အဆိုပါ ခေါင်းစဉ်ဖြင့် ပေးပို့လာသော် ပေးစာတစ်စောင်ကို ယူနီဗာဆယ်မှ လိုအပ်သလိုပြင်ဆင်ရေးသား၍ ပြည်သူများသိအောင် တင်ပြလိုက်ရပါသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်မြို့ ဖြစ်နေသော် ထိုင်း-မြန်မာနယ်စပ် မယ်ဆောက်- မြ၀တီ ကုန်သွယ်ရေးသည် ၂ နိုင်ငံ ကြားပြဿနာတစ်ချို့ကြောင့် ချစ်ကြည်ရေးတံတားကိုပိတ်ထားသည်မှာ လ တော်တော်ကြာပြီဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်မြို့ ဖြစ်နေသော် ထိုင်း-မြန်မာနယ်စပ် မယ်ဆောက်- မြ၀တီ ကုန်သွယ်ရေးသည် ၂ နိုင်ငံ ကြားပြဿနာတစ်ချို့ကြောင့် ချစ်ကြည်ရေးတံတားကိုပိတ်ထားသည်မှာ လ တော်တော်ကြာပြီဖြစ်ပါသည်။
ဂိတ်သို့ သယ်ပို့နေသော် ပစ္စည်းကားများ
ချစ်ကြည်ရေးတံတား ဖွင့်ထားစဉ်ကာလကမူ ၂ နိုင်ငံကုန်သွယ်ရေးကို (မှောင်ခိုပစ္စည်းများမပါ) ခွင့်ပြုထားသော် ပစ္စည်းများကို ကုန်သွယ်ရေးနှစ်အလိုက် လ အလိုက်၊ နှစ် အလိုက် ကုန်သွယ်တန်ဖိုးကို တွက်ချက်ရသော်လည်းပဲ အခု ၂၀၁၀ - ၂၀၁၁ နှစ်တွင်မူ ထိုင်း-မြန်မာ ကုန်သွယ်တန်ဖိုးကို တွက်ဆလို့မရတော့ပေ… အဆိုပါ ကာလကပင် တရားဝင်ပစ္စည်းများပင် မြန်မာနိုင်ငံထဲသို့ ၀င်ရုံတင်မက တရားမ၀င်ဟု သတ်မှတ်ထားသော် ပစ္စည်းပေါင်းများစွာသည်လည်း တားမြစ်နေသည့်ကြားကပင် ဒေါ်လာသန်းပေါင်းများစွာ စီးဆင်းသွားခဲ့ကြသည်ကို စာဖတ်သူတို့ ယူနီဗာဆယ်ဝဘ်ဆိုဒ် ၏ မြ၀တီကုန်သွယ်ရေးသတင်းများတွင် လေ့လာလို့ရနိုင်ပါတယ်…

မယ်ဆောက်ဈေးအတွင်းရှိ ပစ္စည်းများသယ်နေစဉ်
ယခု ၂၀၁၁ နှစ်တွင်မူမြန်မာဘက်က တစ်ဖတ်သတ် တံတားကို ပိတ်ထားလိုက်ပြီး ထိုင်းကုန်ပစ္စည်းများကိုလည်း တရားဝင် လက်မခံတော့ပေ။ သို့ပေမယ်လည်း ထိုင်းနိုင်ငံ၏ အကြီးစားစက်မူလုပ်ငန်းများသာ ထိခိုက်ခဲ့ပြီး အလတ်စား၊ အသေးစား နှင့် လက်လုပ်လက်စားများ၏ ပစ္စည်းများသည် တံတားဖွင့်စဉ်ကာလတုံးကလိုပင် စီးဆင်းနေဆဲဖြစ်ပါသည်…မြန်မာ လူထု လိုအပ်သော် ကဏ္ဍစုံ ထိုင်းကုန်ပစ္စည်းများသည် မယ်ဆောက်ဈေးအတွင်းရှိ ဆိုင်ပေါင်း ၁၀၀ ကျော်မှ ရောင်းချသော်ပစ္စည်းများကို တစ်နေ့ကို ကားအစီးရေ ၈၀ ခန့်သည် အခေါက်ပေါင်းများစွာ တင်ယူနေကြသည်။
