ယူနီဗာဆယ် ၀ိုင်းတော်သားများမှ အပင်ပန်းခံ၊ အသက်စွန့်ခံ စုံစမ်းချက်များ၊ အမာခံသတင်းပေးများနှင့်၊ ခန္ဒာကိုယ်ရင်းနှီးပေးဆပ်ရသူများ ၏ ဖြစ်ရပ်မှန်သတင်းများကို အခြေခံကာ မြကျွှန်းသာ(ခေါ်) ရေလယ်ကျွန်း၏ မိုက်ရိုင်းပုံများနှင့် နိုင်ငံ ၂ ခုကြားမှာ ဒီသောင်ထွန်းနေတဲ့ ကျွှန်းတစ်ခုဟာ ဘယ်လို ဒုက္ခတွေ ပေးမလဲဆိုတာ ကို ယူနီဗာဆယ်မှ ရရှိသည့် သတင်းအချက်အလက်များကို အခြေခံကာ ဖော်ပြပေးလိုက်ပါတယ်…
ဆေးဘယ်လိုလာသလဲ…
အစ ပထမ ပိုင်းတုံးက ယားမား(ခေါ်) မြင်းဆေးများသည် ထိုကျွှန်းထဲတွင်ပင် စက်ဖြင့် ထုတ်သည်ဟု သိရှိထားသော်လည်း မိုးကြီး၏ အနီးကပ်လူယုံတော်များ၏ သတင်းပေးချက်များအရ မိုးကြီးသည် မြင်းဆေးကို ကျွှန်းပေါ်တွင် အစပိုင်းက ထုတ်ရန်ကြံရွယ်ခဲ့သော်လည်း ဆေး၏ လိုအပ်သော်ဓာတုပစ္စည်းများ ရှားပါးမူနှင့် ဈေးကြီးမူများကြောင့်လည်းကောင်း၊ ဆေးကို ထုတ်သော်စက်များကို ကိုင်တွယ်ရန်လူယုံမရှိသော်ကြောင့်သော်လည်းကောင်း၊ ထိုစက်များကို အာဏာပိုင်များ စစ်ဆေးတွေ့ရှိပါက ပြဿနာ ရေရှည်မှာကြီးထွားနိုင်သော်ကြောင့်သော်လည်းကောင်း၊ ဆေးကိုကိုယ်တိုင်ထုတ်ခြင်းသည် ၀ယ်ယူခြင်းထက် ပိုပြီးတန်ဖိုးကြီးနေသော်ကြောင့်သော်လည်းကောင်း၊ မြင်းဆေး (ခေါ်) ယားမားထုတ်ခြင်းကို ရပ်တန့်ခဲ့လေသည်။
ယူနီဗာဆယ်မှ ဆက်လက်စုံစမ်းသိရှိရာတွင် ထိုဆေးများကို မြ၀တီမှ တစ်လကို ၂ ခေါက်မှ ၄ ခေါက်ထိ လာပို့ကြောင်းသိရှိရသည်… လာပို့မည့်ရက်တွင် မြ၀တီမှ လာဘ်စားထားသော် အရာရှိများထံ ပြောပြီး လမ်းကြောင်းရှင်းခိုင်းထားကြောင်း၊ အကယ်၍ လမ်းကြောင်း ခက်ခဲလျှင် နောက်ရက်သို့ ပြောင်းကြောင်း စုံစမ်းသိရှိရသည်။
ပို့သည့် ပုံစံကို ကျွှန်းထဲရှိ ထိုရက်တွင် လုံခြုံရေးယူရသော် မောင်….. က အောက်ပါအတိုင်း ပြောပြပါတယ်…သူသည် ထိုမြင်းဆေးသယ်ယူသည့်လူကို ဟုတ်၊ မဟုတ် စစ်ဆေးသည့် နေရာတွင် တာဝန်ယူရသည်။ ကျွှန်းထဲကို ပို့သည့်ရက်လည်း ပုံမှန်မရှိသလို၊ လာပို့သည့်လူလည်း ပုံမှန်မရှိချေ။ တစ်ခါလာလျှင် ၁ ယောက်မှ ၃ ယောက်ထိ လာသည်။ တစ်ချို့ကလည်း ကျောပိုးလွယ်အိတ်၊ ခရီးဆောင်အိတ်များဖြစ်သယ်ဆောင်လာသည်။ အထဲမှာ မြင်းဆေးများကို အစိမ်းရောင် အတောင့်ရှည်
(အာရ်ပီဂျေကျည်ဆံအိမ် ပခုံးထမ်းပစ်သော်ဒုံးကျည်ဆံအိမ်) နှင့် ထုပ်ပိုးလားခဲ့ပါသည်…
