Monday, September 12, 2011

ပေးစာများ၏ လက်ကိုင်တုတ်ဖြစ်နေသော် အင်တာနက်စာမျက်နှာများ


             မြန်မာပြည်သူများ၏ သတင်းများကို အသံလွင့် ဌာနများကလည်း အလေးထား၍ ထုတ်လွင့်နေကြသလို အင်တာနက်စာမျက်နှာများတွင်လည်း ပလူပျံအောင် တွေ့နေကြသည်။ နအဖ အစိုးရဘက်ကလည်း ပြည်ပ အင်တာနက်စာမျက်နှာများကို အလေးထား၍ စောင့်ကြည့်နေသည်ကို ဆိုဒ်ပိုင်ရှင်များလည်း သိကြပါသည်။

ပြည်ပ အင်တာနက်စာမျက်နှာများ၏ သတင်းအများစုသည် သူတို့ဖုံးကွယ်ထားသော် အရာများနှင့် ပြည်သူတွေ၏သတင်းအမှန်ကို သိရသည်ဟု ထင်ကာ နောက်ပိုင်းတွင် နအဖ စစ်အစိုးရသည် နိုင်ငံရေး သတင်းဝဘ်ဆိုဒ်များကို စာရင်းလုပ်ကာ ဖော်ပြလာသည့် သတင်းများကို စီစစ်မူများ ပြုလုပ်လာကြသည်။
            
 မှန်ကန်ပြီး၊ တိကျသော် သတင်းများကို သာဖော်ပြသည့် နိုင်ငံရေးဝဘ်ဆိုဒ်များ၏ အမာခံ ပြည်သူများသည် နေရာတိုင်းတွင် ဖြန့်ကျက်ထားပြီး သူတို့မှ တဆင့် ပေးပို့လာသော သတင်းများကို ဖော်ပြကြသည်။ ထိုသို့ တိကျသော် သတင်းများကြောင့် အစိုးရထဲတွင်ကြည်း၊ ရေ၊ လေတပ်တွင်သော်လည်းကောင်း၊ နေရာဌာနတိုင်းတွင်သော်လည်းကောင်း၊ နယ်စပ်များတွင်သော်လည်းကောင်း စစ်ဆေးရေးများပြုလုပ်ကြပြီး  ထိုသတင်းများကို အခြေခံကာ စစ်၊ ဖြုတ်၊ ထုတ်များပြုလုပ်လာကြသည်။ ထိုသို့ ပြုလုပ်ကြသည်ကို ကိုယ့်သတင်းကို မှန်ပါသည်ဟု ရဲရဲကြီး အာမခံသော ၀ဘ်ဆိုဒ်တိုင်းက ပြန်လည် ဖော်ပြပေးတတ်ကြသည်။
               
ဤတွင် အမည်မသိ (Anonymous) ဖြင့် ပေးပို့လာကြပြီး တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ယောက်ကို အဓိက ထားပြီး တိုက်ခိုက်လာကြသည်ကို သတင်းများတွင် ပေးစာအမည်ဖြစ် တွေ့လာခဲ့သည်။ ၀ဘ်ဆိုဒ်အများစုကလည်း စစ်အစိုးရနှင့် ပတ်သတ်သူများ ထိလျှင်ပြီးရော၊ ဟုတ်သော်ရှိ၊ မဟုတ်သောရှိ တင်ပြကြသည်။အောက်ပါ မေးခွန်းများကို ၀ဘ်ဆိုဒ်ပိုင်ရှင်များ လျစ်လှူရူခဲ့ကြသလားဟု ထင်မှတ်စရာဖြစ်နေသည်။


·         ပေးစာသည် ကိုယ့်အတွင်းလူကပို့တာလား၊ ဘယ်ကပို့တာလဲ…?
·         ပေးစာ၏ အကြောင်းအရာသည်  ဖြစ်နိုင်၏။ မဖြစ်နိုင်၏။…?
·         ၀ဘ်ဆိုဒ်ပိုင်ရှင် (သို့) ကိုယ့်အတွင်းလူသည် ထိုပေးစာအကြောင်းကို တိကျစွာသိပါသလား…?
·         ပေးစာသည် တစ်စုံတစ်ရာကို တိုက်ခိုက်နေတာလား (သို့) မရေမရာပြောနေတာလား (သို့) ကောလဟာလလား (သို့) တကယ်နစ်နာနေတာလား…?
·         ပေးစာသည် အများအကျိုးကို ကိုယ်စားပြုလား (သို့) လူနည်းစုတစ်ကွက်စာလောဘသမားများကို ကိုယ်စားပြုနေသလား ဆိုတာ ဆန်းစစ်ရပါမယ်…?
          
