နိုဝင်ဘာ ၈ ရက်နေ့ ည ၁၀နာရီခန့်အချိန်တွင် မယ်ဆောက်ပန်းခြံအရှေ့ရှိ သစ္စပန်းကွင်းပွဲတော်တွင် လူငယ်တစ်စု ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။ ထိုင်းရဲတစ်ဦး၏ ပြောကြားချက်အရ လူငယ်ချင်း ရန်ဖြစ်ကြရာ လူငယ်တစ်ယောက်မှာ လည်မြိုကို အကန်ခံရ၍ နေရာတွင်ပင် ပွဲချင်းပြီး အသက်သေဆုံး မလိုထိဖြစ်ခဲ့ရသည်ဟု ပြောပြခဲ့သည်။
ထို့နောက် ပွဲတော်တာဝန်ကျ ဆေးဝန်ထမ်းများ၏ ကူညီမူကြောင့် လူငယ်မှာ သေဘေးမှ လွတ်မြောက်ခဲ့ပြီး မယ်ဆောက်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားခဲ့ပါသည်…
ထပ်မံ၍ သိရှိရသည်မှာ မသေမရှင်ဖြစ်သွားအောင် ထိုးနှက်သွားသော လူငယ်ကို တစ်ခါတည်း ဖမ်းဆီးရမိခဲ့၍ သွားရောက်ကြည့်ရူရာ အံ့သြစွာပင် မယ်ဆောက် ကျောင်းဆရာ တစ်ယောက်၏ သား ဖြစ်နေကြောင်းတွေ့ရှိရသည်…
ထိုင်းရဲက စစ်ဆေးရာတွင် ထို လူငယ်မှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိပြီး အခုလို ရက်ရက်စက်စက် လည်မြိုကို ကန်ကျောက်ခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်… ထို လူငယ်၏ ပုံပန်းသဏ္ဍာန်မှာ ပိန်ပိန်ပါးပါးနှင့် ထိုရက်စက်သည့်အလုပ်ကိုပင်လုပ်မည်ဟု မထင်ရကြောင်း အဆိုပါ ရဲက ပြောပါသည်။
ကျောင်းဆရာ တစ်ဦး၏သား လို့ ဘာကြောင့် ပြောသလဲဟုဆိုသော စာရေးသည် ထိုကျောင်းဆရာ၏ သတင်းဆိုးများကို မကြာခဏ ကြားသိနေရသော ကြောင့်ပင်ဖြစ်သည်။ ထို ကျောင်းဆရာမှာ ဦး….. ဖြစ်၍ မယ်ဆောက်ရှိ နာမည်ပျက်ရှိသော စာသင်ကျောင်းကို ကယ်တင်ရှင်သဖွယ်ယူ၍ မျောက်ပြ ဆန်တောင်း နေခြင်းကြောင့်ဖြစ်သည်။
ထို ကျောင်းဆရာ ဦး….. သည် ထောက်ပံ့ကြေး တပြားမှ မပေးပဲ ခိုင်းသောနည်းကို အတော်သဘောကျသောကြောင့် လအတန်ကြာလုပ်ပေးပြီး ထောက်ပံ့ကြေး အနည်းငယ်မှ မရ၍ ထွက်သွားသော ဆရာ၊ ဆရာမများစွာရှိပြီး အခုချိန်ထိလည်း ထောက်ပံ့ကြေး ရလိုရငြားစောင့်ဆိုင်းနေသော ဆရာများလည်း ရှိနေဆဲပါ… ထို့နောက် ဒီမိုကရေစီနည်းဆန်စွာ ပြန်လှန်မေးခွန်းထုတ်တတ်သော ဆရာ၊ ဆရာမများနှင့် တခြား မည်သူမဆို မိုက်ကြေးခွဲဆန်ဆန် ဆက်ဆံပြီး မဟုတ်တာကို အပြစ်ကြီး တစ်ခုသဖွယ် နှင့် နောင်ကျဉ်အောင်ပြုလုပ်တတ်ပြီး ကျောင်းမှ ထုတ်ပယ်ရာတွင် လည်း ထို ကျောင်းဆရာ ဦး….. မှာ ဆရာ တဆူတမျှ တတ်မြောက်ထားပါသည်…
