Friday, April 29, 2011

DKBA နယ်ခြားစောင့်တပ် အစိုးရသစ်ထံမှ ကျပ်သိန်း ၃၀၀၀ ကျော် ထပ်ချေး

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျပ်သိန်း ၃၀၀၀ ကျော် ထပ်မံ၍ အထူးချေးငွေအမျိုးအစားဖြစ် ချေးယူရန် ကမ်း လှမ်းထားကြောင်း သိရသည်။    
     
DKBA အဖွဲ့သည် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများတွင် နှစ်စဉ်ချေးငွေ၊ ဖွံ့ဖြိုးရေးချေးငွေ၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးချေးငွေ၊ အထူးစီမံချက်ချေးငွေ၊ အထူးချေးငွေဟူ၍ ခွဲခြားထားလေသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ယင်းအဖွဲ့အား ယခင်ကလည်း ကျပ်သိန်း ၃၀၀၀ကျော် ထုတ် ချေးထားပြီး အတိုးနှုန်းကိုလည်း ပုံမှန် အတိုး ၁၇ ရာခိုင်နှုန်းထက် များစွာ နည်းသည့် ၁၂ဒဿမ ၅ ရာခိုင်နှုန်းသာ ပေးရကြောင်းသိရသည်။


နှစ်စဉ်ချေးငွေနှင့် ဖွံ့ဖြိုးရေးချေးငွေများ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကျပ်သန်းပေါင်း ၉၃၄၈၉ လျာ ထားရာမှ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၁၉၀၉၃၄ သန်းအထိ လျာထားချက်မြင့်တက်လာခဲ့ခြင်းကြောင်းသိ ရသည်။

DKBA အဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လက်ခံခဲ့ပြီး  အင်အား ကြီးမားသည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။