ထိုသို့ မစစ်ဆေး မစီစစ်ဘဲနဲ့ အင်တာနက်စာမျက်နှာ ပေါ်သို့ရောက်ပြီး အရှက်တကွဲ အကျိုးနည်းသွားသူများ၊ ပြည်သူအပေါ်ကောင်းပါလျှက်နှင့် ရာထူးချခံရသူများ၊ ကောင်းစားသွားသော လူနည်းစုလက်တစ်စုပ်စာ များကို ကိုယ်စားပြုသော ပေးစာများ ဘယ်လောက်တောင်ရှိသွားပြီလဲဆိုတာ ခန့်မှန်း၍ မရနိုင်တော့ပေ…
             
 ကျွန်တော် စာရေးသူသည် ထို တစ်ဖက်စောင်းနင်းအမြင်ဖြင့် ပေးပို့လာသောပေးစာများကို ဥပမာ (၃) ခုပေး၍ နှိုင်းယှဉ်ပြပါမည်…
           
နံပါတ် (၁) အနေနှင့် သျှမ်းသံတော်ဆင့်သို့ ပေးပို့လာသော မူဆယ်မြို့တွင် မော်တော်ပီကယ်များသောင်းကျန်း ဟုခေါင်းစဉ်နှင့် ပေးပို့လာသော  ပေးစာတွင် ရေးထားသော စာသားအမြင်များနှင့် ပေးပို့သူ ဘယ်ရူ့ထောင့်ကနေ ပြောနေ ပါသလဲကို အမြင်မတော်သူ ပညာတတ်တစ်ယောက်က မူဆယ်က ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ကိစ္စမဟုတ်သေးပါ ဆိုပြီး  အလယ်အလတ်အမြင်ဖြင့် အဖြစ်နိုင်ဆုံးသောအခြေအနေကို သုံးသပ်ပြထားပြီး မြန်မာနိုင်ငံသားများ၏ စိတ်ဓာတ်နှင့် စည်းကမ်းကို စည်းကမ်းလို မမြင်ပုံများနှင့် နိုင်ငံတကာနှင့်ပါ ချိန်ထိုးပြသွားပြီး ပေးပို့သော ပေးစာကို နှိုင်းယှဉ်ခြင်းဖြင့် ပေးစာများ၏ အများစုသည် လူနည်းစု အခွင့်အရေးရခြင်းအကျိုးငှာ ရေးသားထားသည်ကို တွေ့ရှိရသည်။
         
ဥပမာ (၂) ကတော့ သျှမ်းသံတော်ဆင့် ဆိုဒ်မှာ ဖော်ပြခဲ့သည့် မူးယစ်အာဏာပိုင်များ လာဘ်စားမူကြောင့် လူငယ်များ ပျက်ဆီးမည့်အရေး မိဘများစိုးရမ် ဆိုသည့် ခေါင်းစဉ်နှင့် ပေးပို့လာတဲ့ ပေးစာဖြစ်ပါတယ်… ဒီ သတင်း တက်တက်လာချင်းမှာ နမ့်ခမ်းမြို့သားမဟုတ်တဲ့ အင်တာနက်စာဖတ်သူ အများမှာ တကယ်ကို အမှန် ထင်သွားမည်ဖြစ်လေသည်။ အဲဒီထက်ဆိုးသည်ကား ကာယကံရှင် မိသားစုကို အစိုးရက အရေးယူတာက နောက်မှ၊ လောလောဆယ် ကာယကံရှင် နန်းနွံလောဝ် ဟာ နာမည်ပျက်စာရင်းဝင်ပြီး သိက္ခာကျသွားပါပြီ…
         
 နောက်မှ ရှမ်းသံတော်ဆင့် အယ်ဒီတာခင်ဗျာ… အဆိုပါ သတင်းနှင့် ပတ်သတ်၍ ဖြေရှင်းချက်ပေးလိုပါသည်ဟ နန့်ခမ်း မြို့ခံ ကိုယ်တိုင်ပေးပို့လာသော ပေးစာကို ဖတ်ရမှ ယခင်ပေးစာမှ တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခြင်းပါလားဟု စာဖတ်သူ သိလိုက်ရသည်။
ရှမ်းသံတော်ဆင့်က တာဝန်ကျေကျေနှင့် ဖော်ပြခဲ့လို့သာ ပေးစာ မဟုတ်မမှန်ကြောင်းကို သိခဲ့ရခြင်းဖြစ်လေသည်။ နအဖကို မလိုမုန်းထားစိတ်ခံရှိသူများအဖို့ ပြန်လှန်ချေပသည့် ပေးစာကို ပင် ဖော်ပြဖို့ တာဝန်တော်တော်လေးမည်ဟု ထင်မိပါသည်။