ဖွင့်ကြည့်လိုက်လျှင် အထဲမှာ မုန့်များ၊ တခြားပစ္စည်းများဖြင့် အပေါ်ယံမှာဖုံးထားပြီးလျှင် အောက်မှာ အတောင့်တစ်တောင့်လုံး မြင်းဆေးများကို ထည့်ထားပါသည်။ မြင်းဆေးများကို ကွမ်းယာထုပ် သော်အိတ်
( တစ်အိတ်ကို - အလုံး ၅၀ခန့်) ပါရှိပြီး ထို အတောင့်ထဲတွင် အထုပ်ပေါင်း ၁ သောင်းကျော်ပါရှိပါသည်။ထို အတောင့်များကို တစ်ခါပို့လျှင် ၅ တောင့်မှ ၁၀ တောင့်ထိ ရှိပါသည်။ သူတို့ အရောင်းအ၀ယ်လုပ်လျှင်လည်း ဗမာစကားမပြောဟုလည်းသိရသည်။ ဘတ် ပိုက်ဆံဖြင့်ပဲ ပိုက်ဆံချေကြောင်း သိရှိရသည်…ဦးမိုးကြီးသည် မြင်းဆေးလာပို့မည့်ရက်တွင် သိန်းဂဏန်းမျှရှိသော ဘတ်ပိုက်ဆံများကို စုထားပြီး စောင့်ဆိုင်းသည်ဟုလည်းသိရှိရပါသည်….
ကျွှန်း၏ နောက်ထပ် အရောင်းအ၀ယ်တစ်ခု
ယူနီဗာဆယ်၏ ထပ်ပြီးရသော သတင်းများထဲမှ တိကျသော် သတင်းနောက်တစ်ခုမှာ ဦးမိုးကြီးသည် လက်နက်အရောင်းအ၀ယ်များလည်း ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။ ဤသတင်းကို လူမိုက်ဦးမိုးကြီး၏ လူယုံလည်းဖြစ်၊ ကျွန်းထဲတွင် အာဏာလည်းရှိ၊ လက်နက်အရောင်းအ၀ယ်ဖြစ်သော်နေ့တွင် အနီးကပ်လုံခြုံရေးယူရသော် ရွှေအောင် (ခေါ်) ရန်နိုင်နှင့် အတူနေသူထံမှ သတင်းရရှိခြင်းဖြစ်သည်။
လက်နက်များသည် လက်နက်ကြီးနှင့် လက်နက်ကြီးကျည်များ သိပ်မပါဘဲ၊ လက်နက်ငယ်လေးများ အများဆုံး အရောင်းအ၀ယ်ဖြစ်သည်ဟုသိရသည်။ ပစ္စတိုနှင့် ခြောက်လုံးပြူးများ၊ ပွိုင့်တူးတူးနှင့် ပွိုင့်သရီးတူး ကျည်ဆံနှင့် လက်နက်ငယ်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ မိုင်းပုံစံအမျိုးမျိုးနှင့် ကိုးမမ ကျည်ဆံများ ထည့်ပစ်နိုင်သော် ပစ္စတိုများ အထိပါဝင်သည်ဟုသိရသည်။၂ ပတ်ကို တစ်ခါ မှန်မှန် အရောင်းအ၀ယ်ဖြစ်သည်ဟုလည်းသိရသည်။
ကျွှန်းထဲရှိ တဲအိမ်ကို တွေ့ရစဉ်လက်နက်များလာပို့သည့်ရက်များတွင် ကျွှန်းပေါ်အဓိကကျသော်နေရာများ၊ ကျွှန်းထဲတွင်မှာပါ လုံခြုံရေးများ ယူထားကြောင်း၊ ဦးမိုးကြီး၏ တဲအိမ်ကို သွားရာ အဓိက လမ်းကြောင်း များတွင် လုံခြုံရေးများယူထားကြောင်း၊ အဲလိုရက်များတွင် မသင်္ကာသည့်သူများနှင့် အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ယူဆသော် သူများကို လက်နက်လာမပို့ခင်နှင့် ပို့ပြီး အချိန်များတွင် ရှင်းပစ်လေ့ရှိကြောင်း၊
