွေ ဧည့်ခံစရိတ်ကလည်း ရှိသေးတယ်လေ ” ဟု ပြောကြားသည်။
နေပြည်တော်မှ တာဝန်ရှိသူများ ကိုယ်တိုင်လာရောက် စစ်ဆေးဆောင်ရွက်နေကြောင်း အချို့ မြို့နယ်များတွင် ပြောင်းရွှေ့သွားသော ဦးစီးများမှာ နယ်စွန်နယ်ဖျားသို့ ရောက်နေသဖြင့် ယင်းတို့လုပ်ခဲ့သော ကိစ္စအချို့အတွက် ပြန်လည် ဆက်သွယ်ရသည်မှာ အခက်အခဲများစွာ ရှိနေကြောင်း စာရင်းလိမ်များလည်း ဖော်ထုတ်တွေ့နေရကြောင်း ယင်းအသိုင်း အဝိုင်းမှစုံစမ်းသိရှိရသည်။
ယူနီဗာဆယ်
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။