ကျွန်တော် ဒီဆောင်းပါးလေးကို ရေးဖြစ်ဖို့ ကြန့်ကြာသွားတဲ့အတွက် စာဖတ်သူ များကို အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်ဗျာ…
ဒုစရိုက်နယ်မြေ (ခေါ်) ရေလယ်ကျွန်း၏ အကြောင်းကိုစုံစမ်းဖို့မလွယ်သလို၊ စုံစမ်းရန်သွားသော်သူများ၏ ခြေရာများမှာ အဆင်းသာရှိ၍ အတက်မရှိသကဲ့သို့ဖြစ်ခြင်းကြောင့် အကြောင်းအရင်းများတိတိကျကျသိရန် ခက်ခဲသွားရခြင်းဖြစ်သည်။
ယခု ဒီဆောင်းပါး အပိုင်း(၂) ကိုရေးနေချိန်တွင် အမာခံ သက်ရှိထင်ရှားရှိ သူများ၏ ဖွင့်ဟချက်များ၊ ဒဏ်ရာအနာတရပြင်းထန်စွာရပြီး ဆေးရုံမှာနှစ်နဲ့ချီကုသခံနေရသော် သူများ၏ အတွင်းကျကျဖြောင့်ချက်များ၊ ထိုင်းနိုင်ငံ မယ်ဆောက်ထောင်အတွင်း ရှိ အကျဉ်းသားများထံမှ အမာခံသတင်းများရရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့် စာဖတ်သူများ၊ တာဝန်ရှိအရာရှိများ သိစေရန်ဆိုပြီး အနက်ရောင်နယ်မြေ အပိုင်း(၂)ကို ဆက်လက်တင်ပြလိုက်ပါသည်…
ဆောင်းပါး အပိုင်း(၁)တွင် ကျွန်တော်စာဖတ်သူကို မေးခွန်း (၃) ခုကို မေးခဲ့ပါသည်…ထိုမေးခွန်း၏ အဖြေများ၏ တစ်စိတ်တစ်ဒေသကို ယူဗွီအိုင်က တင်ပြသွားပါမည်...
စီးဆင်းနေသော်အရာများ
မြကျွန်းသာ (ခ) ရေလယ်ကျွန်း၏ အဓိကစီးပွားရေးနေရာသည် ထိုင်းနိုင်ငံ ဖြစ်လေသည်။ ထုတ်လေသမျှသော် ပစ္စည်း (မြင်းဆေး (ခ) ရာမား (ခ) အသီး) များကို ဖြန့်ဖြူးသော်နေရာသည် မယ်ဆောက်၏ သုံးစွဲနေသူများထံ အဓိကဖြစ်နေသည်။ မြန်မာဘက်ကမ်းမှ အဓိကလာသော်အရာ မှာ ကုန်ကြမ်းမျှသာဖြစ်သည်… ထိုကုန်ကြမ်းစီးဆင်းသော်နေရာများမှာ တံတားအောက်ရဲဂိတ်၊ သဲပုံဂိတ် နှင့် ကျောက်တန်းဂိတ် နေရာတ၀ိုက်မှ ဖြစ်သည်.. ထိုဂိတ်များတွင်စောင့်ကြပ်သော် ရဲများနှင့် နယ်ခြားစောင့်တပ်များကလည်း မြင်သော်လည်း မမြင်ချင်ယောင်ဆောင်နေကြရသည်…
တာဝန်ကျသော်သူများမှာ ရေလယ်ကျွန်းထဲရှိ ခေါင်းဆောင်ကြီး၏အမိန့်အာဏာကို ကြောက်ရသည်…
မယ်ဆောက်အတွင်းတွင်မူ တကယ်အရောင်းအ၀ယ်ဖြစ်သော်အချိန်သည် ည ဘက်ဖြစ်သည်… ည ၁၀ နာရီမှ မနက် ၃ နာရီိ ထိဝန်းကျင်တွင် လာဝယ်သော်ကားများသည် တစ်ညကို အစီးရေ ၅၀ မှ ၈၀ ကြားတွင် ရှိနေသည်… မနက်ပိုင်းတွင် တစ်ဦးချင်း သုံးစွဲသူများသည် ပုံမှန် အယောက် (၅၀) အထက်တွင်ရှိသည်…တံတားဘောင်တစ်လျှောက်တွင် ဖြန့်ဝေနေသော် ဆိုင်သေးသေးများမှာ တစ်ဆိုင်လျှင် တစ်နေ့ကို အလုံးရေ ရာဂဏန်းမက ဖြုန်းပြီးရောင်းပေးနေသည်… လက်လီ၊ လက်ကားဝယ်သော် ဖောက်သည်များကလည်း တစ်ပတ်ကို တစ်ခါ၊ လမ်းကြောင်းရှင်းရင်ရှင်းသလို သယ်ယူသည့် အလုံးပေါင်းသည် မှန်းဆလို့ မရပေ….သူ့နည်းသူ့ဟန်နှင့် သယ်ယူနေသည်….
