Friday, April 29, 2011

အတင်းအဓ္ဓမ လတ်မှတ်ရောင်းမူကို ကန့်ကွက်သူအား ရပ်ကွက်အတွင်းမှ နှင်ထုတ်ခံရ

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်း၌ လှိုင်မြို့နယ်၊ (၇) ရပ်ကွက်၌ ရန်ပုံငွေရှာဖွေရေးပွဲလက်မှတ်များကို ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ မယူမနေရ စနစ်ဖြင့် အိမ်တိုင်းစေ့လိုက်လံရောင်းချမှုကို လက်မခံဘဲ ကန့်ကွက်ဆန့်ကျင်ခဲ့သူအား ရပ်ကွက်အတွင်း နေထိုင်ခြင်းမပြုရန် သက်ဆိုင်ရာမှ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စရပ်နှင့်ရပ်ကွက်အတွင်းမှ မောင်းထုတ်ခံခဲ့ရသည့် ပုဂ္ဂိုလ်အားမေးမြန်းခဲ့ရာ၌ မိမိသည် 
လှိုင်မြို့နယ် (၇) ရပ်ကွက်အတွင်းမှ အိမ်ငှား၍ နေထိုင်ရသူ တစ်ဦးဖြစ်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပျက်ခဲ့သည့်နေ့ရက်၌ မိမိအလုပ်မှပြန်လာပြီး မိန်းမဖြစ်သူက လက်မှတ်တစ်စောင်အားကိုင်၍ ရပ်ကွက် အတွင်း၌ မယူမနေရစနစ်ဖြင့် အာဏာရှင်ဆန်ဆန် လက်မှတ်ရောင်းချသွားသည့်အတွက် ဝယ်ယူထားရှိရသည်ပာုဆိုကြောင်း၊ မိမိအနေဖြင့်လည်း လခစား အလုပ်သမားဖြစ်သည့်အတွက် လက်မှတ်ဝယ်ယူရန် မတတ်နိုင်သည့်အတွက် လက်မှတ်အား ပြန်ပေးလိုက်ရန်ပြောကြားခဲ့ကြောင်း၊ မိန်းမဖြစ်သူက လက်မခံဘဲ ပြန်မပေးသည့်အတွက် မိန်းမဖြစ်သူနှင့် စကားများပြီး အိမ်အောက်သို့ဆင်းသွားခဲ့ကြောင်း၊ မကြာမီအချိန်၌ ရပ်ကွက်အတွင်းမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် အခြားလူများရောက်ရှိလာပြီး မိမိအားအော်ပာစ်ဆဲဆို၍ ရပ်ကွက်အတွင်းမှ မောင်းထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းအမျိုးသား ထိုသို့မောင်းထုတ်ခံခဲ့ရပြီးနောက်ပိုင်း တည်းခိုခန်း၌ တစ်ညအိပ်စက်ခဲ့ရပြီး နောက်ပိုင်းကာလများတွင်လည်း ငွေကြေးချို့တဲ့မှု များကြောင့် ရပ်ကွက်အတွင်းသို့ ည ၁၁ နာရီခန့်အချိန်၌ ဝင်ရောက်အိပ်စက်ခဲ့ပြီး မနက် ၅ နာရီအချိန်၌ အိမ်မှပြန်လည်ထွက်ခွာခဲ့ရကြောင်း ပြောကြားခဲ့ သည်။
ယင်းကဲ့သို့ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင်လည်း အိမ်တွင်မနေထိုင်ရန် ပြောကြားခဲ့သည့်အတွက် အိမ်မှပြန်လည်ထွက်ခွာပေးခဲ့ရပြီး ရပ်ကွက်ရုံး၌ ခံဝန်လက်မှတ်ထိုးပြီးမှသာ နေထိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။


ယခုကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်အတွင်း မိမိ စိတ်တိုင်းကျ အာဏာရှင်ဆန်ဆန် ပြုမူဆောင်ရွက်မှုများကြောင့် ရပ်ကွက်အတွင်းနေထိုင်သည့် ပြည်သူအများစု စိုးရိမ်ကြောက်လန့်နေရသေးကြောင်း သိရသည်။

အစိုးရသစ်လက်ထက်၌ သက်ဆိုင်ရာမှ အာဏာရှင်ဆန်ဆန်ပြုမူဆောင်ရွက်မှုမျိုးဖြစ်သည့် အလားတူဖြစ်ရပ်မျိုး လှိုင်မြို့နယ်အတွင်း၌ပင် ဧပြီလ (၇) ရက်နေ့က ဖြစ်ပွားခဲ့သည်။
လှိုင်မြို့နယ်အတွင်း ယာယီသန်းခေါင်းစာရင်းဖြင့် နေထိုင်သူအမျိုးသမီးတစ်ဦးက ဧည့်စာရင်းသွားတိုင်ရာတွင် အခကြေးငွေသတ်မှတ်၍ ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။ 

မိမိဧည့်စာရင်းသွားရောက်တိုင်ကြားရာ၌ အခကြေးငွေအဖြစ် ၂၀၀ ပေးဆောင်ရမည်ပာုပြောကြောင်း၊ ယခင်ကဲ့သို့ပင် စေတနာရှိသလောက် ပေးမည်ပာုဆိုသောအခါ ယခင်အစိုးရမပာုတ်ဘဲ ယခုအစိုးရသစ်တက်ချိန်ဖြစ်သဖြင့် တောင်းသည့်အတိုင်းသာ ပေးဆောင်ရမည်ပာု ပြောကြောင်း ကိုယ်တိုင်ကြုံ တွေ့ခံစားခဲ့ရသူ အမျိုးသမီးတစ်ဦးကလည်းပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြုမူဆောင်ရွက်မှုမျိုးသည် အစိုးရသစ်လက်ထက်မှ စတင်၍ မင်းမူဆောင်ရွက်မှုများ ပိုမိုများပြားလာခဲ့ ခြင်း ဖြစ်ကြောင်းသိရှိရသည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။