မြ၀တီ မြို့ခံတစ်ဦးမှ ကျွန်းတော ရပ်ကွက် ဥက္ကဌ တစ်ဦးရဲ့ လုပ်စားပုံအကြောင်းကို အထက်လူကြီးများသိစေရန်အတွက်ဆိုပြီး ယူနီဗာဆယ် သို့ပေးပို့လာသော ပေးစာတစ်စောင်ကို ပြည်သူများသိအောင် ဖော်ပြပေးလိုက်ပါတယ်။
သို့
ယူနီဗာဆယ် အယ်ဒီတာခင်ဗျာ…
ကျွန်တော်နေထိုင်သော် ကျွန်းတော အမှတ် (၂) ဥက္ကဌ ဦးအောင်ထွေး သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ လောက်မှ စတင်ကာ ရပ်ကွက်ရှိပျက်စီးနေသော် လမ်းများကို ကွန်ကရစ်လမ်းများအဖြစ် ပြုပြင် ခင်းပေးမည်ဟုဆိုကာ တစ်အိမ် ကို ကျပ် ( ၁ ) သိန်းခွဲ စီကောက်ခံခဲ့ပါသည်။ မပေးနိုင်သည့် ဆင်းရဲသည့်အိမ်များကိုမူ အရစ်ကျ ၁ သောင်းခွဲစီ၊ ၃ သောင်း၊ ၅ သောင်းကျပ် စီကို ၁ သိန်းခွဲ မပြည့်မချင်းကောက်ခံနေပါသည်။ ဥက္ကဌ ဦးအောင်ထွေး နှင့် အတူ တာဝန်ရှိ အရာရှိများပါ ထိုငွေကို ခွဲဝေယူကြပါသည်။
ပျက်စီးနေသည့်လမ်းပေါ်တွင် ပုံထားသော် ကျောက်ပုံကိုတွေ့ရစဉ်
၂၀၁၀ နှစ်ကုန်တွင် ရပ်ကွက်သားများ စုပြီး မေးမြန်းသော်အခါတွင် နွေပေါက်ရင် ခင်းမယ်ဟုဆိုကာ ကျောက်ပုံတွေချထားပြီး ယခု မိုးကျလာသည့်အထိ လမ်းကို တစ်ချက်မှ မထိသေးပါ။ ရွာခံလူကြီးတွေကတဆင့်မေးကြည့်သော်အခါ လိုအပ်သည့်ပိုက်ဆံ မပြည့်သေး၍ မခင်းနိုင်သေးကြောင်း ကြားသိရပါသည်။
ထို့ပြင် ရပ်ကွက် အတွင်းရှိ အိမ်ဆောက်လုပ်ထားပြီး လူမနေသော်အိမ်များတွင် ဖဲဝိုင်းထောင်ခြင်း၊ မိန်းမရွှင်များ ခေါ်ယူပျော်ပါးခြင်း၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးးဝါးများ သုံးစွဲနေခြင်း၊ မီးပုံပွဲများလုပ်ပြီး ပျော်ပါးနေသည်များကို စိုးရိမ်သော် ရပ်ကွက်သူ၊ ရပ်ကွက်သားများကတိုင်သော်လည်း သိလျှက်နှင့်ပင် အခကြေးငွေယူကာ လွှတ်ပေးထားပါသည်။ ထိုအကြောင်းကြားသိရသော် အိမ်ပိုင်ရှင်များက အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ပေးပါရန် ရပ်ကွက်ရုံးသို့ အလှူငွေ ၁ သိန်းအထက် လှူခဲ့မှ တားမြစ်ပါသည်။
လူမရှိသည့်အိမ်ကို ဖျက်ဆီးပြီး ၀င်ရောက်ထားစဉ်
ထို့ကြောင့် ကျွန်းတော ရပ်ကွက်သူ၊ ရပ်ကွက်သားများ အနေဖြင့် လမ်းခင်းရန်ဆိုပြီး လိမ်လည်ပြီးကောက်သွားသည့် ပိုက်ဆံကို ပြန်မလိုချင်တော့သော်လည်း နိုင်ငံတော် မှ ပိုက်ဆံကို သက်သာစေလိုသည့် စိတ်ထားအမှန်ကြောင့် တော်တော်ကြီးပျက်ဆီးနေသော် ကျွန်းတော လမ်းများကို အတတ်နိုင်ဆုံး ပြုပြင်ဖာထေးပေးပါရန် ယူနီဗာဆယ်မှတဆင့် အထက်လူကြီးများသိအောင် တင်ပြအပ်ပါသည် ခင်ဗျား…….
ကျွန်းတောသား
ယူနီဗာဆယ်မှ ထိုပေးစာကိုရရခြင်းမှာပင် ရပ်ကွက်ဥက္ကဌ ဦးအောင်ထွေး၏ မတရားသော်လုပ်ရပ်များ နှင့် ပါဝင်ပတ်သတ်နေသူများကို U.V.I မှ လိုက်လံစုံစမ်းနေပါသည်။ အခွင့်အခါသင့်ရင်သင့်သလို အသားထဲက လောက်ထွက်သူများအကြောင်းကို ယူနီဗာဆယ်မှ ဆက်လက်တင်ပြသွားပါမည်။
ပေးစာ၊ ဝေဖန်အကြံပြုစာများကို လည်း ယူနီဗာဆယ် ၀ဘ်ဆိုဒ်စာမျက်နှာရှိ Shout Box မှာ ရေးသားနိုင်သလို ကော်မန့် (Comment) များလည်း ထည့်သွင်းထားခဲ့နိုင်ပါသည်။ အယ်ဒီတာထံပေးစာများကို ၀ဘ်ဆိုဒ် မေးလ် (@) များမှတဆင့် ဆက်သွယ်နိုင်ပါသည်။




No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။