   ဥပမာ (၃) အရ မဇ္ဈိမသတင်းဌာန တွင် ဖော်ပြသွားသော် မြ၀တီ - ကော့ကရိတ် လမ်းအပေါ် တရားမျှတစေချင် ဟုသော ပေးစာများတွင် ပြည်သူများဖြစ်ကြသော ကားသမားများဘက်ကလည်း ပိုက်ဆံသာ ပေးရပြီး လမ်းကဆိုးသည်ထက်ဆိုးလာပြီး ကိုယ့်ကားများ နာလာကြသည့်အခါ ညည်းညူလာကြသည်။
            
လမ်းပြင်သည့်အဖွဲ့ကလည်း လမ်းပြင်ဆင်၊ လမ်းချဲ့၊ တောင်ဖြို တွေကို စက်ယန္တရားကြီးတွေနဲ့ မလုံလောက်တဲ့ ဘတ်ဂျက်နဲ့လုပ်ဆောင်နေရပြီး လေလံရထားတဲ့ စီးပွားရေးသမားများကသာ ပိုက်ဆံတွေကို ကောက်ခံနေကြောင်း ပြန်လည် ရင်ဖွင့်ထားကြပါတယ်…. 

ပထမ အချက်အနေနဲ့ကကရင်ပြည်နယ်ကားသမားဟုနာမည်တပ် ခေါ်ဆိုကြသည့် ပေးစာပိုင်ရှင်များကို အရင်ဦးဆုံး သုံးသပ်ရသောနိုင်ငံတကာမှာ ကောင်းပေ့ဆိုသည့် လမ်းတွေကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မူတွေပြုလုပ်ကြပါတယ်… ဒီလိုပြုလုပ်ကြရမှာ အဓိက ပြုပြင်ရတာကတော့ ကားတွေရဲ့ တန်ချိန်တွေပဲ ဖြစ်ပါတယ်…ဒါကြောင့် အာဆီယံကနေ သတ်မှတ်တဲ့ ကားတန်ချိန် တွေထွက်လာတာဖြစ်ပါတယ်… ကားလမ်းပျက်ဆီးမူသည် အဓိက လမ်းကိုနေ့စဉ် ဖိမောင်းနေသော ကားနှင့်သာဆိုင်သည်... မတန်မဆက ကုန်တင်ထားသော ၁၀ ဘီး အထက်ကားများ နေ့စဉ်ရက်ဆက် မောင်းနှင်နေကြသလို ကုန်အပြည့်နှင့် လိုင်းကားများ ရာနှင့် ချီတက်ဆင်းလုပ်နေကြသည်။ လမ်းက တစ်လမ်းတည်း မောင်းတာက ရာနှင့် ချီဆိုတော့ ဘယ်လမ်းက မခံနိုင်။
         
အစိုးရဘက်ပြန်ကြည့်ပြီး သုံးသပ်သော လမ်းတွေပျက်တယ်ဟု ပေးစာတွေ ဖတ်ရသောအခါ လမ်းပြင်ဖို့ဘတ်ဂျတ်၊ စက်ယန္တရားကို ချင့်ချိန်ပြီး အရေးကြီးပြီး အန္တရာယ်ဖြစ်လောက်မည့်နေရာတွေကို ရွေးပြင်ပြီးတော့ တန်ချိန်ပိုတွေ မတင်ရ ဆိုပြီး အမိန့်ထုတ်ပြီး တင်းတင်းကျပ်ကျပ်စစ်ပါတော့တယ်…..
                 
 ထို့ကြောင့် နေရာတိုင်းမှာ အပေးအယူရှိပါတယ်… ကရင်ပြည်နယ်က ကားသမားများကလည်း တစ်ခေါက် ဆို တစ်ခေါက် နေ့တွက်ကြေးကျေအောင် ကုန်ပစ္စည်းကို အဆမတန်တင်နေမယ်ဆိုရင် မြ၀တီလမ်းက ချိုင့်ခွင့်ကြီးကတော့ ကြီးသထက် ကြီးလာပြီး ပြင်ရင်လည်း တစ်ရက်ခံပါခင်ဗျာ…..