မှတ်ချက် (အခုလိုရှင်းပစ်သည့်အထဲတွင် ဒီသတင်းကိုပေးပို့သော် သူတစ်ဦးလည်း အပါအ၀င်ဖြစ်သည်)…
ထိုသတင်းပေးပို့သူ၏ လက်နက်လာပို့သူ၏ ပုံပန်းသဏ္ဍန်ကို ဖော်ပြရာတွင် အသားဖြူ၊ အရပ်ရှည်ပြီး၊ မျက်ကပ်မှန်တပ်ဆင်လေ့ရှိကြောင်း၊ ရူးဖိနပ်စီးလေ့ရှိပြီး ဆံပင်မှာ ဂတုံးဆံတောက်ဖြစ်ပြီး၊ စကား သိပ်မပြောကြောင်း၊ ဗမာစကားပြောသံကို မကြားမိကြောင်း၊ မည်သည့်လူမျိုးဖြစ်သည်ကို ခန့်မှန်းရခက်ကြောင်း၊ ထိုင်းလူမျိုးဖြစ်နိုင်သည်ဟု ထင်ကြောင်းနှင့် လက်မောင်းကြွက်သားများမှာ တောင့်တင်းသဖြစ် စစ်တပ်ကလူဖြစ်ဖွယ်ရှိကြောင်း ယူနီဗာဆယ်မှ စုံစမ်းသိရှိရပါသည်။
ကျွှန်း၏ လုံခြုံရေး ရည်မှန်းချက် ၃ ချက်
ကျွှန်း၏ လုံခြုံရေးကို စာဖတ်သူများ သိလျှင်ဖြင့် အထူးအဆန်းသဖွယ် ဖြစ်မိပါလိမ့်မည်။ ဦးမိုးကြီး၏ အဓိက ခံတပ်နေရာသည် ထို ကျွှန်းကြီးဖြစ်လေသည်။ဘေး ၂ ဖက် ရှိ အာဏာပိုင်များက လက်ပူးလက်ကြပ်မိလျှင် ချက်ချင်းအရေးယူမှာကို ဦးမိုးကြီးသိထားသည်။ ပြီးခဲ့သည့် ၂ နှစ်လောက်က ကျွှန်း၏ အပုပ်သတင်းများကို ကြားပြီးမြန်မာ အာဏာပိုင်များမှ စီမံချက်ဖြစ် ဒီကေဘီအေမှ တဲများကို ဖျက်ခိုင်းပြီး ကိုင်းပင်များကို မီးရို့ပြီး ရှင်းခိုင်းခဲ့လေသည်.. ထိုအကြိမ်တွင် ပိုက်ဆံ ပေးပြီး ကျွှန်းကို ထိန်းထားနိုင်ခဲ့လေသည်.. ဦးမိုးကြီးသည် နောက်ပိုင်းမှစ၍ ကိုယ်ရေရှည် လုပ်မည့်မကောင်းမူများကို တည်တံ့နိုင်စေရန်နှင့် ကျွှန်း၏ မည်သည့်သတင်းကိုမဆို အာဏာပိုင်တို့၏ နားထဲသို့မရောက်အောင် အသေအချာစီစဉ်ခဲ့လေသည်။ ကျွှန်းလုံခြုံရေးကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် တတိယဦးစားပေး ဆိုပြီး စီစဉ်ခဲ့သည်။
ကျွှန်းထဲမှ ထိုင်းဘက်ကမ်းကိုမြင်ရစဉ်
ကျွှန်းထဲမှ ထိုင်းဘက်ကမ်းကိုမြင်ရစဉ် ပထမ ဦးစားပေး ... ကတော့ ကိုယ့်လွတ် ရုံးနိုင်ဖို့ဖြစ်လေသည်… ထို ဦးစားပေးအတွက် ကျွှန်း၏ လှို့ဝှက်နေရာများတွင် လှိုဏ်ခေါင်းများဖောက်ထားပြီး ကိုယ်သွားချင်တဲ့နေရာထိကို ဆက်ထားသည်ဟုသိရသည်။ လှိုဏ်ခေါင်း ၁ခုမှ ၄ ခု ထိရှိကြောင်းလည်း သိရပါသည်…ထို့ကြောင့် မည့်သည့်ဘက်ကမ်းမှ စစ်ဆင်ရေးမည်သို့ပင်စစေကာမူ ကိုယ်တစ်ယောက်တည်း လွတ်နိုင်အောင်အစီအစဉ်များထားရှိသည်ဟုလည်း သိရပါသည်။
