အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို က မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် ၂၀၁၅ ၌ ကုန်သွယ်ရေး ပမာဏ အမေရိကန် ဒေါ်လာ သန်း ၅၀၀ သို့ ရောက်ရှိရေး ရည်မှန်းချက်ကို သဘောတူညီမှု ရရှိခဲ့သည်ဟု သိရှိရသည်။
သမ္မတ ဦးသိန်းစိန် နှင့် အင်ဒိုနီးရှား သမ္မတ တို့တွေ့ဆုံစဉ်
အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီ ဂါဝါက “နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကျယ်ပြန့်သော စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စရပ်များနှင့် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ထွန်းကားရေး လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်” ဟု ပြောကြားသည်။
“မြန်မာနိုင်ငံမှာ အထူးသဖြင့် စွမ်းအင်၊ စားသောက်ကုန်၊ အခြေခံ အဆောက်အဦး ကဏ္ဍတွေမှာ အင်ဒိုနီးရှားရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးလာအောင် ကြိုးပမ်းကြဖို့ကိုလည်း ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်” ဟု ဆိုသည်။
မတ်လ ၃၀ ရက်နေ့က အာဏာ ရယူခဲ့သော သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ ပထမဆုံး နိုင်ငံ့ခေါင်းဆောင် ခရီးစဉ်အဖြစ် ယခု သီတင်းပတ်ကုန် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးညီလာခံ မတိုင်မီ နှစ်ရက် ကြိုတင်၍ အင်ဒိုနီးရှားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
( Jakarta Post မှ သတင်းကို ဘာသာပြန်သည်။)
(U.V.I)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။