Saturday, May 7, 2011

ရေနံစိမ်း ဈေးနှူန်း တစ်စည်လျှင် ဒေါ်လာ ၁၁၀ အောက်ရောက်ရှိ

အမေရိကန်ရေနံစိမ်းတင်ပို့မှုမြင့်တက်လာပြီးနောက် အာရှဒေသ ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် 
၁၁၁ ဒေါ်လာ အောက်သို့ ကျဆင်းသွား ကြောင်း၊ သို့အတွက်ကြောင့် ဝယ်လိုအားတိုးတက်မှုလည်း လျော့နည်းသွားနိုင်ကြောင်း စင်ကာပူအခြေစိုက် AP သတင်းဌာနက ရေးသားသည်။    
             
 ဇွန်လအတွက် ရေနံစိမ်းဈေးနှုန်းမှာ ၄၆ ဆင့်ခန့်ကျဆင်းသွားပြီး စင်ကာပူ-နယူးယောက် အီလက်ထရွန်နစ်ကုန်သွယ်ရေး နှင့် ငွေကြေးလဲလှယ် ရေး စင်တာ၌ တစ်စည်လျှင် ၁၁၀ ဒဿမ ၅၉ ဒေါ်လာပေါက်ခဲ့သည်။ မေလ ၃ ရက် နေ့တွင်မူ ၂ ဒဿမ ၄၇ ဒေါ်လာကျဆင်းသွားပြီး တစ်စည်လျှင် ၁၁၁ ဒဿမ ၀၅ ဒေါ်လာ ပေါက်သည်ကိုတွေ့ရသည်။

လန်ဒန်အခြေစိုက် ICE Future Exchange တွင်မူ လာမည့် ဇွန်လ အတွက် ရေနံစိမ်းတင်ပို့မှုမှာ 
၄၀ ဆင့် ခန့် ကျဆင်းသွားပြီး တစ်စည်လျှင် ၁၂၂ ဒဿမ ၀၅ ဒေါ်လာ ပေါက်သည်။ အမေရိကန် Petroleum Institute (API) အဆိုအရ ရေနံစိမ်းလက်ကျန်မှာ လွန်ခဲ့သည့်ရက်သတ္တပတ်တွင် စည်ပေါင်း ၃ ဒဿမ ၂ သန်း ရှိခဲ့သည်။ စွမ်းအင်လေ့လာ သူများက စည်ပေါင်း 
၁ ဒဿမ ၇သန်းမျှကျန်ရှိလိမ့်မည်  ဟုကြိုတင်ခန့်မှန်းထားသည်ထက် ပိုမိုခဲ့ခြင်း ဖြစ်သည်။


သိုလှောင်ဓာတ်ဆီလက်ကျန်မှာများလာပြီး ၆၅၇၀၀၀ စည်ရှိသော်လည်း ဓာတ်ဆီ ချက်လုပ်မှုမှာ စည်ပေါင်း ၁ ဒဿမ ၅ သန်းကျဆင်းသွား သည်ဟု API ကဆိုသည်။ ပြီးခဲ့သည့် ဧပြီလနောက်ဆုံးရက်သတ္တပတ်မတိုင်ခင် သုံးပတ် အတွင်း အမေရိကန်ဓာတ်ဆီလက်ကျန်မှာ လျော့နည်းခဲ့သည် ဟုလည်းဆိုသည်။

အမေရိကန်အစိုးရ စွမ်းအင်သတင်းအချက်အလက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနက မေလ ၄ ရက်နေ့တွင် စွမ်းအင် ရောင်းချမှုဆိုင်ရာ အစီရင်ခံစာ ကို ထုတ်ပြန်သည်။ ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းဝယ်လိုအားမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဖွံ့ဖြိုးတိုးတက်မှုအားအလွန်ကောင်း သော တရုတ် နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများ၏ စွမ်းအင် သုံးစွဲမှု မြင့်တက်နေခြင်းကြောင့်ဖြစ်သည်။

"ယခုအချိန်အထိတော့ ရေနံဈေးနှုန်းပုံမှန်မြင့် တက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံ ဝယ်လိုအားအပေါ် ဆိုးရွားသည့်ထိခိုက်မှုမရှိသေးပါ။ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာတဲ့နိုင်ငံများ၏ လောင်စာ ဈေးကွက်တွင် ရေနံဝယ်လိုအား ကျဆင်းလာမှုလည်းမတွေ့ရှိပါ" ဟု Barclays Capital ကဆိုသည်။

(AP သတင်းကို ဘာသာပြန်သည်)

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။