ဒါက ထိုင်းနိင်ငံ အတွင်းကို စီးဆင်းနေသော် ဆေးလုံးအရေအတွက်ကို အကျဉ်းမျှသာ ဖော်ပြခြင်းဖြစ်လေသည်… ထို အရေအတွက်များသည် တံတားတစ်လျှောက်တာဝန်ကျသော် ထိုင်းစစ်သားတစ်ဦးမှ ပြောပြချက်ဖြစ်သည်….
ဘာကြောင့် ဒီလောက်တန်ခိုးကြီးနေသလဲ
ရေလယ်ကျွန်းသည် အရင်ကလည်း လူမိုက်များ၏ နေရာဖြစ်နေသည်… ထိုင်းစကားတတ် မြန်မာ၊ ကရင် လူလည်များနေထိုင်သော်နေရာတစ်ခုဖြစ်ပြီး လက်ရဲဇက်ရဲဖြစ်ပြဿနာကိုဖြေရှင်းသော်နေရာ လည်းဖြစ်သည်… ဒါကို စီးပွားရေးအကွက်မြင်သော် ဒုစရိုက်သမားတစ်ချို့က ထိုလူများကို ပိုက်ဆံဖြင့်အသုံးချခဲ့သည်…
ယခင် မထသ ဥက္ကဌဟောင်း ဦးမိုးသီးသည် ထိုနေရာကို တန်ခိုးကြီးထွားသွားအောင် ပိုက်ဆံဖြင့် လုပ်ခဲ့လေသည်… ထိုအချိန်မှစ၍ ဦးမိုးသီးသည် လူမိုက်တပည့်များစွာကို လက်သပ်မွေးမြူခဲ့လေသည်… ထိုအထဲတွင်ယခုအချိန်တွင် အသက် ၄၅ နှစ်ခန့် အညာသားဂင်တိုတို ဦးမိုးကြီးသည်အတော်ဆုံးတပည့်ဖြစ်ခဲ့ပြီး လူသတ်တဲ့အခါမှာ လက်အယဉ်ဆုံးတပည့်ဖြစ်ခဲ့သည်… ဦးမိုးသီး ရာထူးကပြုတ်ပြီး တဲ့အခါတွင် ရေလယ်ကျွန်းကို သူ့စိတ်ကြိုက်ပြုလုပ်ခဲ့သည်….
ဦးမိုးကြီးသည် ထိုင်းနိုင်ငံသူ (……..) ကို လက်ထပ်ခဲ့ပြီး ဦးမိုးသီးလက်ထက်ကထည့် ပိုပြီး ထင်ရာစိုင်းခဲ့လေသည်… ဦးမိုးကြီး ၏ မိန်းမဖြစ်သူ ထိုင်းနိုင်ငံသူ( ……….) သည် ကမ်းခြေတစ်လျှောက်တာဝန်ကျသော် ထိုင်းရဲများနှင့် အကြီးအကဲများကို လာဘ်ထိုးထားပြီး စီမံချက်ရှိပါကလည်း ဦးမိုးကြီးကို ကြိုတင်အကြောင်းကြား၍ ရှောင်ထွက်ရန်အကူအညီများပေးကာ လုပ်နေသော်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့လေသည်…
ဇာတ်သွင်းခြင်း
ဦးမိုးကြီးသည် သူ့၏နေရာခိုင်မြဲနေရန်၊ သူ့နေရာကို နှောင့်ယှက်မည့်သတင်းများကို ဦးစွာသိစေရန်၊ အတွက်ဆိုပြီး လက်ပါးစေများကို မွေးမြူထားလေသည်… ဦးမိုးကြီးသည် လူကြီးများကို သူ၏ အတွင်းစည်းထိ ယုံကြည်စွာမယုံနိုင်သော်ကြောင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို မွေးမြူခဲ့လေသည်.. ထိုကလေးများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံလေသည်…
- ဦးမိုးကြီးပေါ်တွင် သစ္စာအလွန်ရှိခြင်း
- လူကြီးတစ်ယောက်ကဲ့သို့ ကောက်ကျစ်သည့်ဥာဏ်ရှိခြင်း
- သေနတ်၊ ဓားများကို ကျွမ်းကျင်စွာအသုံးချနိုင်ခြင်း
- လူတစ်ယောက်၏ အသက်ကို အလွယ်တကူသတ်နိုင်ခြင်း
- ပစ္စည်းရောင်းဝယ်ရာတွင် ကျွမ်းကျင်ခြင်း
- မြင်းဆေးများကို ကလေးနဲ့မလိုက်သုံးစွဲတတ်ခြင်း
- ကျွန်း၏ထူးခြားချက်များကို ဆရာဆီ အစီရင်ခံစာတင်တတ်ခြင်း
စတာတွေကို ကလေးနှင့်မလိုက် လုပ်နိုင်ပါသည်… ဦးမိုးကြီးသည် ထိုကဲ့သို့ အသက် ၁၀ နှစ်အရွယ် ကရင်ကလေးများနှင့် ဗမာကလေးအယောက် (၅၀) ခန့်ကို မွေးမြူထားသည်ဟု စခန်းထဲရှိအမာခံသတင်းပေးများအရသိရသည်…ကလေးတွေသုံးစွဲဖို့ မြင်းဆေးကို စိတ်ကြိုက်သုံးစွဲခွင့်ရရှိကြောင်း… ဦးမိုးကြီးစိတ်ချယုံကြည်ရသော် ကလေးများ၏ လက်ထဲတွင်မူ သေနတ်ကိုပင်ပေးကိုင်ထားကြောင်း သိရသည်….