ဒုတိယ ဦးစားပေး ... အစီအစဉ်အရ ကျွှန်းထဲတွင် ရှိသော် ဦးမိုးကြီး၏ စီးပွားရေးများရေရှည်တည်တံ့နိုင်စေရန် ဖြစ်သည်။ထိုအတွက် ဦးမိုးကြီး၏ အဓိကကျသော် တဲအောက်တွင် ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများ ၅ လုံးထက်မနည်း ထိုင်ထားပြီး ထို ကွန်ပြူတာများကို ကျွှန်း၏ အ၀င်အထွက်များ၊ အဓိကကျသော်နေရာများ၊ ကျွှန်းကို လာနိုင်သော်ရေကြောင်းလမ်းများ၊ ဘောဂိတ်နှင့်လှေဂိတ်များ၊ ထိုင်းဘက်ကမ်းတံတားဘောင်နှင့် လက်ရမ်းအောက်ခြေများ နှင့် ကိုင်းပင်များကြားတွင်တပ်ဆင်ထားသော် (CCTV) ကင်မရာများနှင့် ဆက်သွယ် ထားရှိသည်ဟုသိရသည်။ ထို ကင်မရာများမှာ ၅ လုံးမှ ၁၀ လုံးထိရှိကြောင်းသိရသည်။ ထို ကင်မရာများမှတဆင့် ကျွန်း၏ လုံခြုံရေးကို ကာကွယ်ထားပြီး ကျွှန်း၏ ဘယ်အချိန်၊ ဘယ်ရက်၊ ဘယ်နေရာကနေ ဘယ်သူဝင်သည်၊ ထွက်သည်ဆိုတာကို အမြဲတမ်းစောင့်ကြည့်နေပြီး မသင်္ကာဖြစ်ခံရသူများ၊ သတင်းလာယူသည်ဟုထင်ရသူများကို ကျွှန်းထဲတွင်ပင် သတ်ပစ်ပြီး အလောင်းပါတစ်ခါတည်းဖျောက်ပစ်သည်ဟု သိရပါသည်။
တတိယ ဦးစားပေး ... ကတော့ ကျွှန်းရှိ မကောင်းမူဖြစ်ရှာစားသော်သူများ၊ ဆေးသုံးရန်လာသူများနှင့် အထွေထွေ လက်လုပ်လက်စားနှင့် ဈေးရောင်းသမားများကို စီစစ်ရေးပင်ဖြစ်လေသည်…ထို တတိယဦးစားပေး စတင်သည်နှင့် ယနေ့အချိန်ထိ လူပေါင်း အယောက် (၅၀) ထက်မနည်း အသတ်ခံရသည်ဟု အမာခံသတင်းပေးများအရသိရသည်။
ထိုလူများကို သတ်ရတွင် ဦးမိုးကြီး၏ လူယုံဖြစ်သော် ရွှေအောင် (ခေါ်) ရန်နိုင် က ရှင်းပေးသည်ဟုသိရသည်။ ထို မြန်မာ အာဏာပိုင်များမှ အလိုရှိနေသော် ရန်နိုင်၏ နောက်ကြောင်းကို ယူနီဗာဆယ်မှ စုံစမ်းရာတွင် အဘ သူကျိုးတင်ငွေ၊ အမိ ဒေါ်စောကြည်တို့၏ သားဖြစ်ပြီး ဘီးလင်း၊ တောင်စွန်း ကတိုးဆိပ်ရပ်ကွက်၊ အရှေ့လမ်းတွင် မိဘများနေထိုင်ကြောင်းစုံစမ်းသိရှိရသည်။ ရန်နိုင် နေထိုင်သည့်နေရာသည် အတိအကျမရှိကြောင်း၊ မြန်မာနိုင်ငံတွင်နေထိုင်စဉ်ကာလအတွင်း လူသတ်မူ ၃ ခုထက်မနည်းဖြစ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှ လူသတ်မူ၊ လောင်းကစားမူ၊ မူးယစ်ဆေးဝါးရောင်းဝယ်မူများနှင့် အလိုရှိနေကြောင်းလည်း သိရှိရပါသည်။
