လေဆိပ် ၀န်ထမ်များ အလုပ်လုပ်နေစဉ်
အထွေထွေပြုပြင်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “စပြောင်းခိုင်းတာက ပန်းရံ၊ လက်သမား ကျွမ်းကျင်ဝန်ထမ်းတွေကိုပါ။ ၆၀ ကျော်လောက်ရှိမယ်။ အခုကျတော့ အင်ဂျင်နီယာဌာနက ဝန်ထမ်းတွေကို ပြောင်းခိုင်းတော့ အရင်သွားတဲ့လူတွေက ပြန်လာပြီး၊ ဟိုမှာကြုံရတဲ့အခြေအနေတွေ ပြောကြတော့ ဘယ်သူမှမသွားချင်တော့ဘူး။ မသွားချင်ရင် ရုံးကထွက် ဆိုလို့ ပန်းရံ၊လက်သမား ဝန်ထမ်းအချို့ အလုပ်ကထွက်ပြီး ကျပန်းလုပ်နေရတာတွေရှိတယ်” ဟုဆိုသည်။
နေပြည်တော်သို့ တစ်လ အစမ်းသွားရောက်ကာ အလုပ်လုပ်ကိုင်ခဲ့သူ ဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့တွေ အဓိကရပ်တည်ရတာ လစာ မဟုတ်ပါဘူး။ ကြားပေါက်ဝင်ငွေပါ။ အခုက နေပြည်တော်ကိုသွားတော့ ဘယ်ကကြားပေါက်မှ မရှိဘူး။နေလို့လဲ အဆင်မပြေဘူး။ လုံခြုံရေးကို အကြောင်း ပြပြီး ဟိုမသွားရ ၊ဒီမသွားရဆိုတော့ ဘယ်လိုမှ ပိုက်ဆံရှာလို့ မရဘူး။ ဒီတော့ လစာနဲ့ဆက်နေလည်း အဆင်မပြေမယ့်အတူတူ အခုအလုပ်ထွက်ပြီး ပန်းရံ လုပ်နေတာပါ” ဟု ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ထမ်းအများစုမှာ နိုင်ငံတကာသို့ ထွက်ခွာမည့်သူများကို အမှီပြု၍ စီးပွားရှာဖွေနေသူအများစု ဖြစ်ကြောင်း သိရှိရသည်။ “တောထဲမှာ လေဆိပ်ဆောက်ထားတော့ ဘယ်လို ထမင်းစားရမယ်မှန်းတောင် မသိတော့ဘူး။ သူတို့ပေးတဲ့လခက ကိုယ့်ဗိုက်ကိုတောင် လုံလုံ လောက်လောက် မဖြည့်နိုင်ဘူး”ဟု မေလဆန်းတွင် အလုပ်မှ နှုတ်ထွက်ခဲ့သော စာရေးမတစ်ဦးက ဆိုသည်။
နေပြည်တော်အား မြန်မာနိုင်ငံ၏ မြို့တော်အဖြစ်သို့ ပြောင်းရွှေ့ခဲ့ချိန်ကလည်း ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ရန်ကုန်ရုံးများမှ ရွှေ့ပြောင်းခဲ့သဖြင့် အလုပ်မှနှုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
နေပြည်တော်သို့ ရွေ့ပြောင်းခြင်းခံရသခြင့် အလုပ်မှထွက်ခွာသူများမှာ ပန်းရံ၊ လက်သမားနှင့် တစ်လလျှင် အစိုးရလစာ ၅၅၀၀၀မှ ၇၂၀၀၀ စားဝန်ထမ်းအများစုဖြစ်ပြီး၊ ၃၀ နီးပါးရှိကြောင်း သိရှိရသည်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၀၉ ခုနှစ်မှ စတင်ကာ နေပြည်တော်မှ တောင်ဘက် ၁၁ မိုင် အကွာတွင် တည်ဆောက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ကျော်စွာ

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။