သတင်းစာကို အောင်မြင်စွာ မလုပ်နိုင်ဟူသော အကြောင်းပြချက်ဖြင့် မြဝတီသတင်းစာ၏ စာတည်မှူးနှစ်ဦးဖြစ်သော ဦးပေါ်ဦးသစ်နှင့် ဦးအောင်စန်းအောင် တို့နှစ်ဦး တာဝန်မှရပ်စဲလိုက်ကြောင်း မန္တလေးမှ စာနယ်ဇင်းသမားတစ်ဦးက ပြောကြားသည်။

အိုစမာဘင်လာဒင် အကြောင်း တခမ်းတနားဖော်ပြခဲ့သော် မြ၀တီသတင်းစာ
အဆိုပါ မြဝတီသတင်းစာကို ဧပြီလ ၁ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လလုံး အခမဲ့ဖြန့်ချိခဲ့ပြီး
(4c) အရောင်လေးရောင်နှင့် ထုတ်ဝေထားပြီး မြန်မာ့ တပ်မတော်၏ လှုပ်ရှားမှုသတင်းများကို အသားပေးဖော်ပြထားကြောင်း လှည်းကူးတပ်နယ်တွင် တပ်တွင်းပုန်ကန်မှုများ ဖြစ်သည်ဟူသော သတင်းများ ထွက်ပေါ်စဉ်က မြဝတီသတင်းစာ၏ မျက်နှာဖုံးတွင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း တပ်တွင်းမိသားစု ဘောလုံးပြိုင်ပွဲကို တက်ရောက်သည့် သတင်းကို အချိန်ကိုက်ဖော်ပြခဲ့သည်ဟု မြဝတီသတင်းစာကို ပုံမှန်ဖတ်လေ့ရှိသူတစ်ဦးက ပြောကြားသည်။
မြဝတီသတင်းစာ ထုတ်ဝေရန် တစ်နှစ်ကျော်ခန့်ပြင်ဆင်ခဲ့ပြီး သတင်းထောက်များကို တပ်ကြပ်ကြီးစာရေးကဲ့သို့ ရာထူးအဆင့်များပေးကြောင်း ယခု ထုတ်ပယ်ခြင်းခံရသူနှစ်ဦးသည် ဗိုလ်မှုးကြီးအဆင့်များ ဖြစ်နိုင်ကြောင်း သတင်းစာတစ်စောင် ဂျာနယ်တစ်စောင် မအောင်မြင်၍ အယ်ဒီတာများကို ထုတ်ပစ်သည်ကို ယခုမှကြားဘူးကြောင်း ရန်ကုန်မြို့ အပတ်စဉ်ထုတ် သတင်းဂျာနယ်မှ သတင်းတာဝန်ခံ အယ်ဒီတာတစ်ဦးက ဝေဖန်ပြောကြားသည်။
သတင်းစာတစ်စောင် အောင်မြင်ဖို့ဆိုတာ အပြင်အဆင်ကောင်းရုံနှင့် မရကြောင်း သတင်းစာ၏မူဝါဒသည်လည်း အရေးကြီးကြောင်း ပြန်ကြားရေးမှ ထုတ်ဝေနေသည့် သတင်းစာနှင့် စာစောင်များ စောင်ရေကျဆင်းခြင်းမှာ မူဝါဒကြောင့်ဖြစ်ကြောင်း ကြေးမုံသတင်းစာဆိုလျှင် စောင်ရေ ခြောက်သောင်း ခန့်သာ ရှိကြောင်း မြန်မာသတင်းစဉ်တွင် လုပ်ကိုင်ခဲ့သည့် အငြိမ်းစား အယ်ဒီတာတစ်ဦးက ဆိုသည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။