လတ်တလောကာလအတွင်း မြန်မာ့ရွှေဈေးတရှိန်ထိုးတတ်လာမှုသည် ဒေါ်လာဈေးလဲလှယ်မှုနှုန်း ကျဆင်းလာမှုနှင့် များစွာဆက်စပ်လျှက်ရှိ ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်လျှက်ရှိသည့် ကုန်သည်တစ်ဦးထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းသည် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၈၀၀ စွန်းစွန်းသာ ရှိကြောင်းသိရသည်။ FEC ဈေးနှုန်းမှာလည်း ယင်းလဲလှယ်မှုနှုန်းနှင့် ကွာခြားမှုမရှိချေ။ ဒေါ်လာဈေးများမှာ အချိန်အလိုက်ပြောင်းလဲမှုများ ရှိသကဲ့သို့ ရွှေဈေးနှုန်းမှာလည်း လိုက်လံ ပြောင်းလဲလျှက်ရှိကြောင်းသိရသည်။ရွှေဈေးမှာ နိုင်ငံခြားငွေဈေးမြင့်တတ်မှု၊ ကျဆင်းမှုများအပေါ်လိုက်၍ ပြောင်းလဲနေကြောင်း၊ ဒေါ်လာဈေးမငြိမ်သည့်အတွက် ရွှေဈေးနှုန်းမှာ လည်း တည်ငြိမ်နိုင်မှုမရှိတော့ကြောင်း၊ ယခင်မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ဆက်စပ်ပြောင်းလဲလျှက်ရှိကြောင်း၊ ယခု ကမ္ဘာ့ရွှေဈေး တက်သကဲ့ သို့ တက်သွားသည်ကိုမတွေ့ရတော့ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၃၅ ကျပ်ဝန်းကျင်ခန့်ရှိကာ အက်ဖ်အီးစီဈေးနှုန်းမှာ ၈၂၀ ဝန်းကျင်ခန့်ရှိ ကြောင်း သိရသည်။မေလ တတိယပတ်အတွင်း ပြောင်းလဲမှုနှုန်းများမှာ ၈၅၅ ကျပ်နှင့် ၈၀၀ကျပ် ဝန်းကျင်ရှိနေပြီး ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇၆၀၀၀ ကျပ်နှင့် ၆၈၅၀၀၀ ကျပ်ကြားတွင် အတက်အကျဖြစ်ပေါ်နေကြောင်း သိရသည်။
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။