ထို့အပြင် တရားမ၀င် မှောင်ခိုကား ဈေးကွက်ကြီးသည်လည်း တံတားဖွင့်စဉ်ကာလ တုံးလိုပင် ရောင်းအားကောင်းနေဆဲဖြစ်ပါသည်။ လိုင်စင်မရှိ (Not For Thai) ဟု စာတန်းကပ်ထားသော် ကားအစီးရေ ၅ ထောင်ခန့်ဟာ မြန်မာအ၀ယ်တော်ကို စောင့်နေပြီး တစ်နေ့ကို အစီးရေ ၃၀ ခန့် အရောင်းအ၀ယ်ဖြစ်နေပါတယ်..ထို့အတူပင် ဆိုင်ကယ်စီးရေ တစ်နေ့ကို အစီးရေ ၂၀၀ ခန့် မြန်မာ ဘက်ကို ပို့နေရတယ်လို့ ထိုင်းဆိုင်ကယ်ကုမ္မဏီတစ်ခုရဲ့ အရောင်းစာရင်းအရသိရပါတယ်…
မြန်မာဘက်သို့ ရောင်းရန်ကားများ စီထားစဉ်
တံတားဖွင့်စဉ်ကာလက မူ တရားဝင်ပစ္စည်းနှင့် တရားမ၀င်( မှောင်ခိုပစ္စည်း) များသည် မြ၀တီမြို့ပေါ်သို့ရောက်ပုံချင်းမတူသလို မြန်မာပြည်၏ ဈေးကွက်မြို့တော်ကြီးဖြစ်သော် အောက်မြန်မာပြည်၊ အထက်မြန်မာပြည်သို့သွားရာ လမ်းလည်း မတူခဲ့ပါဘူး… ထို မတူညီသည့်လမ်းများ ရှိနေသည့်ကြားကပင် လုပ်စားခဲ့သော် အရာရှိများ လည်း အများအပြားရှိခဲ့သည်။ယခုအချိန်တွင် နိုင်ငံတော်က တရားဝင်စီစစ်သော် နိုင်ငံသားများ၏ စက်မူထုတ်ကုန်များကို ကာကွယ်ပေးနေသော် ကုန်သွယ်ရေးဇုံကြီး ပိတ်ထားသည်မှာ ချစ်ကြည်ရေး တံတားပိတ်ထားသည့်ကာလက ပင်ဖြစ်သည်…
ယခုအချိန်တွင်မူ ယခင်ကသတ်မှတ်ခဲ့သော် တရားဝင်ပစ္စည်းများကော၊ မှောင်ခိုပစ္စည်းများကော လှေဂိတ်များတွင်သာ သွားရောက်စုပုံနေသည်… မြ၀တီမှ အောက်သို့ဆင်းရာလမ်းသည်လည်း တောလမ်းများဖြစ်သာ အားလုံးစီးဆင်းနေရသည်..
ချစ်ကြည်ရေးတံတားပိတ်ထားပြီးကတည်းက အလုပ်တွင်တွင်ကျယ်ကျယ်ဖြစ်နေသော် လှေဂိတ်များရှိ ကုန်ပစ္စည်းအ၀င်အထွက်များကို မြန်မာအစိုးရ တာဝန်ရှိသူများ တိတိကျကျ မသိရသော်လည်းပဲ ဂိတ်များကို ကုန်ပစ္စည်းများတင်ပို့နေသော် ထိုင်းကုန်သည်များမှ တွက်ချက်သော်စာရင်းအရ ၆ လတာ ကာလအတွင်း လူသုံးကုန်ပစ္စည်း ဘတ် သန်း ၃ထောင် ကျော်ဖိုး တင်ပို့ပြီးဟု သိရသည်။
ထိုသို့ စီးဆင်းနေသော် တရားဝင်ကော၊ တရားမ၀င်ကော ရောနေသည့် ကုန်ပစ္စည်းများသည် မည်သည့် အချိန်ထိ စီးဆင်းနေဦးမလဲဆိုတာ ဘယ်သူမှ မသိသလို၊ ချစ်ကြည်ရေးတံတားဖွင့်မည့် ကာလ သည်လည်း ရွှေပြည်တော် မျှော်တိုင်းဝေးဆိုသည့်အတိုင်းပင် ဖြစ်နေပါဦးမည်…..
ပေးပို့သူ -- ကိုလင်း
(U.V.I)



No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။