နောက်ဆုံး နိဂုံးချူပ်ရသော ပေးစာ၏ သဘောသဘာဝကို မြင်သာအောင် ဥပမာပြရာတွင်   ထိုင်း - မြန်မာနယ်စပ်တွင်နေထိုင်သော သိန်းဂဏန်းမျှရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အချိန်တိုင်းရင်ဆိုင်တွေ့နေရသောထိုင်းရဲများ၏ ဒုက္ခကို ဘယ်လိုဘယ်ပုံ ဖြေရှင်းနေပါသလဲ… ထိုင်းအစိုးရက လတ်မှတ်တွေလုပ်ပေးနေပါသည်လို့ဆိုသည့်  အဖြေနှင့်တော့ မရပေ… မြန်မာငွေ ၁သိန်းနှင့် အထက် ကုန်ကျသည့် လတ်မှတ်စရိတ်ကို မလုပ်နိုင်သည့် သိန်းချီသည့် မြန်မာအလုပ်သမားများကို အလွယ်တကူပင်တွေ့နိုင်ပါသည်… ထိုသို့သော မြန်မာများကို ရရင် ရသလို၊ ပေး ၁၀၀၊ ပေး ၅၀၀ ဟု တောင်းနေသည့်ထိုင်းရဲများကို မကျေနပ်၍ လတ်မှတ်ရှိသည့် မြန်မာများက အထက်အရာရှိများကို စာရေးပြီး တိုင်ကြပါစို့…
           
 ဥပဒေသည် ဘုရင်သဖွယ်ဖြစ်နေသော ထိုင်းနိုင်ငံမှာ လတ်မှတ်မရှိသော မြန်မာများကို ပိုက်စိပ်တိုက်၊ စစ်တပ်နှင့် ပါ ဖမ်းပြီဆိုပါက ငိုကြ၊ ယိုကြ၊ ပြေးကြ၊ ပုန်းကြ နှင့် သောက တွေတစ်ထွေကြီးပိုက်ကာ ပြေးကြရပါသည်…. အခုချိန်ထိလည်း ကြုံနေရဆဲပါ…
            
သိန်းနှင့် ချီလတ်မှတ်မရှိပြီး ဒုက္ခရောက်ကြသော မြန်မာ များ ဘာပြောလာကြပြီလဲ… ရရာ လတ်မှတ်လေးလုပ်ပြီး ပုလိပ်ရှေ့ရောက်လျှင် ဘတ် ၁၀၀ ကိုင်ထားလျှင် ကိုယ်သွားမည့်လမ်း အနှောင့်အယှက်မရှိသွားရလေသည်… ထို ပေးနေရသည်ကိုပင် ကျေနပ်စရာကောင်းပေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် လတ်မှတ်မရှိ ဘတ် ၁၀၀ ပေးသော စနစ်တွင်ကျယ်လာပြီး အရာရာကို ပိုက်ဆံနှင့် သာ ဖြေရှင်းပြီး လိုရာကို သွားနေကြသည်။ နောက်ဆုံးကုန်ကုန်ပြောရလျှင် နိုင်ငံခြားသားများ လုံးဝ မလုပ်ရ ဟု ထိုင်းဥပဒေ ကန့်သတ်ထားသော အသက်မွေးဝမ်းကျောင်းအလုပ်များကိုပင် ရဲကြေး ပေး၍ မြန်မာများ လုပ်လာနိုင်ပြီး တနိုင်တပိုင်လေးနှင့် မြန်မာပြည်ရှိ ကိုယ့်မိသားစုများထံသို့ ထောက်ပံ့လာနိုင်ကြသည်။
             
 ထိုအချိန်တွင် ထိုင်း ရဲများ လာဘ်စားသည် ဟု လေလှိုင်းထဲမှ အမည်မသိ ဖြင့် ပေးပို့လာသော ပေးစာကို ဖော်ပြသော ၀ဘ်ဆိုဒ်သည်ပင်လျှင် ဆင်းရဲသား မြန်မာပြည်သားများ၏ အမင်္ဂလာ ဆုတောင်းသံများသာ ရနိုင်လေသည်။ နေရာတိုင်းတွင် အပေးအယူဆိုတာရှိသည်။ အပေး အယူသည် တရားမျှတမူရှိနေသမျှကာလပတ်လုံး ငြိမ်းချမ်းနေမည် ဖြစ်သည်။ တစ်ဖက်ဖက်က မတရားမူဖြစ်သွားသည်နှင့် တပြိုင်နက် ငြိမ်းချမ်းမူသည် ပျက်ပြယ်သွားလေသည်။ ထို့ကြောင့် သင့်ပေးစာကြောင့် အများပြည်သူ ဒုက္ခမရောက်အောင် … ဖော်ပြသည့် အင်တာနက်စာမျက်နှာများတွင် တာဝန် အပြည့်အ၀ ရှိနေပေသည်…..

 Mr.Zero (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။