Sunday, May 1, 2011

တရုတ်က ၂၀၁၁ တွင် လေယာဉ်တင် သင်္ဘော Varyrag ကိုရေချမည်

ထိုင်ဝမ် ထောက်လှမ်းရေး အကြီးအကဲက တနင်္လာနေ့တွင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကို ယခုနှစ် မတိုင်မီ စတင် တာဝန် ထမ်းဆောင်ရန် ဆောင်ရွက် နိုင်ခဲ့ပြီဟု ပြောကြားခဲ့ပြီး ဘေဂျင်း၏ ရေတပ် အင်အား ဆက်တိုက် တိုးချဲ့မှုများ နှင့်ပတ်သက်၍ ထိုင်ပေတွင် စိုးရိမ် ပူပန်မှုများ ကြီးထွားလျက် ရှိသည်။


ထိုင်ဝမ် သူလျိုတွေစောင့်ကြည့်နေသော် တရုတ်လေယာဉ်တင်သဘောင်္

ယူကရိန်းထံမှ ၁၉၉၈ တွင် ဘီဂျင်းက ရရှိခဲ့သော ဆိုဗီယက်ခေတ် လေယာဉ်တင် သင်္ဘော “Varyrag” သည် ပြင်ဆင်မှု ထက်ဝက်ခန့် ပြီးစီး နေပြီ ဖြစ်ကာ ၂၀၁၁ နှစ်ကုန် မတိုင်မီ ရေချ အခမ်းအနား ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း ထိုင်ပေကျွန်း၏ အမျိုးသား လုံခြုံရေး ဗျူရို အကြီးအကဲ ဆိုင်တရှန်းက ပြောကြားသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဒါလီယန် ဆိပ်ကမ်းတွင် ဒေါက်တင်ထားပြီး ၂၀၀၂ ခုနှစ်မှစ၍ အသစ်ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


“Varyrag က သူ့ရဲ့ခုတ်မောင်းမှု စွမ်းရည်ကို ပြန်ရနေပါပြီ။ ၂၀၁၁ မကုန်ခင်မှာ လေ့ကျင့်ရေး မစ်ရှင်တွေကို တာဝန် စတင် ထမ်းဆောင်မယ်လို့ မျှော်လင့်ရပါတယ်ဟု လွှတ်တော်တွင် အာဏာရ ကူမင်တန် ပါတီမှ လင်ယုဖန်၏ မေးမြန်းမှုကို ဆိုင်တရှန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းလေယာဉ်တင် သင်္ဘောသည် တိုက်ပွဲဝင် စွမ်းရည် သေချာပေါက် ရရှိမည်ဖြစ်၍ ရုရှားလုပ် SU-33 ကို ပုံတူကူးထားသည့် တရုတ်ပြည် တွင်းဖြစ် ဂျက်တိုက်လေယာဉ်များ (အရေအတွက် မသိရ) အတွက် အခြေစိုက် သင်္ဘောအဖြစ် တာဝန်ထမ်းဆောင်လိမ့်မည်ဟု ဆိုင်တရှန်းက ဆက် လက် ပြောကြားသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA အနေဖြင့် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကို တိုက်လေယာဉ်များနှင့်အတူ စစ်ဆင်ရေး ဆောင်ရွက်ရန် အချိန် တော်တော်ကြာဦးမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသော်လည်း တရုတ်နိုင်ငံ၏ ရေတပ် အင်အား တိုးချဲ့နေမှုကို ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

AFP သတင်းကို ဘာသာပြန်သည်။

 (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။