ထို့နောက် အဆိုပါ ကျောင်းဆရာ၏ မိုက်ရိုင်း ယုတ်မာသော နည်းတစ်ခုမှာ ပွဲလန့်တုန်း ဖြာခင်းတတ်သော အကျင့်ဖြစ်ပါသည်။ ဒီမိုကရေစီ ဘက်တော်သား အချင်းချင်းကို ရန်တိုက်ပေးတတ်ပြီး ထို ရန်တိုက်ပေး၍ ရလာသော နေရာကို အမိအရ ယူတတ်ခြင်းဖြစ်လေသည်… အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ အမေ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ကို ပင်ပင်ပန်းပန်း ၃ နှစ် ၃ မိုး အချက်အလက်များ ရှာဖွေစုစောင်းပြီး ထုတ်ဝေသော စာရေးဆရာ ဦးသန်းဝင်းလှိုင် ၏ စာအုပ် ထုတ်ဝေပြီး သူရသော ခွဲတမ်းတွင် အဆိုပါ ကျောင်းဆရာ ကိုဆရာ ကိုယ်တိုင် လတ်မှတ်ထိုးပြီး ပေးခဲ့သောလည်းပဲ ကျေးဇူးမတင်တဲ့အပြင် သူသဘောမတွေ့တဲ့အတွက် ကွယ်ရာမှ ဝေဖန်ပြောဆိုခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။
ထို့နောက် အထက်ပါ ရန်ဖြစ်ခဲ့သည့် ကောင်လေး၏ အမေသည်လည်း ပဲ ထိုနည်း၎င်းပင်ဟု ထင်မှတ်ဖွယ်ရာရှိပါသည်။
မယ်ဆောက်၏ CDC ကျောင်းတွင် ဆရာမတစ်ဦးအဖြစ် လုပ်ကိုင်နေပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ စင်သီယာမောင်နှင့် အတူဖြစ်အောင် စိတ်ထဲမှ ကျိတ်ပြီး လိုက်ပြိုင်နေသူတစ်ဦးလည်းဖြစ်ပါသည်… ကျောင်း ၏ အစည်းအဝေးပွဲမှ အစ ဟိုနား ဒီနားက အဆုံး ကျောင်းက ကားနှင့်သာ သွားချင်သူတစ်ဦးလည်းဖြစ်ပါသည်။
ထို မိဘ ၂ ပါးက မွေးဖွားခဲ့ပြီး ကျောင်းဆရာ အလုပ်ဖြင့် အသက်မွေးနေပေမယ့် ဆရာ၊ ဆရာမ စိတ် တစ်ပြားသားမှ မရှိသော ထို လင်မယား ၂ ယောက်၏ သား မှာ ထိုလို ရက်စက်တတ်သည့် စိတ်ဓာတ်မျိုး ရှိနေသည်မှာ မဆန်းပါ ဟုထင်မိပါသည်….
ပထမ တစ်ခါ ဦးချစ် လက်ဖက်ရည်ဆိုင် အနီးတွင် ခိုက်ရန်ဖြစ်ပွား၍ တဖက်က ထို လူငယ်ကို အငြိုးတကြီး နဲ့ ၀ိုင်းရိုက်ရာ လက်သွင်သွင်ကျိုးသွားခဲ့ပါသည်..ဒါကို မယ်တော်ဆေးခန်းကို သွားရောက်ပြသရာ မြန်မာ စကားတတ်လျှင်ဖြင့် မည်သည့်ရောဂါကို မဆို ကုရသော မယ်တော်ဆေးခန်းက ဆရာမ တွေကို ပင် မည်သို့ မတူသလို မတန်သလို ပြောသည်မသိ ဆေးခန်းက လက်ခံ၍ ကုမပေးကြောင်း ကြားသိရပါသည်…
ယခု ၈ ရက်နေ့ညက ဖြစ်သွားသော ရန်ပွဲ၏ အကျိုးဆက်သည် ရှေ့က မိဘများ ၏သူတစ်ပါး အပေါ် ရက်စက် ယုတ်မာသော မကောင်းမူ၏ ရလာဒ် လားဆိုကာ
စောင့်ကြည့်ရပေတော့မည်………..
လယ်ကွင်းအိမ်
(အထက်ပါ ပေးစာသည် ပေးသူ၏ သဘောသက်သက်မျှဖြစ်ကြောင်း ယူနီဗာဆယ် ၀ဘ်ဆိုဒ် ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။