ဦးမိုးကြီး မသင်္ကာသည့် သူများကို သူ့အနားတွင် ခေါ်ထားပြီးတောက်တိုမယ်ရခိုင်း၊ မြင်းဆေးများအတင်းရူခိုင်းပြီး၊ သူသတ်ချင်သည့်အချိန်တွင် သတ်ပစ်သည်ဟုသိရသည်။
ထို မသင်္ကာမူကြောင့် ဦးမိုးသီးရှေ့ရောက်ခဲ့ပြီး ရက်စက်သော်နှိပ်စက်မူများနှင့် ကျည်ဆံဒဏ်ရာများရသော်လည်းပဲ အသက်မသေခဲ့သူ ထံမှ ထိုသတင်းများကို ရရှိခဲ့ခြင်းဖြစ်လေသည်။
ဖြစ်ရပ်မှန်
၅ လပိုင်း ၂၀ ရက်နေ့ညတွင် ကျွှန်းထဲတွင် သေနတ်သံများ ဆူညံခဲ့သည်။ ထို သေနတ်များ၏ ကျည်ဆံခဲတောင့်များသည် အသက် ၂၃ နှစ် ဖိုးကဲ ဆိုသူကောင်လေးတစ်ယောက်၏ ခန္ဒာကိုယ်ထဲသို့ ၀င်ရောက်ခဲ့လေသည်။ သေပြီအထင်ဖြစ် အလောင်းဖျောက်ရန် စီစဉ်ရာတွင် မသေသပ်မူကြောင့် အနီးအနားရှိ လူများတွေ့ရှိပြီး မယ်တော်ဆေးခန်းသို့ ပို့ခဲ့လေသည်။ ထိုမယ်တော်ဆေးခန်းတွင်လည်း ဒဏ်ရာပြင်းထန်လွန်း၍ မယ်ဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ အတွင်းလူနာအဖြစ် အောက်ဆီဂျင်ပေး၍ ၁၅ ရက် သတိမေ့မြောနေရာမှ ပြန်လည် သတိဝင်လာခဲ့သည်။
ထိုကောင်လေး၏ ရင်ဖွင့်ချက်များကို ယူနီဗာဆယ်သို့ ပြောပြခဲ့သည်။
သူသည် အသက် ၂၀ အရွယ်ကတည်းက ကျွှန်းထဲသို့ သူငယ်ချင်းများ၏ ခေါ်ဆောင်မူဖြစ်ရောက်လာခဲ့သည်။ ထူးခြားသည်က ကျွှန်းပေါ်သို့ အခေါက်အခါခါရောက်သော်လည်း ဆေးမရူတတ်ခဲ့ပေ… ထိုဆေးရူဖို့ကို လည်း စိတ်မ၀င်စားခဲ့ပေ… ပိုက်ဆံအရချောင်သော်ကြောင့်သာ ကျွှန်းပေါ်လာခဲ့ခြင်းဖြစ်သည်။ တစ်နေ့ သူကံဆိုးခဲ့သည်။ဦးမိုးကြီး၏ သူ့ကို ခေါ်သည်ဟုဆိုကာ လိုက်သွားခဲ့ပါသည်။
ကောင်လေး၏ ဖုံးကိုစစ်ကြည့်ရာတွင်လည်း ကျွှန်းပေါ်ရှိ တဲများ၏ ဓာတ်ပုံများတွေ့သဖြစ် အဲဒီမှာတင်ပဲ လူ ၅ ယောက်လောက်က ၀ိုင်းပြီးကန်ကျောက်တာခံခဲ့ရပါတယ်..ထိုနောက်တွင်လည်း မြင်းဆေးသုံးထားသဖြစ် ကြောင်နေသော် ဦးမိုးကြီး၏ လူများ အမျိုးမျိုးသော် နှိပ်စက်မူများလည်းကြုံခဲ့ရပါသည်… ထိုနှိပ်စက်မူများတွင် မြင်းဆေးများ အတင်းရူခိုင်းခြင်း၊ ယောင်္ကျားခြင်းဆက်ဆံခြင်းများလည်း နှိပ်စက်ခံခဲ့ရပါသည်။