ဖြစ်ရပ်မှန်
အသက် ၁၅ နှစ်အရွယ် ဆေးစသုံးစွဲစဉ်ကတည်းက ရေလယ်ကျွန်းရှိ ပစ္စည်းရောင်းသူများထံတွင် ဖောက်သည်တစ်ဦးဖြစ်ခဲ့သော်၊ မြင်းဆေးကို တစ်နေ့ ၁၀ လုံးကျော်အထိ ရူမှ ကျေနပ်ခဲ့သူ၊ သားကြီး (နာမည်လိမ်)သည် ကျွန်းရှိ ဦးမိုးကြီး၏ အားကိုးရသော်တပည့် မြန်မာနိုင်ငံ ဘီးလင်းမြို့တွင် လူသတ်ဝရမ်းပြေးအဖြစ် ရဲကလိုချင်နေသော် ရန်နိုင် နှင့် စကားများရန်ဖြစ်ပြီး ဘ၀ပျက်ခဲ့ရပုံကို U.V.I ကို ပြောပြခဲ့ပါသည်….
မြန်မာရဲတပ်ဖွဲ့ က အလိုရှိနေသော် လူသတ်ဝရမ်းပြေး ရန်နိုင်
သားကြီးသည် အသက် ၁၅ နှစ်အရွယ်ကတည်းက မြင်းဆေးကိုရူတတ်ခဲ့သည်… ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် သူ့အတွက် ကံကြမ္မာဆိုးခဲ့သည်.. ထိုနေ့တွင်လည်း တခြားနေ့တွေလိုပင် သူဆေးဝယ်ရန် ကျွန်းပေါ်ကိုရောက်ခဲ့သည်…
ရန်နိုင်နှင့် ဆေးအတူတူရူပြီး အဝေမတည့်မူကြောင့် ရန်နိုင်နှင့် သူ့အပေါင်းအဖော်များက မသေမရှင်ဝိုင်းနှိပ်စက်ပြီး ဘောနှင့် သောင်ရင်းမြစ်ထဲကို မျှော်ခဲ့သည်… ထိုထက်ပိုပြီးဆိုးသည်ကား မျှောသည့်အခါတွင် မြန်မာငွေ ၅ ထောင်တန် အတုများထည့်ကာ မျှောလိုက်ခြင်းဖြစ်သည်… သူမေ့ပြီးမျှောနေသည်ကို မြန်မာဘက်ကမ်းက တာဝန်ကျရဲကတွေ့ပြီး ဆယ်ကာ မြ၀တီဆေးရုံကို ပို့ပေးခဲ့သည်… သူသတိရသော်အခါတွင် မြ၀တီဆေးရုံပေါ်ရောက်နေပြီး တစ်ကိုယ်လုံး လှူပ်၍ မရတော့ပြီဟုသိရသည်… သူ့နားတွင် ရဲများ၊ ထောက်လှမ်းရေးများ ၀ိုင်းထားသည်ဟုသိရသည်…
ဆွေမျိုးများက ရှင်း၍ မရတော့သည့် အရူပ်ကို မရှင်းတော့ဘဲ တာဝန်ကျ နတ်စ်မနှင့် ဆရာဝန်ကို ပိုက်ဆံ ၁၀ သိန်း အထက်ပေးပြီး လူနာကို ထိုင်းဘက်ကမ်းသို့သယ်ဆောင်ခဲ့သည်…ထို့နောက် လူနာကို မယ်ဆောက်တွင်ပင်မထားတော့ဘဲ ဘန်ကောက်ဆေးရုံကိုပို့၍ ကုသစေခဲ့သည်… အခုအချိန်တွင် သားကြီးသည် အောက်ပိုင်းတစ်ခုလုံးသေပြီး တွန်းလှည်းနှင့် ပင် ဘ၀ခရီးကိုဆက်နေရကြောင်း U.V.I ကိုရင်ဖွင့်ပြောကြားခဲ့သည်…
နောက်ထပ်လာမည့် အပိုင်းများတွင်
ရေလည်ကျွန်းထဲတွင် မြင်းဆေးများနှင့် ပိုက်ဆံအတုများကို မည်သို့မည်ပုံထုတ်လုပ်နေပုံ၊
ဦးမိုးကြီး၏ လုပ်ငန်းထဲတွင် မြ၀တီမှ အရာရှိများ ပတ်သတ်နေပုံ၊
ထိုကျွန်းကြောင့် လူကောင်း ဘယ်နှစ်ယောက် အသတ်ပေးသွားရပြီလဲ စတဲ့ အသေးစိတ်အကြောင်းများကို ထပ်မံ ရေးသားပါဦးမည်……
ထိန်ကျော်လင်းပြောင် (U.V.I)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။