Sunday, May 29, 2011

နိုင်ငံခြားရင်းနှီးမြှပ်နှံမူအတွက် မြန်မာ အသင့်ပြင်နေ

လာမည့် ၅ နှစ်အတွင်း ၂၀၁၆ တိုင်အောင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ကြိုဆို လက်ခံရန် မြန်မာ နိုင်ငံက ပြင်ဆင် လျက်ရှိသည် ဟု ကြာသပတေးနေ့ Xinhua သတင်းများက ဆိုသည်။ ၂၀၁၁ ဧပြီလက စသည့် ဘဏ္ဍာရေးကာလ စတင်ချိန်မှ စ၍ စီးပွားရေး ဖွံ့ဖြိုး ကြီးထွားနှုန်း ၁၀.၅% ရရှိရန် မြန်မာ အစိုးရက ပစ်မှတ် ထားသည်ဟု သိရှိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် အတွက် ၂၀၁၁ မတ်လ အထိ ကဏ္ဍစုံ ရန်ပုံငွေများ ထဲသို့ အမေရိကန် ဒေါ်လာ ၃၆.၅ ဘီလျံ မြန်မာ အစိုးရက လောင်းထည့် ခဲ့သည် ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ မှစ၍ ဈေးကွက် စီးပွားရေး ဦးစားပေး မူဝါဒကို စတင် ချမှတ် ကျင့်သုံးခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော နိုင်ငံပေါင်း ၃၁ နိုင်ငံခန့် ရှိနေပြီ ဖြစ်သည်။

 
 ရင်းနှီးမြှပ်နှံဖို့ အဓိကထားဆွေးနွေးသွားတဲ့ မြန်မာသမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်


ဟောင်ကောင်အပါအ၀င် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလျံဖြင့် ဦးဆောင်နေသည်။ ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၉.၅၆ ဘီလျံဖြင့် ဒုတိယနေရာတွင် ရှိသည်။ ဆက်လက်၍ တောင်ကိုးရီးယား (အမေရိကန် ဒေါ်လာ ၂.၉၁၅ ဘီလျံ) ၊ 
ဗြိတိန် (အမေရိကန် ဒေါ်လာ ၂.၆၉၅ ဘီလျံ) ၊ 
စင်ကာပူ (အမေရိကန်ဒေါ်လာ ၁.၈၁၈ ဘီလျံ) စသဖြင့် အစဉ်လိုက် နေရာယူထားကြသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပစ်မှတ်ထားသော ကဏ္ဍများထဲတွင်မူ 
လျှပ်စစ် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု( အမေရိကန် ဒေါ်လာ ၁၄.၅ဘီလျံ) ၊ 
ရေနံနှင့် ဓာတ်ငွေ့ (အမေရိကန် ဒေါ်လာ ၁၃.၈ ဘီလျံ) 
သတ္တုတွင်း (အမေရိကန် ဒေါ်လာ ၂.၈ ဘီလျံ)  
ထုတ်လုပ်မှုကဏ္ဍ (အမေရိကန် ဒေါ်လာ ၁.၇ ဘီလျံ) 
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ (အမေရိကန် ဒေါ်လာ ၁ ဘီလျံ) စသည်ဖြင့် အစဉ်လိုက် နေရာ ယူထားကြသည်။
  
Burmese Area မှသတင်းကို ဘာသာပြန်သည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။