ထို့နောက်ပြောပြရာတွင် ဦးမိုးကြီး၏ ရှေ့တွင် သူမသင်္ကာသည်ဟု ထင်သော် လူ ၄၊ ၅ ယောက်ကို ထိုင်ခိုင်းထားပါသည်… တစ်ခုခုလှူပ်လျှင် (ဥပမာ- လက်ကုတ်ခြင်း၊ ခေါင်းကုတ်ခြင်း၊ ချောင်းဆိုးခြင်း၊ နေရာရွေ့ခြင်း) စသည့် အပြုအမူတစ်ခုခုကို လုပ်မိခဲ့ပါလျှင် အဲဒီနေရာတွင်ပင် ပစ်သတ်ခြင်းကို ခံရပါသည်။ သူ့ရှေ့တွင်ပင် လူ ၃ ယောက်ကို သတ်ခြင်းကို မြင်တွေ့ခဲ့ရပါသည်… အဲဒီနေ့ညတွင် မခံနိုင်တော့၍ ထွက်ပြေးရာတွင် သေနတ်နှင့် ပစ်ခြင်းကို ခံခဲ့ရပါသည်။ ထိုအချိန်ကတည်းက မေ့ခဲ့ရာ အခုချိန်မှ သတိနှင့် ခန္ဒာကိုယ်ပြန်ကပ်ခဲ့ရပါသည်ဟု သူ၏ အဖြစ်အပျက်များကို ပြောပြခဲ့ပါသည်။
ကျွှန်း၏ နောက်ဆုံးသတင်းများ
ကျွှန်း၏ နောက်ဆုံးသတင်းများကို ယူနီဗာဆယ်မှစုံစမ်းသိရှိရာတွင် ဦးမိုးကြီးသည် ကျွန်းထဲတွင်နေထိုင်သူမည်သူမဆို အာဏာပိုင်များကို သတင်းပေးခြင်း၊ တစ်စုံတစ်ခု မသင်္ကာစရာ လုပ်ခြင်းကို တွေ့ရှိလျှင် လျှာဖြတ်ပြီး လူညွှန့်တုံးအောင်လုပ်ကာ အများကို သင်ခန်းစာအဖြစ် ပြသမည်ဟု ကြိမ်းဝါးနေကြောင်း၊ ထို့နောက် ကျွှန်းထဲတွင် ပြည်တန်ဆာလုပ်မည့်သူများကိုလည်း ဦးမိုးကြီး၏ ခွင့်ပြုချက်ယူရာတွင် အသက် ၁၆ နှစ်အောက်ဆိုရင် ထမင်းကျွှေးမည်၊ အလုပ်လုပ်ရမည်။
၁၆ နှစ် အထက်ဆိုလျှင် ကိုယ့်စားရိတ်ကိုယ်စားဟုဆိုကာ ဆိုင်းဘုတ်ထောင်ပြီး ကြေငြာထားသည်ဟုလည်းသိရကြောင်း၊ မြ၀တီအာဏာပိုင်များထဲမှ တစ်ချို့သူတွေကို တစ်လလျှင် ဦးမိုးကြီးမှ ၁၀ သိန်းအထက်ပေးရခြင်းကြောင့် မည်သူ့ကိုမှ ဂရုမစိုက်ဟုလည်း သိရသည်။
ယူနီဗာဆယ်သည် ဦးမိုးကြီး၏ အားကိုးနေသော် မြ၀တီအာဏာပိုင်များ မည်သူမည်ဝါဆိုသည်ကို ယူနီဗာဆယ်ဝိုင်းတော်သားများ လိုက်လံစုံစမ်းနေပါသည်။
ထို့အပြင် မြ၀တီရှိမြို့သူ၊မြို့သားများကလည်း ကိုယ့်နိုင်ငံ၏ ဂုဏ်သိက္ခာကိုဖျက်ဆီးနေသော်၊ လူငယ်များနှင့်ကလေးများကို ဖျက်ဆီးနေသော် ရေလယ်ကျွှန်း (ခေါ်)မြကျွှန်းသာ၏ သတင်းများကို ယူနီဗာဆယ်၏ mail Box နှင့် Shout Box များထဲသို့ ပေးပို့နိုင်ကြောင်း၊ စာဖတ်သူများလည်း တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီပေးပါရန် ယူနီဗာဆယ် ၀ိုင်းတော်သားများမှ အကူအညီတောင်းပါသည် ခင်ဗျာ……
ထိန်ကျော်လင်းပြောင် နှင့် ကိုလေပွေ ပူးပေါင်းရေးသားသည်။
(U.V.I)
ဒီကျွန်းမှာ မြင်းဆေးရူဖို့ကို ဖာသည်တွေနဲ့မြူဆွယ်တာရေလည်မိုက်တယ်..
ReplyDeleteဒီလိုကျွန်းမျိုး တစ်ခုလောက်တော့ ရှိသင့်တယ်.. ဒါမှ လွပ်လွပ်လတ်လတ် ကဲလို့ရမှာ
ReplyDelete